၁၀ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားကို သိမ်းပိုက်လိုက်တဲ့ ဘိုင်ယန်မြူးနစ် ( Bayern Munich )

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်ကို Der Klassiker ( ဂျာမန်ဒါဘီ ) ကလက်ဆီကာမှာ အနိုင်ယူပြီး
၁၀ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Bayern Munich ( ဘိုင်ယန်မြူးနစ် ) အသင်းဟာ သူတို့ရဲ့ အဓိကပြိုင်ဘက် ဒေါ့မွန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး ၁၀ နှစ်ဆက်တိုက် ( Bondesliga Champions )
ဘွန်ဒက်လီဂါဖလားကို စံချိန်တင်ရရှိကာ ဆယ်စုနှစ်တစ်ခုကြာအောင် စိုးမိုးနိုင်ခဲ့ပါတယ်။
Serge Gnabry [ ဂနာဘရီ ]၊ Robert Lewandowski [ လီဝန်ဒေါစကီး ]နဲ့ Jamal Musiala [ မာစီယာလာ] တို့ရဲ့ သွင်းဂိုးတွေကြောင့် ဘိုင်ယန်မြူးနစ်ဟာ ဒုတိယ
နေရာက ဒေါ့မွန်အသင်းကို ၁၂ မှတ်အထိ ဖြတ်တောက်ခဲ့ပြီး ရာသီလက်ကျန် ၃ ပွဲကစားခဲ့ရပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်ကတည်းက မြူးနစ်မှာ တစ်ပွဲမှ အနိုင်မရခဲ့တဲ့
ဒေါ့မွန်အသင်းကို ၈ ကြိမ်မြောက် အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ လိဂ်အောင်ပွဲပဲ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 
Promo code (ပရိုမိုကုဒ်)
MMSPORT100
ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အကောင့်ဖွင့်နည်း 
How to register in 1XBET? – Myanmar Sports
ဘိုင်ယန်အသင်းရဲ့ ၁၀ ကြိမ်မြောက် ဂျာမန်ချန်ပီယံဆုဖလားဟာ ဥရောပထိပ်တန်းလိဂ် ငါးခုမှာ စံချိန်တင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်
အထိ စီးရီးအေ ချန်ပီယံဆုဖလား ကိုးကြိမ်ဆက်တိုက် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘိုင်ယန် ကစားသမားတွေဟာ အောင်ပွဲခံတဲ့ ဓလေ့ထုံးတမ်းစဉ်လာ
ကို ဘီယာတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နောက်ခံလူ Benjamin Pavard [ ဘန်ဂျမင် ပါဗတ် ] ဟာ နည်းပြ Julian Nagelsmann [ ဂျူလီယန် နာဂယ်စ်မန်း ]ရဲ့ ပထမ
ဆုံး အကြိမ် ချန်ပီယံ ဖြစ်ခဲ့ ပြီးနောက် နည်းပြကို ဘီယာနဲ့ ပတ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

Parvard wraps his beer around Nargelsmann
ဒေါ့မွန်အသင်းဟာ Bavarian အင်အားကြီးအသင်းကို လိုက်မီဖို့ မျှော်လင့်ချက်အနည်းငယ်သာ ကျန်တော့ပြီး Marco Rose [ မာကိုရို့စ် ] ရဲ့ ကစားသမားတွေဟာ သူ
တို့ပြိုင်ဘက်တွေ ချန်ပီယံ အောင်ပွဲခံမှာကို တားဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဧည့်သည်ကစားသမားတွေဟာ တစ်ဦးချင်းအမှားတွေကြောင့် ချန်ပီယံ အခွင့်
အရေးတွေကို လွဲချော်ခဲ့ရပါတယ်။
ပထမပိုင်းပြီးဆုံးခါနီးမှာ ဒိုင်လူကြီး Daniel Siebert [ ဒန်နီယယ် စီးဘတ် ] ဟာ ရို့စ် နဲ့ အမ်မရီ ကန်တို့ရဲ့ ဒေါသတကြီးတုံ့ပြန်မှုကြောင့် အဝါကတ်ပြ သတိပေးခဲ့ပါ
တယ်။ ပွဲကစားချိန် ၁၅ မိနစ်မှာ ဘိုင်ယန်မြူးနစ်က ပထမထောင့်ကန်ချက်ကနေတဆင့် လီယွန်ဂိုရက်ဇ်ကာက ဂိုဧရိယာရှေ့ကို ခေါင်းတိုက်ချပေးလိုက်ပါတယ်။ ကျ
လာတဲ့ ဘောလုံးကို ဂျာမနီတိုက်စစ်မှူး ဂနာဘရီက ပေါင်နဲ့အသာလေးထိန်းပြီး မြေမကျဘော ကန်းသွင်းကာ အဖွင့်ဂိုးကို ရယူလိုက်ပါတယ်။
Erling Haaland [ အာလိန်း ဟာလန်း ] ဟာ ဒေါ့မွန်အတွက် အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပြီး ပွဲချိန် ၃၀ မိနစ်မှာ ဂနာဘရီရဲ့ သွင်းဂိုးကို VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ လူ
ကျွံဘောဆိုပြီး ပယ်ချလိုက်ပါတယ်။ ဧည့်သည်တွေက ပိုအရေးတကြီး လေးလေးနက်နက် ကစားလာတဲ့အခါ ဒုတိယပိုင်းအစမှာ ဒေါ့မွန်ရဲ့ မျှော်လင့်ချက်တွေကို ပြန်
လည်အသက်ဝင်လာအောင် ပင်နယ်တီကနေ ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ခံလူ ပါဗတ်ဟာ ဘယ်လင်ဟန်ကို ဖြတ်ထုတ်ဖို့ ကြိုးပမ်းစဉ်မှာ
ဖြစ်နိုင်ခြေရှိတဲ့ ပင်နယ်တီကို ပယ်ချခံခဲ့ရပါတယ်။
ဟာလန်းက ဒေါ့မွန်အတွက် ချေပဂိုးပြန်သွင်းဖို့ နီးစပ်ခဲ့ပေမယ့် မာစီယာလာ က ပွဲချိန် ၈၃ မိနစ်မှာ ဘိုင်ယန်အသင်းအတွက် တတိယမြောက် အနိုင်ဂိုးကို သွင်းယူပေး
ခဲ့ပြီး ၃-၁ ဂိုး ရလဒ်နဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။