McTominay ရဲ့ အပ်ဒိတ်ကို ပြောလာတဲ့ ဖာဘရီဇီယို။

McTominay has lost game-time to Casemiro
January 24, 2023

ဖာဘရီဇီယို ပြောတဲ့ Scott McTominay [ စကော့ထ် မက် တော်မီနေး ] ရဲ့ အပ်ဒိတ်သတင်း။

McTominay [ စကော့ထ် မက် တော်မီနေး ] ကို အခုလ အတွင်း ရောင်းချခြင်းဟာ ကျန် ရာသီအတွက် အရေးပါတဲ့ ကစားသမား တစ်ဦးအဖြစ် ရှုမြင် ခံရဖို့ မဖြစ်နိုင်ခြင်းကြောင့် ဆိုပြီး အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယို ရိုမန်နိုက ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မက် တော်မီနေး ဟာ အခု ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အိုးထရက်ဖို့ဒ် က ထွက်ခွာ ဖို့ ချိတ်ဆက် နေပြီး အဲ့အထဲမှာ နယူးကာဆယ် ယူနိုက်တက် အသင်း က စိတ်ဝင်စား နေကြောင်း သတင်းတွေ ထွက်‌ပေါ် နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကွင်းလယ် ကစားသမား ကာစီမီရိုကြောင့် McTominay [ မက် တော်မီနေး ] ဟာ အသင်းမှာ ‌ပွဲထွက်ခွင့် ‌နည်းနေပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့ဂုရုကြီး ရိုမန်နို က United Stand ရုပ်သံလိုင်းမှာ ကလပ်အသင်း အနေနဲ့ အနည်းဆုံး ဒီလအတွင်းမှာ ကွင်းလယ်လူ စကော့ထ်ကို မဆုံးရှုံးစေချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ် ယူနိုက်တက်အသင်းဟာ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို နည်းပြ အယ်ဒီ ဟောင်းက သဘောကျနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

McTominay _against Man City

မန်စီးတီးနဲ့ တွေ့ဆုံခဲ့စဥ်က တော်မီနေး။

ဒါပေမယ့် ဒီဇန်န၀ါရီလမှာ မန် ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အသင်းဘက်က သူတို့ရဲ့ ကွင်းလယ် ကစားသမား အတွက် ပြောင်းရွှေ့ ကြေးကို ပြန်တွန်းအားပေးပါလိမ့်မယ်။

စကော့ထ် မက်တိုမီနေးဟာ နွေရာသီတုန်းက ရီးယဲလ် မက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကာစီမီရိုကြောင့် သူ့ရဲ့ ပွဲကစားချိန်တွေ ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ ကာစီမီရိုရဲ့ ပွဲပယ် ခံရမှုကြောင့် အမ်းမရိတ်မှာ အာဆင်နယ်ကို ၃ -၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ စ,တင် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်က ကွင်းလယ်လူ McTominay [ စကော့ထ် မက် တော်မီနေး ] ကို ချီးကျူးထားပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က အာဆင်နယ် အသင်းနဲ့ အမ်းမရိတ်မှာ ထိပ်တိုက် တွေ့ ဆုံမယ့် ပရီးမီးယားလိဂ် အဝေးကွင်း မတိုင်ခင်  မက်ခ် တော်မီနေးကို သဘောကျစွာ ချီးကျူး ပြောဆိုခဲ့ပါတယ်။

“ဒါက မှန်ကန်တဲ့ ဖြေရှင်းချက်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ Scott က အလုပ်ကို ကောင်းကောင်း လုပ်နိုင်တယ်။ သူက ကျွန်တော်တို့ အသင်းအတွက် အရမ်းကို ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ။ သူ့ အနေနဲ့ ကောင်းမွန်တဲ့ တိုးတက်မှုတွေ လုပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ”

McTominay Erik ten Hag praises McTominay

မန်စီးတီးနဲ့ပွဲမှာ တန်ဟက်ဂ်က တော်မီနေးကို ချီးကျူးခဲ့ပါတယ်။

“ ပြီးခဲ့တဲ့ အပတ်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ နေရာမှာ ဖရက်ဒ် ကစားနိုင်တဲ့ နေရာကို ကျွန်တော့် စိတ်ထဲမှာ တစ်ခုခုတော့ ရှိခဲ့ပါတယ်။ သို့ပေမယ့် ပွဲ ကစားချိန် အတွင်းမှာ လိုအပ်ရင် ပြောင်းလဲနိုင်ပါတယ်။ ” လို့ နယ်သာလန်သား နည်းပြက ပြောပါတယ်။

ကစားသမားသစ် များများစားစား ခေါ် ယူနိုင်ခြင်း မရှိတဲ့ မန် ယူနိုက်တက် အသင်း။

ကလပ်အသင်းကတော့ ယူရိုပါလိဂ်မှာ ဆက်လက် ရပ်တည်နေပြီး နောက်ထပ် အနေနဲ့ ပရီးမီးယား လိဂ်မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပူတပြင်း ကြိုးစား ယှဉ်ပြိုင်လျက် ရှိနေပါတယ်။

ဆိုလိုတာက ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ အနေအထား နေရာကို ဆက်လက် ထိန်းထားနိုင်ဖို့ ကြိုးစားနေတာကြောင့် ကွင်းလယ် အစားထိုး ရှိနေပါက ရာသီကုန် အထိ ပွဲပေါင်း များစွာကို ခံနိုင်ရည် ရှိ မှာ ဖြစ်ပါတယ်။

McTominay vs Casemiro

ကာစီမီရိုရောက်လာခြင်းက တော်မီနေးကို ပွဲထွက်ခွင့်နည်းသွားစေပါတယ်။

ဂလေဇာရဲ့ ပိုင်ဆိုင်မှု အနာဂတ် မရေရာမှု များကြောင့် ကလပ် အသင်းဘက်က ကစားသမားသစ်တွေကို အပြီးသတ် ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီနေရာမှာ – Financial Fair Play ဆိုတဲ့ ငွေကြေး မျှတ သုံးစွဲမှု တစ်စိတ်တစ်ပိုင်းလည်း ပါဝင်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment