Antony ရဲ့ ကစားပုံက ရိုးမားနဲ့ သင့်တော်။
ဘရာဇီးသား Antony [ အန်တိုနီ ] ရဲ့ ကစားပုံက ရိုးမားနဲ့ သင့်တော်။
Antony [ အန်တိုနီ ] ရဲ့ ပြောင်းရွှေ့ ကြေး ယူရို သန်း ၁၀၀ ပမာဏ နဲ့ ညီမျှတဲ့ အရည်အချင်း ခြေစွမ်းကို ပေါ် လွင်စေဖို့ တစ်ခုတည်းသော အချက် ယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မောရင်ညို ရဲ့ လက်ရှိ ရိုးမား အသင်းပဲ ဖြစ်ပါတယ်။
Jose Mourinho ဟာ Antony [ အန်တိုနီ ] ရဲ့ မန်ချက်စတာ ယူနိုက်တက် မှာ ဆိုးရွားနေတဲ့ ကစားသမား ဘဝကို ပြန်လည် ထမြောက်စေမည့် နည်းပြ တစ်ဦး ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဒေတာ အချက်အလက်တွေနဲ့ တွက်ချက်ထားတဲ့ အန်တိုနီ နဲ့ အသင့်တော်ဆုံး အသင်း။
ဒီအချက်ကို ဘယ်ကလပ် အသင်းက ကစားသမား တချို့က ဘယ်အသင်းနဲ့ အသင့်တော်ဆုံး ဖြစ်ကြောင်း ခွဲခြမ်း စိတ်ဖြာတဲ့ SciSports ရဲ့ ခေတ်မီ ဆန်းပြားတဲ့ ကစားသမား အကဲဖြတ်မှု ပုံစံအရ သိရပါတယ်။
မော်ဒယ် အနေနဲ့ ကလပ် အဆင့်သတ်မှတ်ချက်၊ အလားအလာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကစားချိန်၊ ကစားဟန်၊ ဖွဲ့စည်းမှု၊ ကလပ် အဆင့်အတန်း နဲ့ အနာဂတ် အလားအလာတွေ နဲ့ တွက်ချက်ပါတယ်။
ဒီအချက်တွေပေါ် မူတည်ပြီး Rating 100 အတွင်း ကစားသမား တစ်ဦးရဲ့ အသင့်တော်ဆုံး ကလပ်အသင်းကို အကဲဖြတ်သွားမှာ ဖြစ်ပြီး အဆင့်သတ်မှတ်ချက် မြင့်မားလေ၊ ကစားသမား က အဲ့ဒီ ကလပ်အတွက် ပိုသင့်တော်လေ ဖြစ်ပါတယ်။
SciSports က နည်းပြ မော်ရင်ညို ကိုင်တွယ်နေတဲ့ အသင်းဖြစ်တဲ့ AS Roma ဟာ Antony [ အန်တိုနီ ] အတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ဘ ရာ ဇီးလ် ကြယ်ပွင့် Antony [ အန်တိုနီ ] အတွက် အသင့်တော်ဆုံးအသင်းက ရိုးမားပါ။
နည်းပြ မော်ရင်ညို ရဲ့ ရိုးမားအသင်းဟာ Antony [ အန်တိုနီ ] အတွက် Rating 80 ရရှိထားပြီး အီတလီ ကလပ်အသင်းဟာ ဘရာဇီးလ်သား အတွက် စံပြအသင်း ဖြစ်လာခဲ့ပါတယ်။
မန် ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ အတွက် ပူးတွဲ ဒုတိယ အကောင်းဆုံး အသင်းတွေကတော့ Rating 76 ရှိတဲ့ ချဲလ်ဆီး နဲ့ နယူး ကာဆယ် ယူနိုက်တက်တို့ ဖြစ်ပါတယ်။
မန်ယူအသင်း မှာ ရုန်းကန်နေရပေမယ့် အန်တိုနီ ရဲ့ လက်ရှိ အသင်းဟာ Rating 74 နဲ့ တောင်ပံ ကစားသမားအတွက် စတုတ္ထ အကောင်းဆုံး အသင်းအဖြစ် အဆင့်သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။
လီဗာပူးလ်ကတော့ Rating 73 နဲ့ အဆင့် ၅၊ နာပိုလီနဲ့ ရီးယဲလ်မက်ဒရစ်တို့က ကလပ်အသင်း အဆင့် သတ်မှတ်ချက် Rating 72 နဲ့ အဆင့် ၆ နေရာမှာ ပူးတွဲ ရပ်တည်နေပါတယ်။
ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ Antony [ အန်တိုနီ ]။
ထိပ်ဆုံး ၁၀ သင်းမှာ မန်ချက်စတာ စီးတီးနဲ့ ဂျူဗင်တပ်စ်တို့က Rating 71၊ အက်သလက်တီကို မက်ဒရစ် နဲ့ ဘိုင်ယန်မြူးနစ် တို့က Rating 70 ရလဒ် တွေနဲ့အတူ အဆင့် ၉ နဲ့ ၁၀ မှာ ပူးတွဲ ကိုယ်စီ ရပ်တည်နေပါတယ်။
အခု အချိန်မှာ ရိုးမားအသင်းက အန်တိုနီ အတွက် အကောင်းဆုံး ဖြစ်နိုင်ပေမယ့် ရိုးမား အသင်း နဲ့ မော်ရင်ညို ရဲ့ စာချုပ် ဟာ ရာသီကုန် မှာ သက်တမ်း ကုန်ဆုံးမယ့် အချက်ကို သတိပြုရပါမယ်။
လက်ရှိ အချိန်မှာတော့ စာချုပ်သက်တမ်းတိုးမယ့် အရိပ်အယောင်တွေ မရှိသေးတာကြောင့် ဘရာဇီးလ်သားနဲ့ ကလပ်အသင်း နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် အချက်က ပေါ်တူဂီသား မန်နေဂျာက ထွက်ခွာသွားဖို့ လမ်းကြောင်းပေါ် နေပါတယ်။
ဘရာဇီးတောင်ပံ ကစားသမားဟာ အရင်နှစ်က အေဂျက်စ်ကနေ ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အခု အချိန်အထိ အားရစရာ မရှိသေးဘဲ အထူးသဖြင့် ဒီရာသီ ပြိုင်ပွဲစုံမှာ ဂိုးမသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။
အဲ့ဒီ အချက်ကြောင့်မလို့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ယူနိုက်တက် အသင်းဟာ ညာတောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူ ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
အဲရစ် တန်ဟက်ဂ် နဲ့ အဆင်မပြေတော့တဲ့နောက် ဂျေဒန် ဆန်ချို က အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားပြီး ခေါ်ယူမှု အသစ်အတွက် နေရာသစ် တစ်ခု ဖွင့်ထားခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။