Cesare Casadei ရဲ့ ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့

" အီတလီဖရန့်လမ်းပတ် " လို့ နာမည်ကြီးနေတဲ့ Cesare Casadei [ ချီစာရယ် ကတ်ဆယ်ဒယ် ] ရဲ့ ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့
Cesare Casadei [ ချီစာရယ် ကတ်ဆယ်ဒယ် ] ဟာ လက်ရှိ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြနေတာပြီး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အီတလီသားဟာ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ခြေစွမ်းတွေ အထင်ကြီးလောက်စရာကောင်းကာ ဖရန့်ခ်လမ်းပတ်နဲ့ ကစားပုံချင်းတူနေတာကြောင့် သူ့ကို “အီတလီဖရန့်လမ်းပတ်” လို့တောင် တင်စား ခေါ်ဝေါ် နေကြပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
လန်ဒန်အသင်းအနေနဲ့ Cesare Casadei [ ကတ်ဆယ်ဒယ် ] ကို ခေါ်ယူဖို့ နီးစပ်နေပါပြီ။
ချဲလ်ဆီးအသင်းရဲ့ နွေရာသီ အသုံးစရိတ်ဟာ ရာဟင်း စတာလင်၊ ကာလီဒို ကူလီဘာလီ၊ မာ့ခ် ကူကူရယ်လာ၊ ဂါဘရီယယ် ဆလိုနီနာနဲ့ ကာနီ ချူကွယ်မက်ကာတို့အတွက် ငွေသားပေးချေပြီးနောက် လည်ပတ်မှု နှေးကွေးသွားတဲ့ အရိပ်အယောင် မတွေ့ရဘဲ တခြား အရည်အချင်းရှိ ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။
နည်းပြ သောမတ်စ်တူချယ်ရဲ့ အသင်းဟာ ချဲလ်ဆီး ဂန္တဝင် ကစားသမား ဖရန့်ခ် လမ်းပတ်နဲ့ နှိုင်းယှဥ်ထားတဲ့ ပုံစံတူကစားသမား၊ အင်တာမီလန်နဲ့ အီတလီ ယူ-၁၉ ကွင်းလယ် ကစားသမား ချီစာရယ် ကတ်ဆယ်ဒယ်ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

အင်တာမီလန် လူငယ်အသင်း အသင်းခေါင်းဆောင် ကတ်ဆယ်ဒယ်။
သတင်းရင်းမြစ်များစွာအရ Cesare Casadei [ ကတ်ဆယ်ဒယ် ] ဟာ ချဲလ်ဆီးအသင်းနဲ့ ၆ နှစ် စာချုပ်ချုပ်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး အခုအခါ နှစ်ဖက်အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးကို အပြီးသတ်ဖို့ပဲ ကျန်ပါတော့တယ်။
အီတလီလက်ရွေးစင်အသင်းအတွက် ရွှေရောင်မျိုးဆက်သစ်။
ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက ကွင်းလယ်လူတွေဖြစ်တဲ့ မာကို ဗာရတ်တီ၊ ဂျော်ဂျင်ဟိုနဲ့ နီကိုလို ဘာရယ်လာတို့က အီတလီအသင်းကို အောင်မြင်မှုရစေခဲ့ပါတယ်။ သူတို့ရဲ့ နောက်မှာတော့ မယုံကြည်နိုင်လောက်အောင် ထက်မြက်ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ ဆန်ဒရို တိုနာလီ၊ မန်နူယယ် လိုကာတယ်လီနဲ့ ဒါဗိုက်ဒ် ဖရာတယ်ဆီတို့လည်း အများအပြား ရှိခဲ့ပါတယ်။
ထို့အတူ အင်တာမီလန်နဲ့အတူ ခြေစွမ်းပြနေတဲ့ ကတ်ဆယ်ဒယ်ဟာလည်း ဆယ်ကျော်သက် အီတလီ ကွင်းလယ်ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဗဟိုကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး အီတလီရဲ့ ကစားပုံနည်းစနစ်နဲ့ နောက်ဆုံးရွှေရောင်မျိုးဆက်တွေထဲက တစ်ဦးဖြစ်ပါတယ်။

အီတလီ ယူ-၁၉ အသင်းခေါင်းဆောင် – ကတ်ဆယ်ဒယ်။
ကလပ်အသင်းဟာ ကတ်ဆယ်ဒယ်ကို ချီဇယ်နာအသင်းကနေ ခေါ်ယူခဲ့တုန်းက ၁၅ နှစ်သားသာ ရှိပါသေးတယ်။ သိပ်မကြာခင်မှာတော့ သူဟာ မျိုးဆက်တစ်ဆက်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် လိုအပ်ပါက ကွင်းလယ်ကစား ၃ ယောက်မှာ အလယ်ကနေ ကွင်းလယ်တိုက်စစ်အဖြစ်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။
ဂိုးရရှိဖို့ပါ အားထားရတဲ့ Cesare Casadei [ ကတ်ဆယ်ဒယ် ]။
ပြီးခဲ့တဲ့ ရာသီတုန်းက ကတ်ဆယ်ဒယ်ဟာ အင်မီလန်လူငယ်အသင်းရဲ့ အဓိကကစားသမား ဖြစ်ခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ ရာသီမှာ ၁၇ ဂိုးထိ သွင်းယူနိုင်ခဲ့တာကြောင့် စောင့်ကြည့်ရမယ့် အရည်အချင်းရှိ ကစားသမားလို့ ဆိုရပါမယ်။
ချီစာရယ်ဟာ အင်တာမီလန်အသင်းကို လိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီး ရိုးမားနဲ့တုန်းက သွင်းဂိုးအပါအဝင် သူ့ရဲ့ သေသပ်လှပတဲ့ သွင်းဂိုးတွေကြောင့် ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လူငယ်ကစားသမားကို ကွင်းလယ်ကနေ ဂိုးသွင်းနိုင်မှု၊ ဧရိယာထဲကို နောက်ကျ အပြေးဝင်းခြင်းတို့ကြောင့် ချဲလ်ဆီး ဂန္တဝင် ဖရန့်လမ်းပတ်နဲ့ ခိုင်းနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။ အင်တာမီလန်မှာ အဆင့်မြင့် သတ်မှတ်ခံရပြီး နွေရာသီ လေ့ကျင့်ရေးအတွက် နည်းပြ ဆီမွန် အင်ဇာဂီရဲ့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။

ခြေစွမ်းပြနေတဲ့ ချီစာရယ် ကတ်ဆယ်ဒယ်။
ဘယ်ကလပ်တွေက ကတ်ဆယ်ဒယ် ကို ခေါ် ယူဖို့ စိတ်ဝင်စားနေကြလဲ?
ဇွန်လတုန်းက ဥရောပချန်ပီယံရှစ် ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ အီတလီ ယူ-၁၉ အသင်းမှာ Cesare Casadei [ ကတ်ဆယ်ဒယ် ] ဟာ အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ဖေဘီယို မီရက်တီနဲ့အတူ အသင်းရဲ့ ကြယ်ပွင့်တွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သူ့ကိုခေါ်ယူဖို့ ၂၀၂၂ ခုနှစ်အထိ ဥရောပရှိ ကလပ်အသင်းများစွာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပေမယ့် အားလုံးထဲက ချဲလ်ဆီးအသင်းကတော့ အနိုင်ရဖို့ အလားအလာ ရှိနေပါတယ်။ လန်ဒန်အသင်းဟာ သူ့ကို ခေါ်ယူဖို့ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
သူရဲ့ပြောင်းရွှေ့ကြေးဟာ အက်စတွန်ဗီလာ လူငယ်ကစားသမား ကာနီ ချူကွယ်မက်ကာ ရဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၄ သန်း ပတ်ဝန်းကျင် နဲ့ အလားတူ ပမာဏမျိုး ဖြစ်နိုင်ပါတယ်။ အင်တာမီလန်ကတော့ စုစုပေါင်း ယူရို သန်း ၂၀ တောင်းဆိုထားကြောင်း အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။