Arthur [ အာသာ မီလို ] ရဲ့ ဒဏ်ရာ ပြဿနာ။

Arthur Melo’s Liverpool nightmare suffers critical injury blow
October 9, 2022

လီဗာပူးလ်အသင်းကို ရောက်ရှိလာပြီးကတည်းက ကြုံတွေ့ လာခဲ့ရတဲ့ Arthur [ အာသာ မီလို ] ဒဏ်ရာ ပြဿနာ။

Arthur Melo [ အာသာ မီလို ] ဟာ ဂျူဗင်တပ်စ်အသင်းကနေ ပရီးမီးယားလိဂ် ကလပ် လီဗာပူးလ်အသင်းကို ရောက်ရှိလာပြီးကတည်းက ပြင်းထန်တဲ့ ဒဏ်ရာ ပြဿနာ ထိုးနှက်ချက်တွေကို တွေ့ကြုံနေရပါတယ်။

ကွင်းလယ် ကစားသမား အာသာ မီလိုဟာ လီဗာပူးလ်အသင်းမှာ သူ့ကိုယ်သူ ခံနိုင်ရည် ရှိဖို့ မျှော်လင့်ချက်ဟာ လာမယ့် ၂၀၂၃ ခုနှစ် အစောပိုင်းအထိ အနားယူရမယ့် ဒဏ်ရာကြောင့် အကြီးအကျယ် ထိုးနှက်ခံခဲ့ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

၂၀၂၂ ကာတာ ကမ္ဘ့ာဖလားပြိုင်ပွဲကြီးကို ‌လွဲချော်မယ့် Arthur [ အာသာ မီလို ]။

အာသာကို နွေရာသီ အပြောင်းအရွှေ့ နှောင်းပိုင်းမှာ ဂျူဗင်တပ်စ်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့ပေမယ့် ယာဂန် ကလော့ပ်ရဲ့ ပထမ ပွဲထွက် လူစာရင်းအသင်းမှာ ပါဝင်ကစားခွင့် နည်းပါးခဲ့ပါတယ်။ တကယ်တော့ နာပိုလီအသင်းကို ၄ – ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ သူ့ အနေနဲ့ ၁၃ မိနစ်သာ ကစားခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ သူ့ရဲ့ ဒဏ်ရာ ပြဿနာကြောင့် ရာသီကုန်မှာ ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည် စေလွှတ်ဖို့ ဆုံးဖြတ်ထားလိုက်ပြီလို့  အသင်းကို ရောက်ပြီး ၂ ပတ် အကြာမှာပဲ နောက်ကွယ်က သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။

Arthur at Brazil

၂၀၂၂ ကမ္ဘ့ာဖလားကို လွဲချော်မယ့် အာသာ။

လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေတဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမားဟာ နိုင်ငံတကာ ပွဲစဥ်တွေအတွက် ကလပ်အသင်းရဲ့ လေ့ကျင်းရေးနားရက် ကာလတုန်းက သူ့ရဲ့ အားလပ်ရက် အစီအစဥ်တွေကို ဖျက်သိမ်း ခဲ့ပါတယ်။

သူ့ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ အားလပ်ရက် ကာလအတွင်း ကလပ်အသင်းရဲ့  အကယ်ဒမီအသင်းမှာ ကစားရင်း အချိန်ကုန်ဆုံးစေခဲ့ပြီး အဲ့ဒီ အချက်တွေကြောင့် အားလုံးရဲ့ ချီးကျူးမှုကို လက်ခံ ရရှိခဲ့ပါတယ်။ အာသာအနေနဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ နေရာ ရရှိဖို့ အခုလို ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ကွင်းလယ်လူ Arthur [ အာသာ မီလို ] ရဲ့ ဒီရာသီ အန်ဖီးလ်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့နဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ပါဝင် ကစားခွင့်  ရရှိဖို့ ဆန္ဒဟာ လက်ရှိ သူကြုံတွေ့နေရတဲ့ ဒဏ်ရာ ပြဿနာကြောင့် အပြီးသတ် မျှော်လင့်ချက် မဲ့သွားခဲ့ပြီ ဖြစ်ပါတယ်။

[ အာသာမီလို ] Arthur အနေနဲ့ ၂၀၂၃ ခုနှစ်အထိ ပါဝင် ကစားနိုင်မှာ မဟုတ်ပါဘူး။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ ရရှိခဲ့ပြီးနောက် အခု သီတင်းပတ် အကုန်မှာ ခွဲစိတ် ကုသမှု ခံယူရမှာ ဖြစ်ကြောင်း အားကစား မီဒီယာ The Athletic က ရေးသား ဖော်ပြခဲ့ပါတယ်။

Arthur was injured at liverpool training

အာသာဟာ ထရိန်နင်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။

သူ့အနေနဲ့ ၃ လကနေ ၄ လထိ အနားယူရမယ်လို့ ထပ်မံ ဖော်ပြထားပြီး အာသာဟာ အားကစား အစီအစဥ်တွေ ပြန်လည် စ, တင်ဖို့ အချိန်အနေနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှသာ ဖြစ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်း အနေနဲ့ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာ ပြဿနာတွေကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရပေမယ့် သူတို့ရဲ့ လက်ရှိ ပြဿနာများစွာကို စ,တင်ဖြတ်ကျော်နေပြီ ဖြစ်ပါတယ်။

ကွင်းလယ်ပိုင်း ပြန်လည်တောင့်တင်းလာတော့မယ့် လီဗာပူးလ်အသင်း။

ရာသီကြို ခြေစမ်း ပွဲစဥ်မှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ Alex Oxlade-Chamberlain [ အောက်စလိတ်ဒ်-ချန်ဘာလိန် ] ဟာ လာမယ့် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်း ပြန်လည် ပါဝင်လာတော့မှာလို့ သိရပါတယ်။

တချိန်တည်းမှာပဲ နာဘီ ကိတ်တာဟာလည်း ဩဂုတ်လကတည်းက ပွဲစဥ်တွေ လွဲချော်ခဲ့ပြီးနောက် အခုလအတွင်း ပြန်လည်ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။ ကားတစ် ဂျုံးစ်ဟာလည်း တူညီတဲ့ အချိန်ဝန်းကျင်အတွင်း ပါဝင်လာဖို့ စီစဥ်ထားပါတယ်။

Arthur played for liverpool just few games

အာသာဟာ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်နည်းပါးခဲ့ပါတယ်။

တကယ်လို့  အာသာ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်ကျရင် သူ့ အနေနဲ့ ကလပ်အသင်းမှာ ပိုကောင်းတဲ့ အနာဂတ်ရှိတဲ့ ကစားသမားတွေနဲ့ စုစည်းထားတဲ့ လီဗာပူးလ်အသင်းကို ထိုးဖောက်ဖို့ စိန်ခေါ်မှုကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကနေ ခေါ် ယူထားတဲ့  သူ့ရဲ့  အငှားစာချုပ်ကို ဖျက်သိမ်းဖို့ကတော့ စောလွန်းပါသေးတယ်။ ဒါပေမယ့်လည်း ဒီလမ်းကြောင်းကိုပဲ အနှေးနဲ့ အမြန် ရောက်ရှိဖို့ကို ဦး‌တည်နေတာ စိတ်မကောင်းစွာနဲ့ မြင်တွေ့ နေရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment