ရီးယဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သေချာသလောက်ဖြစ်နေတဲ့ ရူဒီဂါ [ Antonio Rudiger – Real Madrid ]

Antonio Rüdiger
April 25, 2022

 

ချဲလ်ဆီးအသင်း နောက်ခံလူ ရူဒီဂါဟာ ရီယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်ချုပ်ဖို့

နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ  ဖြစ်ပါတယ်။

 

 

Antonio Rüdiger [ အန်တိုနီယို ရူဒီဂါ ] ရဲ့  အနာဂတ်နဲ့ ပတ်သက်လို့ ရက်သတ္တပတ်အတော်ကြာ ကောလာဟလများစွာ ထွက်ပေါ်နေခဲ့ပြီး လက်ရှိ ချဲလ်ဆီးအသင်းနဲ့

ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

 

ဝက်စဟမ်းအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ် အပြီးမှာ သောမတ်စ် တူချယ်က နောက်ခံလူနဲ့ လန်ဒန်အသင်းတို့ကြား ဇာတ်လမ်းအဆုံးသတ်ပြီ

ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

နည်းပြ တူချယ်က ” အမှန်တကယ်ကတော့ ဂျာမနီ နောက်ခံလူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဆိုတာနဲ့  အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ “

Roman Abramovich [ အသင်းပိုင်ရှင် ရုရှားသား ရိုမန် အီဘရာမို့ဗစ် ] ကလည်း နိုင်ငံရေးအရ ဆက်ရှင် ပြသနာတွေကြောင့် ပိုင်ဆိုင်မှု ရှယ်ယာတွေကို ရပ်ဆိုင်း

လိုက်ပြီးနောက် နောက်ခံလူကို ငွေကြေးအရ ညှိယူနိုင်ခြင်း မရှိတော့ပါဘူး။ ” လို့ ရှင်းပြခဲ့ပါတယ်။

 

 

👇  1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

 

Promo code (ပရိုမိုကုဒ်) 👉  MMSPORT100 👈  ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

 

 

👉အကောင့်ဖွင့်နည်း 👈

 

How to register in 1XBET? – Myanmar Sports

 

 

 

အဲ့နောက်မှာ နည်းပြက ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ ရောက်ရှိလာတဲ့ နောက်ခံလူကို “သူဟာ ဒီနေ့အထိ မယုံနိုင်လောက်စရာ

စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့ ထိုက်တန်ပါတယ်။ သူ ကျွန်တော်ကိုင်တွယ်တဲ့ အသင်းမှာ ရှိနေပြီး နည်းပြခွင့်ရ

လို့ တကယ် ဝမ်းသာမိပါတယ်။ ဘာလို့လဲဆိုတော့ သူက ထက်မြက်တဲ့ ကစားသမား ဖြစ်နေလို့ပါပဲ။ “လို့ ချီးကျူးလိုက်ပါတယ်။

 

 

ဂျာမနီ လက်ရွေးစင် ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ PSG [ ပဲရစ်စိန့်ဂျာမိန်း ]၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာ ယူနိုက်

တက်နဲ့ ဂျူဗင်တပ်စ်တို့လို အသင်းကြီးတွေ ပါဝင်နေပါတယ်။ ဒါပေမယ့်  Sky Sports  [ အားကစားသတင်း ချန်နယ် ] ရဲ့ ဖော်ပြချက်တွေအရ ကစားသမားဟာ

အလွတ်ပြောင်းရွှေ့ကြေးနဲ့  Merengues [ ရီးယဲလ်မက်ဒရစ် ] အသင်းကို သွားသင့်တယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။

 

 

Antonio Rüdiger

Tuchel confirmed that Antonio Rüdiger will leave Chelsea in the end of season

 

 

အသက် ၂၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ မက်ဒရစ်အသင်းက ထိပ်ဆုံးမှာ ဦးဆောင်နေတယ်လို့ သိရှိရပါတယ်။

မက်ဒရစ်အသင်းဟာ နောက်ခံလူကို သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပေမယ့် ယူနိုက်တက်အသင်းကတော့ ကစားသမားကို 

အိုးလ်ထရက်ဖို့ဒ်ဆီ ဆွဲဆောင် ခေါ်ယူဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

 

Stamford Bridge [ ချဲလ်ဆီး အိမ်ကွင်း ] ကနေ ထွက်ခွာမယ်ဆိုတဲ့  ရူဒီဂါရဲ့ ဆုံးဖြတ်ချက်ဟာ အသင်းရဲ့ အနာဂတ် မရေရာမှုတွေနဲ့ သက်ဆိုင်နေပါတယ်။

လက်ရှိမှာ ချဲလ်ဆီးအသင်းဟာ အသင်းပိုင်ရှင်က ယူကေ အစိုးရရဲ့ ပိတ်ဆို့အရေးယူခံရခြင်းကြောင့် ပိုင်ရှင်အသစ်တစ်ယောက်ဆီ လွှဲပြောင်း ရောင်းချရမယ့် အနေ

အထား ရှိနေတာ ဖြစ်ပါတယ်။

 

နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂျာမနီလက်ရွေးစင်ကစားသမားဟာ အခုလို နိုင်ငံရေး ပိတ်ဆို့အရေးယူမှုတွေ မရှိခင်က တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့

စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ခံလူက ဒီထက် ကြီးမားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ တောင်းဆိုလာချိန်မှာတော့ ချဲလ်ဆီး

အသင်းအနေနဲ့ လိုက်လျောပေးနိုင်ခြင်း မရှိတော့ပါ။

 

ဘယ်လိုပဲဖြစ်ဖြစ် နောက်ခံလူ ရူဒီဂါက ရာသီကုန်အထိ အသင်းအတွက် အပြည့်အဝ  ပေးဆပ်သွားဖို့ ကတိကဝတ် ပြုထားတယ်လို့ နည်းပြ တူချယ်က အားမခံထား

ပါတယ်။ Los Blancos [ ရီးယဲလ် မက်ဒရစ် အသင်း ] ကတော့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ခေါ်ယူဖို့ ရာသီကုန်အထိ စောင့်ဆိုင်သွားမှာဖြစ်တယ်လို့ သိရှိရပါ

တယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment