Mane [ မာနေး ]ကို ခေါ်ယူလိုက်တဲ့ ဘိုင်ယန်။

Sardio Mane to Bayen Munich
June 22, 2022

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းက Sadio Mane [ ဆာဒီယိုမာနေး ] ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

Mane [ ဆာဒီယိုမာနေး ] ဟာ လီဗာပူးလ်အသင်းကနေ ဘိုင်ယန်မြူးနစ်ကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ဂျာမန်ချန်ပီယံအသင်း‌က ယူရို ၄၁ သန်းထိ ကုန်ကျမှုနဲ့ အပြီးသတ် သဘောတူညီမှု ရရှိသွားတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဆာဒီယို မာနေးဟာ ဘွန်ဒက်လီဂါချန်ပီယံအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ သုံးနှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ ဆီနီဂေါတိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကနေ ကမ်းလှမ်းမှုများအများအပြားရှိခဲ့ပေမယ့် လီဗာပူးလ်အသင်းဘက်က ဆက်လက်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး မာနေးကို ဂျာမနီကလပ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၂၀၂၁/ ၂၀၂၂ ရာသီ အောင်မြင်မှု

ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁/ ၂၀၂၂ ရာသီမှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေး ချန်ပီယံဆုကိုသာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့တာကြောင့် သူတို့ရဲ့ ရှေ့တန်း တိုက်စစ်ပိုင်းကို အားကောင်းလာစေဖို့အတွက် တိုက်စစ်ကစားသမားတစ်ဦးအတွက် စျေးကွက်မှာ ရှာဖွေနေခဲ့ပါတယ်။

ဂိုးသွင်းအများဆုံးကစားသမား Robert Lewandowski [ ရိုဘတ် လီဝန်ဒေါစကီး ] ဟာ Allianz Arena [ ဘိုင်ယန်အိမ်ကွင်း ] မှာ ၈ နှစ်ကြာ ကစားခဲ့ပြီး အသင်းကနေ ထွက်ခွာလိုကြောင်း ကြေငြာခဲ့ပါတယ်။ Serge Gnabry [ ဆာ့ချ် ဂနာဘရီ ] ကလည်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုပြီးနောက် အချိန်အတော်ကြာအောင်တော့ အသင်းမှာ ရှိနေနိုင်မှာ မဟုတ်ပါဘူး။

Sardio Mane to Bayen Munich

ဘိုင်ယန်အသင်းနဲ့ ၂၀၂၅ အထိ သုံးနှစ်စာချုပ်ချုပ်ဆိုလိုက်တဲ့ မာနေး။

အသင်းရဲ့ မျှော်လင့်လို့မရတဲ့ တိုက်စစ်ကစားသမားတွေကြောင့် ဘိုင်ယန်အသင်းဟာ နောက်ထပ် ကမ္ဘာ့အဆင့်မီကစားသမားတစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေ့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ် တိုက်စစ်မှူး မာနေးကို ခေါ်ယူဖို့ ဦးစားပေးလုပ်ဆောင်မှုတစ်ခု ဖြစ်ခဲ့ပြီး ဆီနီဂေါတိုက်စစ်မှူးဟာ သူတို့ရှာဖွေနေတဲ့ အရည်အချင်း အတိအကျရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကနဦးမှာ ကစားသမားအတွက် ကမ်းလှမ်းမှု နှစ်ခုကို ပယ်ချခဲ့ပြီး အဲ့ဒီအထဲက ဒုတိယတစ်ခုကတော့ “ရယ်စရာကောင်းတယ်” လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ လီဗာပူးလ်အသင်းဟာ လာမယ့်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆာဒီယို မာနေးအတွက် ပြောင်းရွှေ့ကြေးကို မတန်တဆ သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။

ဒုတိယလေလံကတော့ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရှိလာခဲ့ပြီး ယူရို ၂၇.၅ သန်း ကြိုပေးကာ ကျန်တာတွေကို ဘောနပ်စ်ပေးချေမှုတွေနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြောင်းရွှေ့ကြေးနှုန်းက မြင့်တက်သွားတယ်။

Medical check to Sardio Mane at Bayen Munich

ဆေးစစ်ဆေးမှုခံယူနေတဲ့ ဆာဒီယို မာနေး။

လီဗာပူးလ်အသင်းမှာ Sadio Mane [ မာနေး ] ရဲ့ စွမ်းဆောင်ရည်များ

မာနေးဟာ ၂၀၁၆ ခုနှစ် အခုလို နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေး ၄၁ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ ပထမဆုံးသော ဝှက်ဖဲတစ်ခုအနေနဲ့ စာရင်းသွင်းခဲ့ပြီး အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ဆက်လက်ဖွဲ့စည်းခဲ့ပါတယ်။ 

တိုက်စစ်မှူး မာနေးဟာ အန်ဖီးလ်မှာ ရှိနေစဉ်အတွင်း ပြိုင်ပွဲစုံ ၂၆၉ ပွဲမှာ ဂိုးပေါင်း ၁၂၀ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု စုစုပေါင်း ၄၈ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ လီဗာပူးလ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံစ်လိဂ်ဖလား ၁ ကြိမ်၊ အင်္ဂလန်ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကာရာဘောင်းဖလား ၁ ကြိမ်၊ ကမ္ဘ့ာကလပ်ဖလား ၁ ကြိမ်နဲ့ ဥရောပ စူပါဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Sardio Mane's all trophies with Liverpol

လီဗာပူးလ်အသင်းနဲ့အတူ မာနေးရယူခဲ့တဲ့ ဆုဖလားများ။

အဲ့အချိန်တုန်းက ဆီနီဂေါသားဟာ အသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူကာ မိုဟာမက်ဆာလာ၊ ရောဘတ်တိုဖာမီနို၊ ဒီယိုဂိုဂျိုတာနဲ့ လူးဝစ်ဒီယက်ဇ်တို့နဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။

ဆာဒီယို မာနေး ပါဝင်လာတဲ့ ဘိုင်ယန်အသင်း

ဂိုးသမား မန်နူရယ် နော်ယာကတော့ ပုံမှန်အတိုင်း အသင်းမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး မကြာသေးခင်က ဂိုးသမားဟာ အသင်းနဲ့ ၂၀၂၃/ ၂၀၂၄ ရာသီအကုန်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အေဂျက်စ်အသင်းရဲ့ မော်ရိုကို ညာနောက်ခံလူ နော်ဆယ် မတ်ဇရိုအီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာကြောင့် အသင်းအနေနဲ့ နောက်တန်းမှာ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုရှိလာမှာ ဖြစ်ပါတယ်။

Bayen Munich's possible line up with Sardio Mane

ဆာဒီယိုမာနေး ပါဝင်လာတဲ့ ဘိုင်ယန်ရဲ့ ဖြစ်နိုင်ခြေ လူစာရင်း။

ကွင်းလယ်မှာဆိုရင် ကလပ်အသင်းမှာရော ဂျာမနီလက်ရွေးစင်အသင်းမှာပါ အတူတူ လက်တွဲလာခဲ့ကြတဲ့ ဂျိုရွှာ ကင်မစ်ရှ်နဲ့ လီယွန် ‌ဂေါ်ရတ်ဇကာတို့က နားလည်မှုရရှိပြီး ကွင်းလယ်အတွဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသစ်ခေါ်ယူလိုက်တဲ့ အေဂျက်စ်ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘာ့ချ်ကြောင့် ဂေါ်ရတ်ဇကာအနေနဲ့ နည်းနည်းတော့ အပြိုင်အဆိုင် ရှိလာနိုင်ပါတယ်။

တိုက်စစ်ပိုင်းမှာဆိုရင်တော့ ဆာဒီယို မာနေး ပါဝင်လာတာကြောင့် အကြီးမားဆုံး အပြောင်းအလဲတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာနေးအနေနဲ့ ကလပ်အသင်းရဲ့ ထာဝရအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးနဲ့ တွဲကစားဖို့ အခွင့်အရေးတော့ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မြူးနစ်အသင်းရဲ့ ပင်တိုင်စံ တိုက်စစ်မှူး ရိုဘတ် လီဝန်ဒေါစကီးက အသင်းမှာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ရာခိုင်နှုန်းပိုများနေလို့ပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment