Orkun Kokcu – မိုဒရစ်လက်သစ်ကို စောင့်ကြည့်နေတဲ့ ဂန်းနား။

Orkun Kokcu is wanted by Arsenal
April 7, 2023

မိုဒရစ် လက်သစ်လို့ နာမည်ကြီးနေတဲ့ Orkun Kokcu  [ အော်ကန် ကော်ခ်ချူ ] ကို ကင်းထောက်နေတဲ့ အာဆင်နယ် အသင်း။

Orkun Kokcu  [ အော်ကန် ကော်ခ်ချူ ] ဟာ မိုဒရစ် နဲ့ နှိုင်းယှဥ်မှုများ ပြုလုပ်ခံထားရတဲ့ Feyenoord လူငယ် ကစားသမား တစ်ဦးဖြစ်ပြီး အာဆင်နယ် အတွက် အသင်းကို ပိုအားကောင်းစေလိုတာကြောင့်  စောင့်ကြည့်နေတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၂ နှစ် အရွယ် ကွင်းလယ် ကစားသမားဟာ အခု ရာသီမှာ Feyenoord အသင်းအတွက် ပါဝင် ကစားပေးထားပြီး ရော့တာဒမ် အသင်းကို Eredivisie ရဲ့ ထိပ်ဆုံးသို့ ပို့ဆောင်ပေးကာ အေဂျက်စ် နဲ့ PSV Eindhoven တို့ကို ၈ မှတ် ဖြတ်ထားပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

Feyenoord အသင်း နဲ့ အော်ကန် ကော်ခ်ချူ ရဲ့ စာချုပ်သက်တမ်း။

လီဗာပူးလ်၊ နယူးကာဆယ်၊ မန် စီးတီး၊ အက်စတွန်ဗီလာ၊ ဘရိုက်တန်၊ ခရစ္စတယ် ပဲလေ့စ် နဲ့ ဆောက်သမ်တန် အသင်းတို့ဟာ ကွင်းလယ် ကစားသမား ရဲ့ တိုးတက်မှုတွေကို ကြည့်ရှုဖို့ ဒီရာသီမှာ သူတို့ရဲ့ ကင်းထောက်များကို De Kuip ကွင်းဆီ စေလွှတ်ခဲ့ပါတယ်။

ရော့တာဒမ်ရှိ လူငယ် ကွင်းလယ်လူ Orkun Kokcu  [ အော်ကန် ကော်ခ်ချူ ] ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်း ရှိနေပေမယ့် ကစားသမား အနေနဲ့ အဲ့အချိန် အထိ အသင်းမှာ ဆက်ရှိနေဖို့ မဖြစ်နိုင်ပါဘူး။

Orkun Kokcu will be at Feyenoord until 2025

ဖီယင်နော့အသင်းနဲ့ ၂၀၂၅ အထိ စာချုပ်ရှိနေတဲ့ အော်ကန် ကော်ခ်ချူ။

တူရကီ လူငယ် ကွင်းလယ်ကစားသမား Orkun Kokcu  [ အော်ကန် ကော်ခ်ချူ ] က ပရီးမီးယားလိဂ်ဟာ ” ကြီးကျယ်တဲ့ ပြိုင်ဆိုင်မှု ” ဖြစ်တယ်လို့ ထင်ကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။

လူ ငယ် ကွင်းလယ်လူ Orkun Kokcu  [ အော်ကန် ကော်ခ်ချူ ] အတွက် Feyenoord ရဲ့ ပြောင်းရွှေ့ကြေး။

အားကစား သတင်း ဌာန SciSports ရဲ့ အချက်အလက်များအရ Orkun Kokcu  [ ကော်ခ်ချူ ] အတွက် အာဆင်နယ် အသင်းဟာ အကောင်းဆုံး နေရာ မဟုတ် ပေမယ့် ပရီးမီးယားလိဂ်မှာဆိုရင် ကောင်းစွာ လိုက်ဖက်မှု ရှိနိုင်ပါတယ်။

သူ့အတွက် ခန့်မှန်းခြေ ပြောင်းရွှေ့ကြေးကတော့ ယူရို ၂၃ သန်း ပတ်ဝန်းကျင် ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အရင် ၂၀၂၀ တုန်းက သူ့ကို ချိတ်ဆက်ခဲ့ပေမယ့် အဲ့တုန်းက အသက် ၁၉ နှစ်သာ ရှိသေးပြီး Feyenoord က ယူရို ၂၆ သန်း တောင်းဆိုခဲ့ပါတယ်။

Orkun Kokcu at Turkey

တူရကီလက်ရွေးစင် ကစားသမား ကော်ခ်ချူ။

Haarlem မှာ မွေးဖွားခဲ့ပြီး တူရကီအတွက် ၂၂ ပွဲမှာ ၂ ဂိုးသွင်းယူထားတဲ့ Orkun Kokcu  [ ကော်ခ်ချူ ]  ဟာ အခုရာသီမှာ Feyenoord အတွက် ပိုမိုတိုးတက် ကောင်းမွန် ခဲ့ပြီး ၃၇ ပွဲမှာ ၁၂ ဂိုး နဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။

ဝါရင့် ကွင်းလယ်ကစားသမား လူကာ မိုဒရစ် နဲ့  Orkun Kokcu  [ ကော်ခ်ချူ ] နှိုင်းယှဉ်မှု။

လီဗာပူးနဲ့ ဂျူဗင်တပ်စ် ကွင်းလယ် ကစားသမားဟောင်း Sissoko က သူ့ကို မိုဒရစ်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ “သူ့မှာ ကစားပုံနဲ့ တူညီတဲ့ အရည်အသွေးတွေ ရှိပါတယ်။ သူ့အဆင့်ကို ရောက်ဖို့ အလားအလာ ရှိပါတယ်။” ဟု အီတလီ မီဒီယာဆီ ပြောခဲ့ပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းကတော့  အော်ကန် ကော်ခ်ချူ ကစားပုံ နဲ့ အသင့်တော်ဆုံး အသင်းဖြစ်ပြီး Cottagers ရဲ့ Feyenoord နဲ့ အလားတူပုံစံ ကစားနေတာ ဖြစ်ပါတယ်။

Orkun Kokcu vs Modric

ကော်ခ်ချူက ဝါရင့်ကွင်းလယ်လူ ‌မိုဒရစ်နဲ့ နှိုင်းယှဥ်ခံထားရပါတယ်။

ဘယ်ခြေ၊ ညာခြေ နှစ်ဖက်လုံးသန်တဲ့ ကွင်းလယ် ကစားသမားဟာ Harrison Reed နေရာမှာ အစားထိုးနိုင်ပြီး နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က သူ့ရဲ့ ပုံစံနဲ့ ကိုက်ညီတယ်လို့ ယူဆနေကြပါတယ်။

ကော်ခ်ချူဟာ Feyenoord ရဲ့ double pivot ကစားကွက်ရဲ့ ဘယ်ဘက်မှာ ကစားလေ့ရှိပြီး အဲ့ဒါဟာ အာဆင်နယ်မှာ နိုဝင်ဘာလအတွင်းက 4-3-3 ကစားကွက် မပြောင်းခင် ဂရင်းနစ် ဇာခါ ကစားတဲ့ အနေအထား ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment