ကစားသမားဘဝကို မက်ဒရစ်မြို့မှာ အဆုံးသတ်မယ့် Luka Modric [လူကာမိုဒရစ်]

Luka Modric
April 30, 2022

ဂန္တဝင် ကွင်းလယ်ဗိုလ်ချုပ် Luka Modric [လူကာမိုဒရစ်] ဟာ သူ့ရဲ့ ကစားသမားဘဝကို

ရီးယဲလ် မက်ဒရစ်အသင်းမှာပဲ ကုန်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

Luka Modric [လူကာမိုဒရစ်] ဟာ လာလီဂါကလပ်အသင်းကြီးတွေနဲ့  စာချုပ်သက်တမ်းတိုးဖို့ ပြဿနာမရှိလို့ ပြောကြားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ လူကာမိုဒရစ်ရဲ့ ကစားသမားဘဝကို ကုန်ဆုံးမှာ ဖြစ်ကြောင်း နည်းပြ ကားလိုအန်ဆယ်လော့တီက အတည်ပြုပြောကြားခဲ့ပါတယ်။ နည်းပြကြီး အန်ဆယ်လော့တီက ရာသီကုန်မှာ ကွင်းလယ်ကစားသမားရဲ့  စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် လူကာမိုဒရစ်ကတော့  မက်ဒရစ်မြို့မှာပဲ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်မယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

 

မိုဒရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီက လာလီဂါ ကလပ်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းခဲ့ပေမယ့် ကလပ်အသင်းနဲ့ ဝါရင့်ကစားသမားကြား စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်းမှုမှာ အပြီးသတ်နိုင်ခြင်းမရှိသေးပါ။ ဒါပေမယ့် အန်ဆယ်လော့တီက ခရိုအေးရှားသားရဲ့ အသင်းနဲ့ စာချုပ်ကို သက်တမ်းတိုးရာမှာ ပြဿနာ ရှိမှာ မဟုတ်ဘူးလို့ ပြောကြားပြီး သူ့ကို အေစီမီလန် ဂန္တဝင် နောက်ခံလူ ပေါ်လိုမာလ်ဒီနီနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လော့စ်ဘလန်းကို့စ် နည်းပြ အန်ဆယ်လော့တီက ” လူကာမိုဒရစ်က သူ့ရဲ့ကစားသမားဘဝကို Real Madrid [ ရီးယဲလ်မက်ဒရစ် ] မှာပဲ  အပြီးသတ်တော့မှာပါ။ ဘယ်တော့ဖြစ်လာမလဲတော့ မသိပေမယ့် ဒါက ကလပ်နဲ့ လူကာ တို့ရဲ့ စိတ်ကူးပါ။ ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရိုအေးရှား ကွင်းလယ်လူဟာ ၂၀၁၂ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါး အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အခုနှစ် ရာသီအထိ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ဗဟိုကို ထိန်းချုပ်ထားနိုင်သူ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဥ်အဖြစ် ချဲလ်ဆီးအသင်းကို ကျော်ဖြတ်နိုင်အောင် ကူညီပေးရာမှာ ဝါရင့် ကွင်းလယ် ကစားသမားဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ချန်ပီယံစ်လိဂ် ၁၃ ကြိမ် အနိုင်ရရှိတဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းကို  အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာရတော့မလို ဖြစ်ခဲ့ရပါတယ်။

 

ဒါပေမယ့်လည်း ကာရင်ဘန်ဇီမာက အချိန်ပိုမှာ ဂိုးမသွင်းခင် ကွင်းလယ်လူ မိုဒရစ်က ပထမချေပဂိုးဖြစ်လာမယ့် ရိုဒရီဂိုရဲ့ဂိုးကို ပရိတ်သတ်အားလုံး အံ့အားသင့်လောက်တဲ့ ပုံစံနဲ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ တွေ့ဆုံဖို့ ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Luka Modric

ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဥ်မှာ လူကာမိုဒရစ် က ရိုဒရီဂိုဆီ ဂိုဖန်းတီးမှု ပြုလုပ်ပေးနေစဥ်။

Thomas Tuchel [သောမတ်စ်တူချယ်] ရဲ့ ချဲလ်ဆီး အသင်းကို အနိုင်ရပြီးနောက် မိုဒရစ်က အားကစား ချန်နယ်  BT Sport ကို  ပြောကြားရာမှာ လူကာမိုဒရစ်က

“ ဒီပွဲစဥ်ကို ဖော်ပြရတာ မယုံနိုင်စရာပါပဲ။ ဂိုးမသွင်းခင်အထိ ကျွန်တော်တို့ အသင်း ကစားကွက် တည်မရခဲ့ဘူး။ “

“ ချဲလ်ဆီးအသင်းက သုံးဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ ခံစစ်ကနေ အနည်းငယ် ကံကောင်းခဲ့ပါတယ်။ “

“ ကျွန်တော်တို့ ကစားပုံ မကောင်းဘူးလို့ မပြောနိုင်ပါဘူး။ သူတို့ရဲ့ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချပြီး ဂိုးတွေ သွင်းခဲ့ပါတယ်။ “

”  ငါတို့ အရှုံးမပေးဘူး။ ငါတို့က ယုံကြည်မှုတွေ အပြည့်နဲ့ တိုက်ပွဲဝင်ပြီး နောက်ဆုံးမှာ ကောင်းမွန်တဲ့ ပုံစံကို ပြသခဲ့တယ်။ “

Luka Modric

၂၀၁၈ ခုနှစ်က လူကာမိုဒရစ် Ballon D’Or ဆု ရရှိခဲ့စဥ်။

စပါးကွင်းလယ် ကစားသမားဟောင်းဟာ မက်ဒရစ်မှာ ၁၀ နှစ်ကြာ ကစားခဲ့စဉ်အတွင်း အသင်းအတွက် ပြိုင်ပွဲစုံ ၄၂၈ ပွဲကစားခဲ့ပြီး ၃၁ ဂိုး သွင်းယူထားပါတယ်။

သူဟာ မက်ဒရစ်အသင်းနဲ့အတူ  လာလီဂါ နှစ်ကြိမ်၊ ချန်ပီယံလိဂ် လေးကြိမ်၊ Copa Del Rey တစ်ကြိမ်တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် တစ်ဦးချင်း

အကောင်းဆု အနေနဲ့ Balon D’Or ဆုကို ၂၀၁၈ မှာ ထူးထူးခြားခြား ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ်။

 

Diario AS နဲ့  Deportes Cuatro က တင်ပြထားတဲ့ အချက်အလက်တွေအရ ရီးရဲလ်မက်ဒရစ်ဟာ မိုဒရစ်ရဲံ စာချုပ်ကို ၂၀၂၃ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ကစားသမားရဲ့ အဆင့်ဟာ အခုအချိန်ထိ မြင့်မားနေဆဲ အခြေအနေမှာ ရရှိနေသေးတာကြောင့် အသင်းက သူ့ကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

 

အန်ဆယ်လော့တီရဲ့ အသင်းဟာ တနင်္ဂနွေနေ့မှာ ဆီဗီလာအသင်းနဲ့  သွားရောက်ယှဥ်ပြိုင်တဲ့အခါ  အမှတ်ပေးဖလားရယူဖို့ နောက်ထပ်ခြေတစ်လှမ်းကို လှမ်းဖို့ ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment