Ziyech ကို ဂေါ်ဒန်နေရာ အစားထိုး ခေါ်ယူမယ့် အဲဗာတန်။

Ziyech is wanted by Everton
January 26, 2023

တောင်ပံကစားသမား Ziyech [ ဇီယက်ခ်ျ ] ကို ဂေါ်ဒွန်နေရာမှာ အစားထိုးဖို့ အလိုရှိနေတဲ့ အဲဗာတန် အသင်း။

Ziyech [ ဇီယက်ခ်ျ ] ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ နယူးကာဆယ် အသင်းက မျှော်လင့်ထားတဲ့အတိုင်း အဲဗာတန် အသင်းကနေ အန်တိုနီ ဂေါ်ဒွန် ထွက်ခွာပါက သူ့နေရာ အစားထိုးဖို့  မော်ရိုကို တောင်ပံ ကစားသမားကို အောင်မြင်စွာ ခေါ် ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဇီယက်ချ်ဟာ ကာတာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်ဖူးတဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် မော်ရိုကို ကြယ်ပွင့် ကစားသမား ဖြစ်လာခဲ့ပေမယ့် ကလပ်အသင်းမှာတော့ မကြာသေးမီ ရာသီများအတွင်း ပွဲထွက်ခွင့်တွေ သိသိသာသာ နည်းပါးသွားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အဲဗာတန် တိုက်စစ်မှူး ဂေါ် ဒန်အတွက် အစားထိုး အဖြစ် Ziyech [ ဇီယက်ခ်ျ ]။

ဖရန့်ခ် လမ်းပတ်ဟာ ချဲလ်ဆီးအသင်း နည်းပြ ဖြစ်စဥ် အချိန်က ၂၀၂၀ နွေရာသီမှာ အေဂျက်စ် က နေ ယူရို သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဇီယက်ချ်ဟာ သောမတ်စ် တူချယ် နဲ့ ဂရေဟမ်ပေါ်တာတို့လက်ထက် စတန်းဖို့ဒ်ဘရစ်ချ်မှာ နည်းပြအဆက်ဆက် ရဲ့ ယုံကြည်မှုကိုရရှိဖို့ ရုန်းကန်နေရပါတယ်။

သူ့ကို ဒီရာသီ ပြိုင်ပွဲစုံမှာ ခြောက်ပွဲသာ ပွဲထွက်ခွင့် ကန့်သတ်ထားပြီး အဲဗာတန် အသင်းဘက်က အသက် ၂၉ နှစ်အရွယ် တောင်ပံ ကစားသမားကို ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပြီလို့ အားကစား သတင်းဌာန Sky Sports က ဖော်ပြခဲ့ပါတယ်။

Ziyech vs graham potter

အသင်းမှာ ပွဲထွက်ခွင့် နည်းလာတဲ့ ဇီယက်ချ်။

“အဲဗာတန်အသင်းက ချဲလ်ဆီး တောင်ပံကစားသမား ဟာကင် ဇီယက်ခ်ျကို အန်တိုနီဂေါ်ဒွန်ရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာ ရှိနေတယ်” လို့ သူတို့က ခန့်မှန်း ဖော်ပြခဲ့ ကြပါတယ်။

သတင်းရင်းမြစ် တစ်ခုက Sky Sports News ကို ပြောကြားရာမှာ အဲဗာတန် အသင်းဟာ မော်ရိုကို တောင်ပံ ကစားသမား အတွက် ပေါင် ၂၅ သန်း (ယူရို ၂၈.၄ သန်း) အထိ ပေးချေဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ချဲလ်ဆီးအသင်းက သူ့ကို စွန်းလွှတ်ဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဆီ ပြောင်း‌ရွှေ့ဖွယ် ရှိနေတဲ့ အဲဗာတန် တိုက်စစ်မှူး အန်တိုနီ ဂေါ် ဒွန်။

မနေ့က ကျွန်တော်တို့ ဖော်ပြခဲ့တဲ့ အတိုင်း အဲဗာတန် အသင်းဟာ ဂေါ်ဒွန်အတွက် နယူးကာဆယ်မှ ဖြစ်နိုင်တဲ့ အပိုပရိုဂရမ်များအတွက် ယူရို ၃၉ သန်း ကနေ ယူရို ၅၆ သန်းအထိ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး စိန့်ဂျိမ်းစ်ပါ့ခ်ဘက်က သူတို့ရဲ့ အကြိုက်ဆုံး နေရာဖြစ်ကြောင်း နားလည်ထားပါတယ်။

မော်ရိုကို တောင်ပံ ကစားသမား ဇီယက်ခ်ျဟာ ဂေါ်ဒွန်အတွက် အစားထိုးဖို့ စံပြနေရာ ဖြစ်နိုင်ပြီး နည်းပြ လမ်းပတ်သည် Goodison Park [ အဲဗာတန် ] ကနေ မကြာသေးမီကမှ ထွက်ခွာသွားခဲ့ပေမယ့် အလုပ်များတွင် အလားအလာကောင်းများ ရှိနေသေးသည်။

Ziyech will be replacement for Gordon

နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အန်တိုနီ ဂေါ် ဒွန်။

ဖရန့်ခ် လမ်းပတ်ဟာ ချယ်လ်ဆီး နည်းပြ ဘဝတုန်းက ဇီယက်ခ်ျရဲ့ အဓိက ကျောထောက် နောက်ခံ တစ်ဦးဖြစ်ပြီး တိုဖီးစ် [ အဲဗာတန် ] အသင်းဟာ သူ့ရဲ့ နေရာကို ဆက်ခံမယ့် မန်နေဂျာအဖြစ် မခန့်အပ်မီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကြီးကြီးမားမား သုံးစွဲဖို့ တွန့်ဆုတ်နေပေမည်။

ချဲလ်ဆီးအသင်းကနေ Ziyech [ ဇီယက်ခ်ျ ] အပြင်  ထွက်ခွာသွားနိုင်တဲ့ နောက်ထပ် ကစာသမား (၄) ဦး။

လန်ဒန် ကလပ် အသင်းဟာ မည်သည့် အခြေအနေတွင် မဆို ရောင်းထုတ်ရန် တွန်းအားပေးနေပြီး အေစီမီလန် နှင့် ရိုးမားတို့ ရဲ့ ပုံစံနဲ့ အီတလီ စီးရီးအေမှ စိတ်ဝင်စားမှုများ ရှိနေကြောင်း သိရသည်။

အန်ဂိုလို ကန်တေဟာ ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးမလားဆိုတာ မရှင်းလင်းသေးပါဘူး။ ခရစ္စတီယန် ပူလီဆစ်ဟာလည်း ထွက်ခွာဖို့ ချိတ်ဆက်မှုများရှိနေပြီး ထွက်သွားမယ့် ကစားသမားစာရင်းတွင် ပါဝင်နေဆဲဖြစ်ပါတယ်။

Ziyech vs Croatia

မော်ရိုကို တောင်ပံကစားသမား ဇီယက်ချ်။

အော်ဘာမီယန်းကို ချဲလ်ဆီးအသင်းရဲ့ ကာလရှည်ကြာ တိုက်စစ်မှူး ပြဿနာ ဖြေရှင်းဖို့ ခေါ်ယူခဲ့ပေမယ့် အခုအချိန်ထိ အားကိုးမရသေးတာကြောင့် ထွက်ခွာသွားရဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက အငှားနဲ့ ခြေစွမ်းတွေ တိုးတက်လာခဲ့တဲ့ ကွန်နာ ဂါလယ်ဂါအတွက် ကမ်းလှမ်းမှုတွေကို ချဲလ်ဆီးက ပယ်ချခဲ့ပေမယ့် သူဟာ ခရစ္စတယ်ပဲလေ့စ်အတွက် ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦး ဖြစ်ပါလိမ့်မယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment