Ballon d’Or ဆုအတွက် တစ်ယောက်တည်း ရပ်တည်နေတဲ့ ဘန်ဇီမာ
တိုက်စစ်မှူး ဘန်ဇီမာဟာ သူ့ရဲ့ ခြေစွမ်း ကောင်းမွန်မှုကြောင့် Ballon d’Or ဆုအတွက်
ပြိုင်ပွဲမှာ တစ်ယောက်တည်း ရပ်တည်နေပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ဘန်ဇီမာဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဖြစ်လာလိမ့်မယ်လို့
ယုံကြည်နေပြီး ပြင်သစ်သားက သူ့အတွက် မှန်ကန်ကြောင်း သက်သေပြနေပါတယ်။
Karim Benzema [ ကာရင် ဘန်ဇီမာ ] ဟာ Lyon [ လိုင်ယွန် ] အသင်းကနေ Real Madrid [ ရီးရဲလ်မက်ဒရစ် ] အသင်းကို ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို
၃၅ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်သားဟာ စပိန်မြို့တော်ကို စတင်ရောက်ရှိချိန်မှစ, ပြီး ၁၃ နှစ်ခန့်ကြာလာခဲ့တဲ့အချိန်မှာ ၂၀၂၂ Ballon d’Or ဆုကို ရရှိဖို့ ထင်ထင်ရှားရှား ဦးဆောင်နေတာ ဖြစ်
ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၆၀၀ မှာ ၃၂၀ ဂိုး သွင်းယူထားပြီး လော့စ်ဘလန်ကိုစ်အသင်းနဲ့
အတူ ဆုဖလားပေါင်း ၂၀ လုံးကို ဆွတ်ခူးထားပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ လောင်းရိပ်အောက်မှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီးနောက် ဘန်ဇီမာ ဟာ
နောက်ဆုံးမှာတော့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET? – Myanmar Sports
Ballon d’Or ပြိုင်ပွဲ
အခုချိန်မှာ ဘန်ဇီမာဟာ ဘာလွန်ဒေါဆုအတွက် ယှဥ်ပြိုင်ပွဲမှာ ကီလီယန်အမ်ဘာပေ၊ မိုဟာမက်ဆာလာနဲ့ ရောဘတ်လီဝန်ဒေါစကီးနဲ့ ကီဗင်ဒီဘရိုင်းနားတို့လို ခြေစွမ်း
ထက် ကစားသမားတွေနဲ့ ယှဉ်ပြိုင်လျက် ရှိနေပါတယ်။ အထက်ဖော်ပြပါဆုကို ဆွတ်ခူးခြင်းဟာ ဘန်ဇီမာအတွက် ကြီးမားတဲ့ ဆုကြေးငွေကို ရရှိစေမှာ ဖြစ်ပြီး သူ့ရဲ့
စာချုပ်ပါ အပိုဒ်များကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်နဲ့ ဘန်ဇီမာတို့ကြား နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုမှာ တိုက်စစ်မှူးရဲ့ အသင်းနဲ့ လက်ရှိစာချုပ်ကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ကြပါ
သေးတယ်။ ဒါပေမယ့် ကစားသမားနဲ့ အသင်း နှစ်ဦးစလုံးဟာ လာမယ့်လ အနည်းငယ်အတွင်း ကစားသမားရဲ့ တုံ့ပြန်မှုကို စောင့်မျှော်ကြည့်ရှုဖို့ သဘောတူခဲ့ကြပါ
တယ်။ တကယ်လို့ ဒီဆုကို ဘန်ဇီမာရခဲ့မယ်ဆိုရင် တရားမျှတမယ်လို့ ရီးရဲလ်မက်ဒရစ်က ယုံကြည်နေပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ဆုပေး စင်မြင့်ပေါ်ကို တစ်ခါ
မှ မတက်ဖူးသေးပါ။
ပြီးခဲ့တဲ့နှစ် ဒီရွှေဘောလုံးဆုအတွက် ဘန်ဇီမာဟာ လီယွန်နယ်မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ ဂျော်ဂျင်ဟိုတို့နောက် စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။
Benzema ရဲ့ စွမ်းဆောင်မှုများ
ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် မန်းစီးတီးအသင်းနဲ့ ချန်ပီယံစ်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းပွဲစဥ်မတိုင်ခင် ဒီအပတ်မှာ LaLiga Santander
title [ လာလီဂါ အမှတ်ပေးဖလား ] ကို ဆွတ်ခူးနိုင်ဖို့ အခြေအနေ ရှိနေပါတယ်။
ဘန်ဇီမာဟာ ဒီရာသီ လာလီဂါမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဥရောပမှာလည်း ၁၄ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ ဂိုး ၄၀
ကျော်သွင်းယူပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်ထိ ပြုလုပ်ထားပါတယ်။
သူဟာ ပြင်သစ်အသင်းနဲ့အတူ UEFA Nations League ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိမှာ လီဝန်ဒေါစကီးနဲ့ စီရို အင်မိုဘီလီတို့ရဲ့ နောက် ဥရောပရွှေဖိနပ်ဆု
အတွက် တတိယနေရာမှာ ရပ်တည်နေပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ စပိန်နဲ့ ဥရောပသွင်းဂိုးတွေကြောင့် ဥရောပရွှေဘောလုံး ဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြပါတယ်။
အခုနှစ် ဖီဖာအဆင့်သတ်မှတ်ချက်မှာ နိုင်ငံပေါင်းတစ်ရာက သတင်းထောက်များသာ မဲပေးကြမှာ ဖြစ်ပြီး တစ်ဦးချင်းစွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားကာ စု
ပေါင်းအောင်မြင်မှုတွေနဲ့ အားကစားစွမ်းရည်တို့ကို ထည့်သွင်းစဉ်းစားမှာဖြစ်တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဘန်ဇီမာဟာ ရာအူးလ်ဂွန်ဇာလက်ဇ် (၃၂၃) ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာ
ဖြစ်ပါတယ်။ နည်းပြကြီး အန်ဆယ်လော့တီ ရီးယဲလ်မက်ဒရစ်ကို ဒုတိယအကြိမ် ပြန်ရောက်လာချိန် ကလပ်မှာ သူ့ရဲ့ ကစားပုံနဲ့ လုံးဝကွဲပြားတဲ့ တိုက်စစ်မှူး ဘန်ဇီမာ
ကို တွေ့ရှိခဲ့ပါတယ်။ ပိုပြီး ရင့်ကျက်တဲ့ ကစားသမားတစ်ယောက်၊ ပိုပြီး တာဝန်သိပြီး သူ့အသင်းဖော်တွေကို စုပေါင်းအောင်မြင်မှုဆီ ခေါ်ယူနိုင်စွမ်း သူ့မှာရှိတာကို
တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါအပြင် ရော်နယ်ဒို နာဇာရီယို၊ ရီယိုဖာဒီနန် နဲ့ အိုဇေးလ်ကလည်း ဘန်ဇီမာဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြပါ
တယ်။
ဒိတ်ဒိတ်ကြဲ တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီမာကတော့ ဘာလွန်ဒေါဆု ရသင့်နေပါပြီ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်ကအသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေး
ကြပါဦး ခင်ဗျ။