Ronaldo – ယူနိုက်တက်ကနေ ထွက်ခွာတော့မှာလား?

Cristiano Ronaldo to Quit Man United
June 27, 2022

ရော်နယ်ဒို [ Ronaldo ] သာ ယူနိုက်တက်ကနေ ထွက်သွားခဲ့ရင် ပြောင်းရွှေ့နိုင်တဲ့ အသင်း (၄) သင်း။

Ronaldo [ရော်နယ်ဒို] က မန်ယူအသင်းကနေ ထွက်ခွာလိုကြောင်း အရိပ်အမြွက် ပြသခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူ့ရဲ့ အပြောင်းအရွှေ့ အေးဂျင့် ဖြစ်တဲ့ ဂျော့ရှ် မန်းဒက်စ်က သူ့ကို နောက်ထပ် ကလပ်အသင်းလေးခုနဲ့ ချိတ်ဆက်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခု နွေရာသီမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ ပြင်းပြင်းထန်ထန် စဥ်းစားနေခဲ့ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ အားကစား အေးဂျင့်ဖြစ်သူ ဂျော့ရှ် မန်းဒက်စ်က ပြောင်းရွှေ့ဖို့ အဆင်ပြေစေနိုင်မယ့် အနည်းဆုံး ကလပ် ၄ သင်းကို ဖော်ပြ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်းဟောင်းသို့ Ronaldo [ ရော်နယ်ဒို ] ရဲ့ အပြန်ခရီး

ခရစ်စတီယာနိုဟာ အသင်းဟောင်းနဲ့ ၁၂ နှစ်ကြာ ဝေးကွာသွားခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပြီးခဲ့တဲ့ နွေရာသီမှာ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ စူပါစတားကြီးဟာ အိုးထရက်ဖို့ဒ်အသင်းဆီ ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်တွေနဲ့ အဓိက ဆုဖလားကြီးတွေအတွက် စိန်ခေါ်ဖို့ စိတ်အားထက်သန် ရည်ရွယ်ထားခဲ့ပါတယ်။

တိုက်စစ်မှူးရဲ့ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၄ ဂိုးနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေက အထင်ကြီးစရာ ကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ သမိုင်းတလျှောက် အဆိုးရွားဆုံး အားကစားရာသီကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုရမှာပါပဲ။

Cristiano Ronaldo scores against Spurs

စပါးအသင်းဘက်ကို ဂိုးသွင်းယူနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို။

[ ရော်နယ်ဒို ] Ronaldo နဲ့ ယူနိုက်တက်ရဲ့ အဆိုးရွားဆုံး ရာသီ

ယူနိုက်တက်အသင်းဟာ ၁၉၉၂ ခုနှစ် ပရီးမီးယားလိဂ်ကို စ,တင်ဖွဲ့စည်း တည်ထောင်ပြီးကတည်းက အခုချိန်ထိကို တွက်ကြည့်လိုက်မယ်ဆိုရင် ဒီရာသီအခြေအနေက တော်တော်လေး  စိတ်ပျက်စရာ ကောင်းနေပါတယ်။ ဘာလို့လဲဆိုတာ့ ဒီရာသီမှာ ဆုဖလား လက်မဲ့ဖြစ်တဲ့အပြင် အမှတ်ဇယားမှာ ၁၉၉၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း သမိုင်းတလျှောက် ရမှတ်အနည်းဆုံးနဲ့ အဆင့် ၆ မှာသာ ရပ်တည်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ဟာ ကလပ်စံချိန်တင် ပေးဂိုးအရေအတွက် [ ၅၇ ဂိုး ] ကို ပေးဆောင်ခဲ့ရပြီး အဆိုးရွားဆုံး ဂိုးကွာခြားချက်နဲ့ ရာသီပြီးဆုံးခဲ့ပါတယ်။ အဲရစ် တန်ဟက်ဟာ လာမယ့်ရာသီမတိုင်ခင် အခုနှစ် ဧပြီလကတည်းက အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အခုဆို ဇူလိုင်လ အစောပိုင်းတောင် ရောက်နေပါပြီ။ ဒါတောင် မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ကစားသမားသစ် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ခေါ်ယူလက်မှတ်ထိုးနိုင်ခြင်း မရှိသေးပါဘူး။

Cristiano Ronaldo to Quit Man United

မန်ယူနိုက်တက်ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ရော်နယ်ဒို။

တိုက်စစ်မှူးကို ခေါ်ယူဖို့ ချိတ်ဆက်ထားတဲ့ အသင်းများ

သတင်းရင်းမြစ်များစွာရဲ့ ဖော်ပြချက်တွေအရ ရော်နယ်ဒိုဟာ လာမယ့် ရာသီမှာ ကလပ်ရဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဒါကို သူ့ရဲ့ အေးဂျင့် မန်းဒက်စ်က တခြား ကလပ်အသင်းတွေနဲ့ ချိတ်ဆက် စကားပြောဆိုဖို့ စ,တင်နေပါတယ်။

မန်းဒက်စ်အနေနဲ့ အခုနွေရာသီမှာ ရော်နယ်ဒိုကို ဘယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေလဲဆိုတာ သိရဖို့ စ,တင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ကလပ်အသင်း လေးခုနဲ့ အပြောင်းအရွှေ့ကိစ္စ ချိတ်ဆက်ထားကြောင်း အသိအမှတ်ပြု ဖော်ပြထားပါတယ်။

၁။ ချဲလ်ဆီးအသင်း

ပထမဆုံးအသင်းကတော့ လူကာကူက အင်တာမီလန်ကို အငှားနဲ့ ပြန်သွားဖို့ စီစဥ်နေတာကြောင့် တိုက်စစ်မှူးအသစ် ရှာဖွေနေတဲ့ ချဲလ်ဆီးအသင်းပဲ ဖြစ်ပါတယ်။ ဂျော့ရှ် မန်းဒက်စ်ဟာ ချဲလ်ဆီး ပိုင်ရှင်သစ်၊ ယာယီ အားကစား ဒါရိုက်တာ တော့ ဘိုလီတို့နဲ့ ပြီးခဲ့တဲ့ အပတ်က တွေ့ဆုံခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ ‌အပြောင်းအရွှေ့တစ်ခုကို ဆွေးနွေးခဲ့ကြောင်း အားကစား မီဒီယာ The Athletic က ဖော်ပြခဲ့ပါတယ်။

၂။ ဘိုင်ယန်မြူနစ်အသင်း

အားကစား မီဒီယာ Sky Italia ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းက ရော်နယ်ဒိုကို ရောဘတ်လီဝန်ဒေါစကီးရဲ့နေရာမှာ အစားထိုးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်ကနေ ထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖွယ်ရှိနေပေမယ့် ဂျာမန်ချန်ပီယံအသင်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့လည်း သိရပါတယ်။

၃။ ရိုးမားအသင်း

Cristiano Ronaldo vs jose mourinho

ရီးယဲလ်မက်ဒရစ်မှာတုန်းက ရော်နယ်ဒိုနဲ့ နည်းပြ မော်ရင်ညို။

အီတလီကလပ် ရိုးမားအသင်းနဲ့ ရက်သတ္တပတ်များအတွင်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အီတလီမီဒီယာ အထူးသဖြင့် Gazzetta dello Sport က ဒီတစ်ပတ်မှာ ထပ်ပြီး အလေးပေး ဖော်ပြထားတာ ဖြစ်ပါတယ်။ လက်ရှိ ရိုးမားရဲ့နည်းပြကတော့ ဟိုဆေး မော်ရင်ညိုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာတုန်းက ရော်နယ်ဒိုနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ နည်းပြတစ်ဦးဆိုလည်း မှန်ပါတယ်။

 

ရိုးမားအသင်းအနေနဲ့ ရော်နယ်ဒိုရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးဆောင်နိုင်တဲ့ အနေအထားတော့ မရှိပါဘူး။

၄။ စပို့တင်းလစ္စဘွန်းအသင်း

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ခြင်းဟာ ပိုပြီး ဖြစ်နိုင်ချေရှိပုံရပြီး သူတို့ဟာ ရော်နယ်ဒိုရဲ့ အနာဂတ်ကို မန်းဒက်စ်နဲ့ ဆွေးနွေးခဲ့တဲ့ စတုတ္ထမြောက်ကလပ်လည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုအနားမယူခင် သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ကလပ်မှာ ပြန်ကစားချင်ပေမယ့် မြင့်မားတဲ့အဆင့်မှာ ကစားနေသေးတာကြောင့် အခုအချိန်က စောလွန်းနေပါသေးတယ်။

Cristiano Ronaldo sporting lisbon

ရော်နယ်ဒို – စပို့တင်းလစ္စဘွန်း ကစားသမားဘဝ။

ဘာပဲဖြစ်ဖြစ် ရော်နယ်ဒိုဟာ ဒီနွေရာသီမှာ အားကစားနဲ့ ငွေကြေးဆိုင်ရာ ရှုထောင့်ကနေ မှန်ကန်တဲ့ ကလပ်ကို ရှာဖွေနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment