Anthony Gordon အတွက်ကမ်းလှမ်းမှုကိုလက်ခံမယ့်အဲဗာတန်။
![Anthony Gordon to Newcastle United](https://myanmarsports.net/wp-content/uploads/2023/01/Anthony-Gordon-to-Newcastle-United-WS.png)
တိုက်စစ်မှူး Anthony Gordon [ အန်တိုနီ ဂေါ် ဒန် ] အတွက် နယူးကာဆယ် ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားမယ့် အဲဗာတန်။
Anthony Gordon [ အန်တိုနီ ဂေါ် ဒန် ] အတွက် နယူးကာဆယ် အသင်းဟာ ကမ်းလှမ်းမှုကို စ, တင်ခဲ့ပြီး အဲဗာတန် အသင်း အနေနဲ့ ဒီ ကမ်းလှမ်းမှုကို လက်ခံဖို့ အသင့် ဖြစ်နေပြီလို့ သိရပါတယ်။
ကလပ် အသင်း နှစ်သင်းဟာ အသက် ၂၁ နှစ် အရွယ် ကစားသမားအတွက် ဖြစ်နိုင်ချေ ရှိတဲ့ အပြောင်းအရွှေ့ အတွက် ပြင်ဆင်နေပြီး Magpies [ နယူးကာဆယ် ယူနိုက်တက် ] ဘက်က ကစားသမားကို ယူရို ၃၉ သန်း ကနေ ယူရို ၅၆ သန်းအထိ တရားဝင် ကမ်းလှမ်းမှု စ,တင်ခဲ့တယ်လို့ သိရပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အဲဗာတန်နဲ့ နယူးကာဆယ်တို့ Anthony Gordon [ ဂေါ် ဒန် ] အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိနိုင်ပါတယ်။
အဝတ်လဲခန်းက ကစားသမားက ထွက်ခွာဖို့ မျှော်လင့်နေပြီး အဲဗာတန်က ဒီနေ့ သဘောတူညီချက်ကို မီးစိမ်းပြတော့မယ်ဆိုတာ Finch Farm ရဲ့ သတင်း ရင်းမြစ်တွေဆီကနေ လေ့လာ သိရှိခဲ့ရပါတယ်။
အင်္ဂလန် ယူ-၂၁ ကြယ်ပွင့် အန်တိုနီ ဂေါ် ဒန် ဟာ အဲဒီနောက် အပြောင်းအရွှေ့ကို အပြီးသတ်တဲ့ အနေနဲ့ ဆေးစစ်မှုခံယူဖို့ St James’ Park [ နယူးကာဆယ် ယူနိုက်တက် ] အသင်းဆီ သွားမှာဖြစ်ပါတယ်။
![Anthony Gordon against Newcastle](https://i1.wp.com/myanmarsports.net/wp-content/uploads/2023/01/Anthony-Gordon-against-Newcastle.png?resize=640%2C335&ssl=1)
![Anthony Gordon against Newcastle](https://i1.wp.com/myanmarsports.net/wp-content/uploads/2023/01/Anthony-Gordon-against-Newcastle.png?resize=640%2C335&ssl=1)
နယူးကာဆယ်နဲ့ တွေ့ဆုံခဲ့တုန်းက အန်တိုနီ ဂေါ်ဒန်။
သတင်းတွေအရ တိုက်စစ်မှူး အန်တိုနီ ဂေါ် ဒန်ဟာ နည်းပြ Eddie Howe လက်အောက်မှာ ကစားလိုပြီး အရှေ့မြောက်ဘက်သို့ ပြောင်းရွှေ့ ကစားလိုတာကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေက ပြဿနာ ဖြစ်လာဖို့ မရှိပါဘူး။
ဂေါ် ဒန် အနေနဲ့ ” လန်ဒန်မြို့ ဟာ ချဲလ်ဆီး အသင်းနဲ့ ချိတ်ဆက်မှုတွေကြားမှာ အာရုံထွေပြားမှု တစ်ခုဖြစ်ကြောင်း ” ပြောခဲ့တဲ့ အဲဗာတန် ကွင်းလယ် ကစားသမားဟောင်း ရော့စ် ဘာခ်လေရဲ့ အကြံဥာဏ်ကို ယူခဲ့ကြောင်း သတင်း ရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် နယူးကာဆယ်နဲ့ ပိုနီးစပ်နေတဲ့ Anthony Gordon [ ဂေါ် ဒန် ]။
ဂေါ်ဒွန်ဟာ လီဗာပူးလ်ဖွား တစ်ဦးဖြစ်ပြီး မြောက်ပိုင်းအမြစ်များရှိသည့် လီဗာပူးအသင်း ရဲ့ အကျင့်စာရိတ္တနှင့် သမိုင်းကို နွေးထွေးစေသောကြောင့်လည်း ချယ်လ်ဆီးအသင်းထက် နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ လိုလားကြောင်း သိရှိခဲ့ရသည်။
လူငယ် ကွင်းလယ်လူ ဂေါ် ဒန် ကို အခု ရာသီ နယူးကာဆယ် အသင်းအတွက် နည်းပြ အယ်ဒီ ဟောင်း ရဲ့ အုပ်ထိန်းမှုအောက် ထွန်းတောက်ခဲ့တဲ့ မီဂွယ် အယ်လ်မီရွန် နဲ့ ဆင်တူတဲ့ ပုံစံ နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
![Anthony Gordon Newcastle won Southampton](https://i0.wp.com/myanmarsports.net/wp-content/uploads/2023/01/Anthony-Gordon-Newcastle-won-Southampton.png?resize=640%2C335&ssl=1)
![Anthony Gordon Newcastle won Southampton](https://i0.wp.com/myanmarsports.net/wp-content/uploads/2023/01/Anthony-Gordon-Newcastle-won-Southampton.png?resize=640%2C335&ssl=1)
အယ်ဒီ ဟောင်း ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အတည်ပြုဖို့ ငြင်းဆန်ထားပါတယ်။
အင်္ဂလန်သား ဂေါ်ဒွန်ဟာ နွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ အများအပြား မျှော်လင့်ထားပေမယ့် လန်ဒန် အသင်းနဲ့ အပြောင်းအရွှေ့က အားလုံး ထင်ထားသလိုမျိုး အကောင်အထည်မပေါ်ခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းဟာ အဆိုပါ ကစားသမားကို အလွန်သဘောကျနေပြီး သူ့ကို ခေါ် ယူဖို့ ပစ်မှတ် ထားရှိထားဆဲဖြစ်ပေမယ့် အခုအခါ သူတို့ အနေနဲ့ လက်လွတ်သွားဖွယ်ရှိပြီး ကစားသမားကတော့ နယူးကာဆယ်အသင်းဆီပဲ ရောက်ရှိလာမယ်လို့ ယူဆထားပါတယ်။
နယူးကာဆယ်အတွက် ပထမဆုံး ဇန်နဝါရီ ခေါ် ယူမှု ဖြစ်လာမယ့် ဂေါ် ဒန် အတွက် အပြောင်းအရွှေ့။
နယူးကာဆယ် အသင်းဟာ ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဥ် ပြီးနောက်မှာတော့ နည်းပြ အယ်ဒီ ဟောင်းက သူ့ရဲ့ အသင်း အနေနဲ့ လူငယ် ကစားသမားအတွက် ပြောင်းရွှေ့ခြင်း ရှိမရှိကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
သဘောတူညီချက် နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းတဲ့အချိန်မှာ မန်နေဂျာက သတင်းထောက်ကို “ ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော်မသိပါဘူး။ ကျွန်တော် ပွဲစဥ်အတွက် ပြင်ဆင်နေတာမို့ မသိလိုက်ပါဘူး။ ဒါပေမယ့် ကစားသမားတစ်ဦးချင်းစီအပေါ် မှတ်ချက်မပေးလိုပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။
![Anthony Gordon scored 3 goals for everton](https://i1.wp.com/myanmarsports.net/wp-content/uploads/2023/01/Anthony-Gordon-scored-3-goals-for-everton.png?resize=640%2C335&ssl=1)
![Anthony Gordon scored 3 goals for everton](https://i1.wp.com/myanmarsports.net/wp-content/uploads/2023/01/Anthony-Gordon-scored-3-goals-for-everton.png?resize=640%2C335&ssl=1)
ဂေါ် ဒန်ဟာ ဒီရာသီ အဲဗာတန်အတွက် ၃ ဂိုး သွင်းယူပေးထားပါတယ်။
အဆိုပါ အပြောင်းအရွေ့ဟာ နယူးကာဆယ်ရဲ့ ပထမဆုံး ဇန်နဝါရီ စာချုပ်ကို ကိုယ်စားပြုပြီး အရေးပါတဲ့ တိုက်စစ် ကစားသမားတစ်ဦးကို အသင်းအင်အား ဖြည့်တဲ့ အနေနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။
အဲဗာတန်ရဲ့ နံပါတ် 10 ကစားသမားဖြစ်တဲ့ Anthony Gordon [ အန်တိုနီ ဂေါ် ဒန် ] ဟာ ဒီရာသီ အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၁၆ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူ ပေးထားပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။