တန်ဟတ် – ရော်နယ်ဒိုဆိုရင်တောင် ကျွန်တော့်ရဲ့အမြင်ကို မပြောင်းလဲနိုင်ဘူး။

Erik ten Hag and ronaldo
April 23, 2022

 

တန်ဟတ် က ရော်နယ်ဒိုအတွက်ဆိုရင်တောင် ကျွန်တော့်ရဲ့  ‘အမြင်’ ကို

ပြောင်းလဲမှာမဟုတ်ဘူးလို့ အခိုင်အမာပြောလိုက်ပါတယ်။

 

 

 

အဲရစ်ဆယ်ဟက်က အိုးထရက်ဖို့ဒ်မှာ တာဝန်ယူပြီးတာနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုအပါအဝင် မန်ချက်စတာယူနိုက်တက်ကစားသမားတွေအတွက် သူ့ရဲ့အမြင်ကို

ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

 

 

လက်ရှိ အေဂျက်စ်အသင်းနည်းပြချုပ်ကို ယူနိုက်တက်ရဲ့ နောက်ထပ်နည်းပြအဖြစ် အတည်ပြုလိုက်ပြီဖြစ်ပြီး ရာသီကုန်တာနဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်မှာ

ဖြစ်ပါတယ်။

 

 

သရဲနီတွေဟာ လက်ရှိဘောလုံးရာသီရဲ့ ပွဲစဥ် အများစုကို ရော်နယ်ဒိုကို မှီခိုပြီး ကစားခဲ့ကြပါတယ်။ ဒါ့ကြောင့်မို့လို့  နည်းပြသစ် Ten Hag ရဲ့ အစီအစဉ်တွေမှာ ကြယ်

ပွင့်တိုက်စစ်မှူးဟာ ဘယ်လို လိုက်လျောညီထွေဖြစ်မှာကို  ဆွေးနွေး ငြင်းခုံမှုတွေ အများကြီး ရှိခဲ့ပါတယ်။

 

 

👇  1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

 

Promo code (ပရိုမိုကုဒ်) 👉  MMSPORT100 👈  ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

 

 

👉အကောင့်ဖွင့်နည်း 👈

How to register in 1XBET? – Myanmar Sports

 

 

 

နယ်သာလန်သား နည်းပြက ရော်နယ်ဒိုအပါအဝင် သူ့ရဲ့ ကစားချင်တဲ့ ခံယူချက်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

 

 

နည်းပြ တန်ဟတ်က

 

“ငါ အဲဒီ့မှာ ငါစိတ်တိုင်းကျ နေမှာပါ။ ငါ့အမြင်ကို ပြောင်းလဲမှာမဟုတ်ဘူး။ ငါသူတို့ [ကစားသမားကြီးတွေ] သူတို့ရဲ့ တာဝန်ကို ငါပြောပြပြီး အဲဒီအလုပ်တွေကို မလိုက်

နာတဲ့သူက ဘယ်သူပဲဖြစ်ပါစေ ငါ့ဆီက ဆူပူသံတွေ ကြားရလိမ့်မယ်။” လို့ ပြောထားပါတယ်။

 

ခရစ်တီယာနို ရော်နယ်ဒိုကရော မန်ချက်စတာ ယူနိုက်တက်မှာ အဲရစ် တန်ဟတ် ရဲ့ အစီအစဉ်တွေနဲ့ ဘယ်လို အံဝင်ခွင်ကျဖြစ်အောင် ကစားမလဲဆိုတာ စောင့်ကြည့်ရ

မှာပါ။ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီရာသီမှာ သရဲနီတွေရဲ့ ကယ်တင်ရှင် ဖြစ်ခဲ့ပါတယ်။ ဧပြီလ ၁၅ ရက်နေ့က ပရီးမီးယားလိဂ်မှာ Norwich City  ( နော့

ဝှစ်ချ် အသင်း ) ကို ၃-၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ သူ့ရဲ့နောက်ဆုံးဟက်ထရစ်သွင်းဂိုးတွေဟာ သက်သေပါပဲ။

 

 

Cristiano Ronaldo

Cristiano Ronaldo’s hat – trick against Norwich

 

 

ဒါပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း Ole Gunnar Solskjaer [ အိုလီဂန်နာ ဆိုးရှား ] လက်ထက်မှာ ကစားခဲ့တဲ့ပုံစံနဲ့ ပတ်

သက်ပြီး အဟန့်အတားဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ခေါ်ယူမှုဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းနဲ့ နှိုင်းယှဉ်ရင် အသင်းအတွက် စံနှုန်းတွေ ကြီးမားတဲ့ ကွာခြားချက်ကို ပြသ

နေပါတယ်။

 

 

အသစ်ခန့်အပ်ခံရတဲ့ ယူနိုက်တက် နည်းပြ တန်ဟတ်ဟာ ရော်နယ်ဒိုကို သူ့ရဲ့ ကစားကွက် ဖွဲ့စည်းပုံမှာ ဘယ်လိုပေါင်းစပ်ပြီး ပွဲထုတ်မလဲ ပုံမှန်ပွဲကစားချိန်ရော ရရှိနိုင်

ပါ့မလားဆိုတာကို ပရိတ်သတ် အားလုံးက စိတ်ဝင်စားနေကြပါတယ်။ ဖာဘရီဇီယို ရိုမီနိုကတော့ ရော်နယ်ဒိုဟာ မကြာခင် အသစ်ရောက်ရှိလာမယ့် နည်းပြသစ်ရဲ့ 

အကောင်အထည်ဖော်မယ့် ပရောဂျက်နဲ့ ပတ်သက်ပြီး စောင့်ဆိုင်းနေကြောင်း ရှင်းပြခဲ့ပါတယ်။

(၅) ကြိမ် Ballon d’Or ဆုရှင်ရဲ့  အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ထပ် တစ်နှစ်ကျန်ရှိနေပါသေးတယ်။

 

 

 

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးဖို့ နီးစပ်နေပါတယ်။ သူတို့ဟာ တစ်ပွဲကြို ကစားပြီးနောက် အဆင့် ၄ နေရာက တော့တင်ဟမ်

ဟော့စပါးအသင်းထက် ၇ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

သရဲနီတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး [ ရော်နယ်ဒို ] ဟာ ဒီစနေနေ့ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ မွေးကင်းစ

ကလေးငယ် ကွယ်လွန်သွားပြီးနောက် သီတင်းပတ်လယ်ပိုင်းတုန်းက  လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

 

 

မန်ချက်စတာယူနိုက်တက် ကစားသမားအများစုက ရာသီကုန်ဖို့ကို စိတ်အားထက်သန်နေကြပုံပါပဲ။ ဒါဟာ အင်္ဂါနေ့ညက သူတို့ရဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ တိုက်

စစ်မှူး မပါဘဲ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ အကဲဖြတ်တာ သေချာပါတယ်။ သူတို့က လီဗာပူးလ်အသင်းကို ၄-၀ ဂိုး နဲ့ရှုံးပြီး တစ်ပွဲလုံးမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂

ကြိမ်ပဲ ရှိခဲ့ပါတယ်။

 

 

ဒါပေမယ့်လည်း စူပါစတားရဲ့ ပြန်လာမှုဟာ ထိပ်ဆုံးလေးသင်းအဆင့်အတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာစေနိုင်မယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ စွမ်းဆောင်

ရည်တွေနဲ့ နည်းပြသစ် တန်ဟတ်ကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment