Caicedo25 နဲ့ အာဆင်နယ် အပြောင်းအရွှေ့။

Caicedo25 is still wanted by Arsenal
April 10, 2023

ဘရိုက်တန် ကွင်းလယ်လူ Moises Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] ရဲ့ အာဆင်နယ် အပြောင်းအရွှေ့။

Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] ကို ခေါ် ယူနိုင်ဖို့ အာဆင်နယ် အသင်းဖက်က မျှော်လင့်ချက် စာတို ပေးပို့ခဲ့ပေမယ့်  အပြောင်းအရွှေ့ ဆရာကြီး Fabrizio Romano ကတော့ Chelsea နဲ့ Liverpool အသင်း တို့ကို သတိပေးခဲ့ပါတယ်။

ကွင်းလယ်လူ Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] ဟာ ဒီနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့ဖြစ်လာဖို့ မျှော်လင့်ထားပေမယ့် နွေရာသီမှာ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့ ပြိုင်ဆိုင်မှု ရှိလာနိုင်တယ်လို့ ဆရာ ကြီး Fabrizio Romano က ပြောကြားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အီကွေဒေါ လက်ရွေးစင် Moises Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ် အသင်း။

ဂန်းနားအသင်းဟာ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ Caicedo ကို အသင်းဆီ ပြောင်းရွှေ့ဖို့ ကစားသမား အတွက် ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။

တကယ်တော့ အီကွေဒေါ လက်ရွေးစင် Moises Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] က အသင်းဆီ ပြောင်းရွှေ့လိုကြောင်း အကြံပြုခဲ့ပေမယ့် ဘရိုက်တန်အသင်းဘက်က အဲ့အချိန်တုန်းက ကစားသမားကို ရောင်းချဖို့ ငြင်းဆိုခဲ့ပါတယ်။

Caicedo25 Ecuador

အီကွေဒေါ ကြယ်ပွင့် ကိုက်ဆယ်ဒို။

The Seagulls [  ဘရိုက်တန် ] အသင်းဟာ အသက် ၂၁ နှစ် အရွယ် ကွင်းလယ် ကစားသမားကို ၂၀၂၇ ခုနှစ် အထိ စာချုပ်သစ်နဲ့ ချီးမြှင့်ထားပေမယ့် ဒါဟာ အာဆင်နယ် ရဲ့ စိတ်ဝင်စားမှုကို ဟန့်တားဖို့ မဖြစ်နိုင်ကြောင်း Romano မှ ပြောကြားခဲ့ပါတယ်။

သတင်းတွေ အရ အာဆင်နယ် အသင်း ရဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ သူတို့ရဲ့ ကွင်းလယ် ဦးစားပေး အနေနဲ့ Declan Rice ထက် Caicedo ဖြစ်တယ်လို့ ဖော်ပြထားတာ တွေလည်း တွေ့ရပါတယ်။

လူငယ် ကွင်းလယ်လူ Moises Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] နောက်ဆုံး အပြောင်းအရွှေ့ သတင်း။

အခုအခါမှာ အပြောင်းအရွှေ့ ဆရာကြီး ရိုမန်နိုက မြောက်လန်ဒန် ကလပ် အနေနဲ့ ချယ်လ်ဆီး နဲ့ လီဗာပူးလ် အသင်း တို့ကို အနိုင် ယူနိုင်ခဲ့ပါက ကစားသမား ကို ခေါ်ယူဖို့ လမ်းဖွ့င်နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။

“ ကျွန်တော် နားလည်သလောက် ပြောရရင် ဒီစာချုပ်က Caicedo ကို ပိုရှည်တဲ့ စာချုပ် နဲ့ ပေးရမယ့်အပြင် ကစားသမားကို ကတိ ပေးထားတဲ့အတိုင်း လစာ ပိုပြီး မြင့်မြင့်မားမား ပေးရပါလိမ့်မယ်။ ”

Caicedo25 vs Arsenal

အာဆင်နယ်နဲ့တွေ့ဆုံခဲ့တုန်းက ကိုက်ဆယ်ဒို။

“ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ Caicedo ဟာ ထိပ်တန်း အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့အတွက် နွေရာသီမှာ ထွက်ခွာဖို့ မျှော်လင့်ထားပါတယ်။ အာဆင်နယ်က ရှိနေတုန်းပါပဲ။ သူတို့က ကိုက်ဆယ်ဒို ကို လိုချင်တုန်း။ ” လို့ ရိုမန်နိုက ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဖာဘရီဇီယို ရိုမန်နိုက

“ ကိုက်ဆယ်ဒိုက Declan Rice နဲ့ ဒီနေ့ စိတ်ဝင်စားနေတဲ့ ကွင်းလယ် ကစားသမားတွေ ထဲက တစ်ယောက်ပါ။ လက်ရှိ အပြောင်းအရွှေ့ အနေနဲ့ အာဆင်နယ်အတွက်ကတော့ သူဟာ ဖြစ်နိုင်ချေ ရှိနေဆဲပါ။ ”

“လီဗာပူလ်း နဲ့ ချဲလ်ဆီးတို့မှာလည်း ဒီလို အနေအထားမျိုးမှာ ကစားသမား တစ်ဦးကို ရှာဖွေနေတာကြောင့် လူငယ် ကွင်းလယ်လူ မွိုက်စ် ကိုက်ဆယ်ဒို ရဲ့ ခြေစွမ်းက အမြဲတမ်း တန်ဖိုးထား လေးစား ခံခဲ့ရပါတယ်။ ”

“ဒါပေမယ့်လည်း Caicedo ဟာ နွေရာသီမှာ ထိပ်တန်း အသင်း တစ်သင်းကို ပြောင်းရွှေ့ခွင့် ရရှိမှာပါ။ ဒါက မျှော်လင့်ချက်ပါ။ ” လို့ Romano က သူ့ရဲ့ YouTube ချန်နယ်ကနေ တစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Caicedo25 vs Declan Rice

ကိုက်ဆယ်ဒိုနဲ့ ဒီကလန်ရိုက်စ်။

မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့  လည်း နွေရာသီမှာ ဘရိုက်တန် ကွင်းလယ်လူ  Moises Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

သို့ပေမယ့် အာဆင်နယ်တို့ဟာ ဘရိုက်တန် ကြယ်ပွင့် မွိုက်စ် ကိုက်ဆယ်ဒို ကို ခေါ် ယူနိုင်ဖို့  လီဗာပူး နဲ့ ချယ်လ်ဆီး တို့ထက် ရှေ့ပြေး အသင်းအဖြစ် ရပ်တည်နေတယ်လို့ ဆိုရမှာပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment