Kante [ ကန်တေ ] ဘယ်အသင်းကို ပြောင်းမလဲ။

Kante will leave Chelsea
October 7, 2022

ကွင်းလယ်လူ N'Golo Kante [ အန်ဂိုလို ကန်တေ ] က အာဆင်နယ်ကို PSG ထက် ဘာကြောင့် ပိုကြိုက်နိုင်တာလဲ။

Kante [ အန်ဂိုလို ကန်တေ ] ဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိလာပြီးနောက် လာမယ့် နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ ပီအက်စ်ဂျီအသင်းက ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အာဆင်နယ်အသင်းက သူ့ကို ခေါ်ယူဖို့ ပိုပြီး အခွင့်ကောင်း ရှိနိုင်ပါတယ်။

N’Golo Kante [ အန်ဂိုလို ကန်တေ ] ဟာ ၂၀၁၆ ခုနှစ်တုန်းက လက်စတာ စီးတီးအသင်းကနေ ခေါ်ယူခဲ့ပြီးကတည်းက  ချဲလ်ဆီးအသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အခုချိန်မှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကြံ့ခိုင်ရေးပိုင်းအရ ရုန်းကန်နေခဲ့ရတဲ့ Kante [ အန်ဂိုလို ကန်တေ ]။

အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် မကြာသေးခင် လတွေအတွင်း ကြံ့ခိုင်မှုပိုင်းအရ ရုန်းကန်ခဲ့ရပြီး အသင်းဘက်ကနေ စာချုပ်သစ်အတွက်‌ ဆွေးနွေးမှုတွေမှာ အဆင်မပြေဖြစ်နေပုံပေါ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ကလပ်အသင်းရဲ့ ဝင်ငွေ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူ့ကို ချဲလ်ဆီးအသင်းကနေ တတိယ ရာသီ ရွေးချယ်ခွင့်နဲ့ နှစ်နှစ် သက်တမ်းတိုးဖို့ နှုတ်နဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။ သို့ပေမယ့် ပြင်သစ်သားဟာ ကာလရှည် စာချုပ်ချုပ်ဆိုဖို့ စောင့်ဆိုင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

Kante missed 40 EPL games

ကန်တေဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၄၀ ထိ လွဲချော်ထားပါတယ်။

ပြင်သစ် ကွင်းလယ်လူ Kante [ အန်ဂိုလို ကန်တေ ] ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးအသင်းကနေ ကာလီဒူ ကူလီဘာလီကို ချုပ်ဆိုခဲ့တဲ့ သုံးနှစ်+တစ်နှစ် သက်တမ်းရှိ စာချုပ်နဲ့ တူညီတဲ့ စာချုပ်မျိုးကို လိုချင်နေတယ်လို့ ယူဆရပါတယ်။

အထူးသဖြင့် ကန်တေနဲ့ ကူလီဘာလီတို့ဟာ နှစ်ယောက်စလုံး ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး အရင် နည်းပြ လက်ထက်တုန်းက သူ့ကို  အဲ့ဒီ စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ကနဦး အာမခံပြီးနောက် အခုလို လိုအပ်ချက် ရှိလာခဲ့တာ ဖြစ်ပါလိမ့်မယ်။

ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးဆိုတဲ့ အန်ဂိုလို ကန်တေ။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ သုံးရာသီအတွင်း ပရီးမီးယားလိဂ် ပွဲစဥ် ၄၀ ပွဲကို လွဲချော်ခဲ့တဲ့ ဝင်ငွေ အကောင်းဆုံး အသက် ၃၀ ကျော် ကစားသမားတစ်ဦးအတွက် ကာလရှည် စာချုပ် ချုပ်ဆိုဖို့ ဝန်လေးနေတာကြောင့် ကန်တေဟာ သူ့ရဲ့ ရွေးချယ်မှုတွေကို စ,တင် စူးစမ်းနေပြီလို့ သိရပါတယ်။

ဥရောပရှိ ကလပ်အသင်းတွေက လာမယ့် ဇန်နဝါရီလကနေ စ,ပြီး  ကန်တေနဲ့ စာချုပ် အကြို ‌သဘောတူညီမှုကို ရရှိဖို့ ဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အဲ့အထဲမှာ ပီအက်စ်ဂျီအသင်းကတော့ သူ့ကို ခေါ် ယူဖို့ အကြိမ်ပေါင်းများစွား ကြီးပမ်းခဲ့ပေမယ့် ကမ္ဘာ့ဖလားဆုရှင်က အဲ့အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိပါဘူး။

Kante is a key player of Chelsea

ကန်တေက ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားပါ။

အန်ဂိုလို ကန်တေဟာ ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေသေးပေမယ့် ပြင်သစ် အခြေစိုက် အားကစား မီဒီယာ Foot Mercato ရဲ့ ဖော်ပြချက်အရ သူဟာ လန်ဒန်မှာ အခြေချပြီး ဆက်လက်နေထိုင်လိုသောကြောင့် အာဆင်နယ်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ထံ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

ချဲလ်ဆီးအနေနဲ့ Kante [ အန်ဂိုလို ကန်တေ ] နဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲ။

ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ကန်တေ ‌အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ရုန်းကန်ရနိုင်ကြောင်း ဝန်ခံခဲ့ပြီး ကွင်းလယ်ကစားသမား ပြန်လည် ကျန်းမာလာစေဖို့ အတွက်သာ စဥ်းစားနေကြောင်း ပြောကြာခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဂရေဟမ် ပေါ်တာက “ ကျနော့်ရဲ့ အာရုံစိုက်မှုက သူ့ကို ကြံ့ခိုင်ပြီး သူ့ရဲ့ဘောလုံးကစားခြင်းကို ကူညီပေးဖို့ပါပဲ။ ကမ္ဘာ့ဘောလုံးလောကမှာ သူလိုကစားသမားတွေ များများစားစား မရှိတဲ့အတွက် မြန်မြန်ပြန်လာလေ ပိုကောင်းလေပါပဲ။ အဲဒီ့မှာ ကျွန်တော် အာရုံစူးစိုက်မှုကို ချန်ထားခဲ့ပါတယ်။ ” လို့ ပြောသွားခဲ့ပါတယ်။

Kante won WC

ကမ္ဘ့ာဖလားဆုရှင် ကန်တေ။

ဘရိုက်တန် မန်နေဂျာဟောင်းက “သူလို ထိပ်တန်း ကစားသမားမျိုးကို အစားထိုးဖို့က ခက်ပါတယ်။ သူက ကမ္ဘာ့အဆင့်မီ ကစားသမားဖြစ်ပြီး သူ့ကို ဆုံးရှုံးရတဲ့ ဘယ်အသင်းမဆို နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်။ ”

“ ကျွန်တော်တို့ ရရှိထားတဲ့ ရွေးချယ်မှုတွေကို ကြည့်ပါ။ တိုက်ရိုက် အစားထိုးခြင်း မရှိပေမယ့် အဲ့နေရာမှာ တခြား ဖြေရှင်းနည်းတွေ ရှိနေသောကြောင့် ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ နည်းလမ်းကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ” ပြောဆိုခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment