Isco ကို ခေါ် ယူဖို့ ပြင်ဆင်နေတဲ့ ဘာကာ။

Isco is wanted by Barcelona WS
November 14, 2023

ရီးယဲလ် မက်ဒရစ် ကစားသမားဟောင်း Isco [ အစ္စကို ] ကို ခေါ် ယူဖို့ ပြင်ဆင်နေတဲ့ ဘာကာ။

Isco [ အစ္စကို ] ဟာ အရင်က ရီးယဲလ် မက်ဒရစ် အသင်း နဲ့အတူ အောင်မြင်မှု တွေ ရရှိခဲ့ပြီး လက်ရှိမှာ ရီးယဲလ် ဘက်တစ်စ် အသင်းနဲ့ အကောင်းဆုံး ခြေစွမ်းပြနေတာကြောင့် သူ့ ကို ဘာစီလိုနာ အသင်းက ခေါ် ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Blaugrana [ ဘာစီလိုနာ ] အသင်းဟာ ကွင်းလယ် ကစားသမားတွေ အားဖြည့်ပြီး သူတို့ ရဲ့ ကွင်းလယ်ကို အားကောင်းအောင်လုပ်ဖို့ စိတ်အား ထက်သန်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်း ရဲ့ ကွင်းလယ်ပိုင်း အားဖြည့်ချင်နေတဲ့ ဘာစီလိုနာ။

လီယွန်နယ် မက်ဆီနောက် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ ခဲ့တဲ့ ဂန္ထဝင် ကွင်းလယ်လူ ဆာဂျီယို ဘတ်စ်ကက်စ် ရဲ့ နေရာ မှာ ရေတို အစားထိုးဖို့ အတွက် နွေရာသီတွင် အိုရီယို ရိုမီယူ ကို ခေါ်ယူခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း  အိုရီယို ရိုမီယူ ဟာ လူတိုင်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့ပြီး ခိုင်မာတဲ့ ကွင်းလယ် အဖြတ် ဖြေရှင်းချက် ဖြစ်နေပါတယ်။

Isco Oriol Romeu at Barcelona

ဘာကာ ကွင်းလယ်လူသစ် ရိုမီယူ၊

သို့သော်လည်း နည်းပြ Xavi သည်  Royal Antwerp အသင်းရဲ့ လူငယ်ကြယ်ပွင့် Arthur Vermeeren ကို ဒီနေရာအတွက် အသင်းထဲကို ထပ်ပေါင်းဖို့ စိတ်အားထက်သန်နေပါတယ်။

ဘာကာရဲ့ ကွင်းလယ် အပြောင်းအရွှေ့ စာရင်းမှာ ပါဝင်နေတဲ့ Isco [ အစ္စကို ]။

နောက်ပြီး အာဂျင်တီးနား နဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ရရှိထားတဲ့ မန် ယူနိုက်တက် ပစ်မှတ် ရီးယဲလ် ဘက်တစ်စ်ရဲ့ ကွင်းလယ်လူ Guido Rodriguez ကိုလည်း ဒီနေရာအတွက် ရွေးချယ်ဖို့ စဥ်းစားနေပါသေးတယ်။

သို့တိုင် Fichajes မှ အံ့အားသင့်ဖွယ် အစီရင်ခံစာတစ်ခုက ကွင်းလယ်နေရာအား အားကောင်းစေမည့်အစား ဇာဗီ နဲ့ အသင်းတို့ဟာ ရိုဒရီဂွက်ဇ် ရဲ့ အသင်းဖော် တစ်ဦး ပုံစံ နဲ့ တွဲဖက်ညီညီ ပိုမို တိုက်စစ်ဆင်ဖို့ ရွေးချယ်နိုင်တယ်လို့ ဆိုထားပါတယ်။

Isco is in good form at Real Betis

ရီးယဲလ် ဘတ်တစ်စ် အသင်းမှာ ‌အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အစ္စကို။

ရီးယဲလ်မက်ဒရစ် နဲ့ ဆီဗီလာ အသင်းတို့ မှာ ကစားခဲ့ဖူးတဲ့ Isco [ အစ္စကို ] ဟာ ဘက်တစ်မှာ သူ့ ရဲ့ ကစားသမားဘဝ ကို ပြန်လည် အသက်သွင်းပြီးနောက် ဘာကာ ရဲ့ ဆန်ခါတင် ကွင်းလယ် စာရင်းမှာ ပါဝင်နေတယ် လို့ စပိန် သတင်းစာများက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဆီ Isco [ အစ္စကို ] ပြောင်းမှာလား။?

ချန်ပီယံလိဂ် (၅) ကြိမ် ဆွတ်ခူးထားသူဟာ 2022 ခုနှစ် ဒီဇင်ဘာလတွင် ဆီဗီလာမှ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ အဖြစ် လအတော်ကြာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် သူတို့ ရဲ့ မြို့ခံ ပြိုင်ဘက် ဘက်တစ်စ် ဆီ ရောက်ရှိလာကတည်းက အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည် ရရှိခဲ့ပြီး ၁၇ ပွဲမှာ သူ့ရဲ့ အံ့မခန်း ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်က စပိန်သား ဘယ်လောက်တောင် ကောင်းနေလဲဆိုတာ ပေါ် လွင်စေပါတယ်။

အသင်းမရှိဘဲ ခုနစ်လ ကြာပြီးနောက် အမြင့်ဆုံး အဆင့်မှာ ရှိခဲ့ဖူးတဲ့ သူ့ ရဲ့ ကစားသမားဘဝ ကို ကုန်ဆုံးသွားပြီ လို့ လူအများက ထင်ခဲ့ကြပေမယ့် အစ္စကို ဟာ Betis ကို ရောက်လာကတည်းက သူ့ရဲ့ အရင် ခြေစွမ်း ပြန်လည် ပိုင်ဆိုင်ခဲ့ပါတယ်။

Isco at Real Madrid

ရီးယဲလ် မက်ဒရစ် ကစားသမားဟောင်း အစ္စကို။

အထက် ဖော်ပြပါ အစီရင်ခံစာ မှာ ” ဘာစီလိုနာ ရဲ့ ကွင်းလယ်မှာ ဖန်တီးနိုင်စွမ်း နဲ့ နည်းစနစ်ပိုင်း အရည်အသွေးတွေ တိုးတက်ကောင်းမွန်လာစေဖို့ Xavi က Isco ကို အဓိက အစိတ်အပိုင်းအဖြစ် ရှုမြင်တယ်။ ” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

“Betis နဲ့ Isco ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ က စပိန် ကွင်းလယ် ကစားသမားကို အသင်းကို ပြန်လည် ရှင်သန်စေဖို့ အတွက် သူ့ရဲ့ ပရောဂျက် မှာ အခြေခံ အစိတ်အပိုင်း တစ်ခု အဖြစ် ယူဆနေတဲ့ နည်းပြ ရဲ့ အာရုံ ကို ဖမ်းစားနိုင်ခဲ့တာပါ။” လို့ ဖော်ပြထားပါသေးတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment