De Jong ယူနိုက်တက်ကို ပြောင်ရွှေ့ဖို့ တော်တော်နီးစပ်လာပြီ။

Frankie De Jong To Man United
June 28, 2022

Frenkie De Jong [ ဖရန့်ကီ ဒီဂျောင် ] ဟာ ​​မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဘယ်လောက်နီးစပ်နေပြီလဲ?

De Jong [ ဖရန့်ကီ ဒီဂျောင် ] ဟာ အခုနွေရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ မျှော်လင့်ထားပါတယ်။ သူ့ကို အေဂျက်စ်အသင်း နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်က မန်ယူအသင်းဆီ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆင် ဟယ်ရီကိန်းနေရာအတွက် အရန်ကစားသမား ရှာဖွေရာမှာ သူတို့ရဲ့ အခက်အခဲတွေအတွက် အဖြေအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့  ဂိုးအရေအတွက်နဲ့ တခြားအလုံးစုံစွမ်းရည်တွေကြောင့် မြောက်လန်ဒန်ကလပ်ဟာ ကိန်းရဲ့ နေရာနဲ့ အံဝင်ခွင်ကျဖြစ်အောင် မှန်ကန်တဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ကစားသမားတစ်ဦးကို ဆွဲဆောင်ဖို့ အကြိမ်ကြိမ် ရုန်းကန်ခဲ့ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကွင်းလယ်လူ De Jong [ ဒီဂျောင် ]ကို ဦးစားပေးခေါ်ယူလိုတဲ့ မန် ယူနိုက်တက်

လက်ရှိ နည်းပြ တန်ဟက်ဂ်ဟာ ယူနိုက်တက်အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ အခုနွေရာသီမှာ ကွင်းလယ်ကစားသမား အများအပြားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးခဲ့ရပါပြီ။ ဒါကြောင့် ကွင်းလယ် ကစားသမားသစ်အနေနဲ့ De Jong [ ဒီဂျောင် ] ကို ခေါ်ယူဖို့ ဦး‌စားပေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေဟာ အချိန်အတော်ကြာအောင် ဆက်တိုက် ပြုလုပ်နေခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်မှာ အေဂျက်အသင်းကနေ ဒီဂျောင်ကို ဝယ်ယူခဲ့တဲ့ Blaugrana [ ဘာစီလိုနာအသင်း ] ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုကို လျှော့ချနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Frankie De Jong and Erik Ten Hag at Ajax

အေဂျက်အသင်းမှာတုန်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြတဲ့ နည်းပြတန်ဟက်ဂ်နဲ့ ကွင်းလယ်လူ ဒီဂျောင်။

အသင်းကထွက်ခွာမယ်ဆိုတဲ့ ဒီဂျောင်ရဲ့  ဆုံးဖြတ်ချက်

ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာ ပျော်ရွှင်နေပြီး ကလပ်ကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့  ကြိမ်ဖန်များစွာ အလေးပေး ပြောဆိုခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ငွေကြေးပြဿနာကြောင့် မမျှော်လင့်ပဲ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရပုံပေါ်ပါတယ်။ စပိန်ကလပ်အသင်းဟာ ကစားသမားသစ်တွေကို ပြောင်းရွှေ့ကြေး ပေးဆောင်ခြင်းကနေ ရှောင်ရှားဖို့အတွက် အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖရန့်ခ် ကီဆီနဲ့ အန်ဒရေ့စ် ခရစ္စတီယန်ဆန်တို့ဟာ အခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာကြပြီး ရိုဘတ် လီဝန်ဒေါစကီးနဲ့ ဂျူးစ်ခွန်ဒယ်တို့ကတော့ ပြောင်းရွှေ့ကြေးအသီးသီးနဲ့ ထပ်ခေါ်ယူချင်နေတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လီဝန်ဒေါစကီးကို ခေါ်ယူချင်တာကြောင့် အဲ့ဒါကို အကောင်အထည်ဖေါ်ဖို့အတွက် ဒီဂျောင်ကတော့ စတေးခံရသူ ဖြစ်နေပါတယ်။

မန်ယူနိုက်တက်ကို ပြောင်းရွှေ့မယ့် De Jong [ ဒီဂျောင် ]

အားကစား မီဒီယာ Sport ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ စျေးနှုန်းတောင်းဆိုမှုကို ယူရိုသန်း ၈၀ နဲ့ အပြီးသတ်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အပြောင်းအရွှေ့ အချက်အလက် ဂုရုကြီး ဖာဘရီဇီယို ရိုမီနိုကတော့ ယူနိုက်တက် ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီးနောက် ဘာစီလိုနာအသင်းက ကစားသမားအတွက် ယူရို ၈၅ သန်းအထိ အလိုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Frankie De Jong to leave Barcelona

ဘာစီလိုနာကနေ ထွက်ခွာလိုနေတဲ့ ဒီဂျောင်။

ထပ်ပေါင်း add-on ငွေကြေးတွေ ပါဝင်ပါက ယူရို ၈၅ သန်းအထိ ရောက်ရှိသွားမယ့် သဘောတူညီချက်အတွက် ကလပ်နှစ်သင်းက ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ သဘောတူညီမှုတစ်ခု နီးကပ်လာပြီဖြစ်ကြောင်း ယုံကြည်နေပါတယ်။ နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်ဟာ အိုးလ်ထရက်ဖို့ဒ်အသင်းသို့ ပြောင်းရွှေ့ဖို့ မျှော်လင့်ထားပြီး ယခု စာချုပ်သက်တမ်းကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဇူလိုင်လ၊ ရာသီသစ် မစတင်မီ သူ့ရဲ့လစာကို ဖယ်ရှားချင်နေပါတယ်။ အဲ့တာကြောင့် ကစားသမားရဲ့  အပြောင်းအရွှေ့ကို ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် အပြီးသတ်ဆောင်ရွက်လိုကြောင်း Sport က ဖော်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဒီဂျောင်ဟာ အခုနွေရာသီမှာ ဘာစီလိုနာရဲ့ ရောင်းထုတ်လိုတဲ့ ဆန္ဒကြောင့် အစပိုင်းမှာ ခံနိုင်ရည်ရှိခဲ့ပေမယ့် နည်းပြတန်ဟက်ဂ်ဆီ ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်အားထက်သန်နေခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

ကွင်းလယ်လူ ဒီဂျောင်ရဲ့ အစားထိုးနေရာ

နယ်သာလန် လက်ရွေးစင် ကစားသမားဟ အခုနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါက ဘာစီလိုနာအနေနဲ့ သူ့ရဲ့ နေရာမှာ အစားထိုးကစားသမား ရှာဖွေဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်ကို ရောင်းချမှုကနေ ရရှိတဲ့ငွေတွေနဲ့ သူ့ရဲ့ နေရာမှာ အစားထိုး ခေါ်ယူဖို့ စီစဥ်နေပါတယ်။ AS ရဲ့ ဖော်ပြချက်အရ ဘာကာအသင်းဟာ ကွင်းလယ်လူသစ် ကားလို့စ် ဆိုလာအတွက် ဗလင်စီယာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

Barcelona want to sign Carlos Soler to replace De Jong

ဒီဂျောင်နေရာမှာ အစားထိုးခေါ်ယူမယ့် ကားလို့စ် ဆိုလာ။

သူ့ရဲ့ ပြောင်းရွှေ့ကြေးကတော့ ယူရို သန်း ၂၀ ပတ်ဝန်းကျင်ရှိမယ်လို့ ဖော်ပြထားပါတယ်။ဆိုလာဟာလာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို မတောင်းဆိုနိုင်တာ ဖြစ်ပါတယ်။

ဗလင်စီယာ ကွင်းလယ်လူ ကားလို့စ် ဆိုလာနဲ့ ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ကို ကြည့်ခြင်းအားဖြင့် ယူနိုက်တက်တို့ လိုချင်နေတဲ့ ဒီဂျောင်ကို မကြာခင် ခေါ်ယူလက်မှတ်ထိုးနိုင်ဖို့ တော်တော်လေး နီးစပ်နေပြီဆိုတာကို တွေ့နိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment