Anthony Elanga ကို ရောင်းချခဲ့တဲ့ ယူနိုက်တက်ရဲ့ အမှား။

Anthony Elanga to Forest United mistake WS
December 26, 2023

လူငယ် ကြယ်ပွင့် Anthony Elanga [ အန်တိုနီ အီလန်ဂါ ] ကို ရောင်းချခဲ့တဲ့ ယူနိုက်တက်ရဲ့ အမှား။

Anthony Elanga [ အန်တိုနီ အီလန်ဂါ ] ကို မန်ချက်စတာ ယူနိုက်တက် တို့အ နေနဲ့ အသင်း ရဲ့ ဆိုးဝါးရဲ့ စီးပွားရေး အခြေအနေကြောင့် ရောင်းချလိုက်ရတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ် တန်ဟက် လက်ထက်မှာ ဆိုးရွားတဲ့ စီးပွားရေး အပြောင်း‌အရွှေ့ ချို့ယွင်းမှုတွေ လုပ်ခဲ့တာ အလေ့အထ ပုံစံမျိုး ဖြစ်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဖောရက်စ်မှာ ‌ခြေစွမ်း ပိုကောင်းလာတဲ့ အန်တိုနီ အီလန်ဂါ။

နောက်ဆုံး အနေနဲ့ မန် ယူနိုက်တက် အသင်းအတွက် ပြောင်းရွှေ့ကြေး တစ်ရပ် ရရှိဖို့က ဆွီဒင် ကြယ်ပွင့် Anthony Elanga [ အန်တိုနီ အီလန်ဂါ ] ကို နွေရာသီတုန်းက ရောင်းချမှုပဲ ဖြစ်ပါတယ်။

အရင်ကနဲ့ မတူဘဲ အန်တိုနီ အီလန်ဂါဟာ ကလပ်သစ် နော်တင်ဟမ် ဖောရက်စ် အသင်းမှာ လျင်မြန်စွာ ရင့်ကျက်လာပြီး ယူနိုက်တက် တိုက်စစ် ကစား သမားတွေ ရဲ့ စွမ်းဆောင်ရည်ထက် သာလွန်နေပြီ ဖြစ်ပါတယ်။

Anthony Elanga at Man United

ယူနိုက်တက် ကြယ်ပွင့်ဟောင်း အီလန်ဂါ။

၂၀၂၁/၂၂ ရာသီ အတွင်း ဆွီဒင် ကြယ်ပွင့် ဟာ  အဲရစ် တန်ဟက်ဂ် လက်ထက်မှာ သူ့ ရဲ့ ပွဲ ကစားချိန် နည်းပါးလာတာကို သိခဲ့ပြီး နောက်ဆုံး တခြား နေရာတွေမှာ ကစားခြင်းဟာ သူ့အတွက် ပိုကောင်းမယ်ဆိုတာ သိသာ ထင်ရှားလာခဲ့ပါတယ်။

ဆွီဒင်သား Anthony Elanga [  အီလန်ဂါ ] ကို လက်လွှတ်ခဲ့တာ ယူနိုက်တက်တို့ အတွက် စောလွန်းပါတယ်။

နော်တင်ဟမ် ဖောရက်စ် အသင်းဘက်က ၂၁ နှစ်သား Anthony Elanga ကို ယူရို ၁၇.၅ သန်း နဲ့ ခေါ် ယူ ခဲ့မှုက ယူနိုက်တက် အသင်းအတွက် လည်း ကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်ပုံရပါတယ်။

သို့သော်လည်း နောက်ကွယ်မှာ တန်ဟက်ဂ် အနေနဲ့ A. Elanga [ အန်တိုနီ အီလန်ဂါ ] ကို လက်လွှတ်ခဲ့တာ လုံးဝ မြန်ဆန်လွန်းခဲ့ပြီး အခုချိန် သူဟာ ရုန်းကန်နေရတဲ့ ဖောရက်စ် အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနေပါတယ်။

Anthony Elanga scored 4 goals for Forest

ဖောရက်စ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အီလန်ဂါ။

ဒါဟာ သူ့ ပတ်ဝန်းကျင်မှာ ပိုမို ကောင်းမွန်တဲ့ ကစားသမားများ (စာရွက်ပေါ် မှ) နဲ့ တွဲ ကစားရင်း ပိုပြီး  အခြေအနေ မြင့်တက်လာနိုင်တယ်လို့ ထင်ဟပ် စေနိုင်ပါတယ်။

သူ့ ရဲ့ အလားအလားအတိုင်း ဆက်လက်ရှိနေတဲ့ Anthony Elanga [ အန်တိုနီ အီလန်ဂါ ]။

ဘယ်တောင်ပံ ကစားသမား Anthony Elanga [ အန်တိုနီ အီလန်ဂါ ]  ဟာ ပရီးမီးယားလိဂ် ရဲ့ အသုံးဝင်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် လျင်မြန်စွာ ပေါ် ထွက်လာခဲ့ပါတယ်။

ဒေတာကျွမ်းကျင်သူများ SciSports ရဲ့ အဆိုအရ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ဟာ အခု လက်ရှိ အခြေအနေမှာ အကောင်းဆုံး ကစားသမား များထဲမှ တစ်ဦး ဖြစ်ပါတယ်။

SciSports ဟာ ပြီးခဲ့သည့် ခြောက်လအတွင်း သူ့ ရဲ့ စွမ်းရည်တွင် သိသိသာသာ အပြုသဘောဆောင်သော တိုးတက်မှုကို သတိပြုမိခဲ့ပြီးနောက်မှာ Elanga ဟာ ငယ်စဥ်က အရည်အချင်းများ အတိုင်း ဆက်လက် ရှိနေဆဲလို့ ဆိုရမှာပါပဲ။

Anthony Elanga compared to Man United attackers in EPL

ဖောရက်စ်အသင်းအတွက် အီလန်ဂါရဲ့ စွမ်းဆောင်ရည်။

တကယ်တော့ ဆွီဒင်သားဟာ  သူ့မှာ လက်ရှိ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမားတွေ လိုမျိုး ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု အများအပြားလည်း ရှိနေပါတယ်။

Boxing Day တုန်းက နယူးကာဆယ် အသင်းနဲ့ ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပြီးနောက် အန်တိုနီ အီလန်ဂါ ဟာ ၁၉ ပွဲ မှာ ၅ ဂိုး ဖန်တီးထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။

အသင်းက ရုန်းကန်နေရပေမယ့် သူ့ ရဲ့ စွမ်းဆောင်ရည်က မာစီယယ်၊ ‌ဟော့ချ်လန်း၊ အန်တိုနီ၊ ပယ်လစ္စထရီ၊ ဂါနာချို နဲ့ ရက်ရှ်ဖို့ဒ် တို့ ရဲ့ အားလုံး စုစုပေါင်း ကိန်း ဂဏန်းတွေ နဲ့ ပမာဏ တူညီနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment