Jorginho ရဲ့ အပြောင်းအရွှေ့ သတင်း။

Jorginho admits he is already thinking of next transfer
November 16, 2023

လာမယ့် အပြောင်းအရွှေ့အတွက် စဉ်းစားနေတဲ့ ဂန်းနား ကွင်းလယ်လူ Jorginho [ ဂျော်ဂျင်ညို ]။

Jorginho [ ဂျော်ဂျင်ညို ] ဟာ မကြာခင် အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး သူ့ အနေနဲ့ အီတလီကို ပြန်သွားဖို့ စိတ်အား ထက်သန်နေကြောင်း ဝန်ခံခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ Jorginho ဟာ ဇန်နဝါရီတုန်းက ပေါင် ၁၂ သန်းနဲ့ ၁၈ လ စာချုပ်ဖြင့် ရောက်ရှိလာ‌ခဲ့ပြီး ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိမယ်လို့ ယုံကြည်ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အီတလီကို ပြန်ဖို့ စဥ်းစားနေတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညို။

အီတလီ ကွင်းလယ်လူ Jorginho [ ဂျော်ဂျင်ညို ] ဟာ မိုက်ကယ် အာတီတာ ရဲ့ အသင်းမှာ အမြဲလိုလို ခြေ စွမ်း ပြခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဥ်  ၂၃ ပွဲ ပါဝင် ကစားထားပါတယ်။

အခုနှစ် ရာသီ ကွင်းလယ်လူ Jorginho [ ဂျော်ဂျင်ညို ] ဟာ ပရီးမီးယားလိဂ် ပွဲစဥ် ၉ ပွဲမှာ ၄ ပွဲသာ ပါဝင် ကစားထားပေမယ့် မာတင် အိုဒီဂတ် မပါဝင်တဲ့ ပွဲတွေမှာ အသင်းခေါင်းဆောင် လက်ပတ်ကို မကြာခဏ ဝတ်ဆင်ခွင့် ရရှိခဲ့ပါတယ်။

Jorginho at Arsenal

ဂျော်ဂျင်ညိုဟာ ဂန်းနားတို့ဆီ ၁၈ လ စာချုပ်နဲ့ ရောက်ရှိလာခဲ့တာပါ။

ကွင်း လယ်လူက သူ့ အနေ နဲ့ အာဆင်နယ်မှာ အရမ်းပျော်နေသေးပေမယ့် ၂၀၁၈ ခုနှစ်မှာ ချဲလ်ဆီး အသင်း နဲ့ လက်တွဲဖို့ နိုင်ငံကနေ ထွက်ခွာပြီး တစ်နေ့မှာ အီတလီ ကို ပြန်လာဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

အီ တလီ ကွင်းလယ်လူ Jorginho [ ဂျော်ဂျင်ညို ] က

“ကျွန်တော် သံသယစိတ်တွေ အရမ်းများနေတယ်။ ပြန်ချင်ပေမယ့် ဘယ်အချိန် ပြန်ဖြစ်မယ်ဆိုတာတော့ မသိပါဘူး။ အာဆင်နယ်မှာ လုပ်စရာတွေ ကျန်နေသေးတယ် လို့ ခံစားရတယ်။ “

“အသင်းပြောင်းတဲ့အခါ အမြဲတမ်း အချိန် ယူရပေမယ့် အာဆင်နယ်မှာ ပထမခြောက်လလောက်က အနုတ်လက္ခဏာဆောင်တာတော့ မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် နားလည်မှု ရရှိဖို့ အချိန်ယူရတာ သိပါတယ်။ “

Jorginho at Napoli

နာပိုလီ ကစားသမားဟောင်း ဂျော်ဂျင်ညို။

“ Arteta အနေနဲ့ လည်း ပွဲစဥ်တွေ နဲ့ ပတ်သက် လို့ သတင်း အချက်အလက် ဘီလီယံပေါင်း များစွာ ပေးစွမ်းနိုင်ပြီး အသင်း ကျွန်တော် အရမ်း ပျော်ပါတယ်။ ” လို့ ပြောဆိုထားပါတယ်။

ယူရို ၂၀၂၄ အတွက် အီတလီကို ဦးဆောင်ဖို့ Jorginho [ ဂျော်ဂျင်ညို ] ရည်မှန်ထားပါတယ်။

ဘရာဇီးလ်မှာ မွေးဖွား‌ပေမယ့် ဂျော်ဂျင်ညို ဟာ အီတလီမျိုးရိုးရှိကာ ဆယ်ကျော်သက်အရွယ်မှာ မိခင် နိုင်ငံဆီ ပြောင်းရွှေ့ခဲ့ပြီး 2007 ခုနှစ် အသက် ၁၅ နှစ်အရွယ်မှာ Hellas Verona ရဲ့ လူငယ် အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် နာပိုလီမှာ သူနာမည် ရခဲ့ကာ ကလပ် အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့ပြီး ၂ နှစ် အကြာမှာ ချဲလ်ဆီးကို ပေါင် ၅၇ သန်း နဲ့ မပြောင်းခင် ၂၀၁၆ ခုနှစ်မှာ အီတလီ အသင်း အတွက် သူ့ ရဲ့ ပထမဆုံး ပွဲစဥ်ကို ကစားခဲ့ပါတယ်။

ဘရာဇီးလ် အမွေအနှစ် များ ရှိနေပေ မယ့် ဂျော်ဂျင်ညို ဟာ သူ့ ရဲ့ မွေးရပ်မြေ အတွက် ကစားဖို့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပြီး အဲ့ဒီ အစား အီတလီ ကိုယ်စားပြု ကစားဖို့ သူ့ ရဲ့ ဆန္ဒ ကို ထုတ်ဖော် ပြသခဲ့ပြီး ၄၈ ပွဲ ကစား ကာ ၅ ဂိုး သွင်းယူ ထားပါတယ်။

Jorginho at Italy

အီတလီ လက်ရွေးစင် အသင်းနဲ့အတူ ယူရို ၂၀၂၀ ဖလားကို ရရှိခဲ့တဲ့ ဂျော်ဂျင်ညို။

အီတလီသား Jorginho [ ဂျော်ဂျင်ညို ] ဟာ မြောက်မက်ဆီဒိုးနီးယား၊ ယူကရိန်းတို့ နဲ့ ကစားတဲ့ ဥရောပ ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် အီတလီ အသင်း ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပါတယ်။

နည်းပြ လူစီယာနို စပါလက်တီ ရဲ့ အီတလီ လက်ရွေးစင် အသင်းဟာ လာမယ့် နွေရာသီ ပြိုင်ပွဲအတွက် အလိုအလျောက် အရည်အချင်း ပြည့်မီဖို့ လေးမှတ် လိုအပ်နေပါသေးတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment