M Mudryk10 နဲ့ အာဆင်နယ် အပြောင်းအရွှေ့။

M Mudryk10 to Arsenal WS
November 28, 2022

ကွင်းလယ်တိုက်စစ် M Mudryk10 [ မူဒရစ် ] ရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချ သတ်မှတ်လိုက်တဲ့ ရှက်ခ်တာ ဒိုးနက်စ်အသင်း။

M Mudryk10 [ မူဒရစ် ] ရဲ့ ပြောင်းရွှေ့ကြေးကို ‌ရှက်ခ်တာ ဒိုးနက်စ်အသင်းက လျှော့ချ သတ်မှတ်လိုက်တာကြောင့် ကစားသမားအတွက် အာဆင်နယ်အသင်းက သူတို့ရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုကို အရှိန်မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူကရိန်းကလပ် Shakhtar Donetsk အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား M Mudryk10 [ မီခါအိလာ မူဒရစ် ]  ကို ခေါ်ယူဖို့ ချိတ်ဆက်ဖို့ရာမှာ သိသာထင်ရှားတဲ့ တွန်းအားတစ်ခု ရရှိထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ရှက်ခ်တာ ဒိုးနက်စ်က M Mudryk10 [ မူဒရစ် ] ကို ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ ထွက်ခွာခွင့် ပြုနိုင်ပါတယ်။

ဂန်းနားတွေဟာ ‘ယူကရိန်း နေမာ’ လို့  နာမည် ကြီးနေတဲ့  ကစားသမားနှင့် ချိတ်ဆက်ထားတဲ့  အသင်‌တွေ များစွာထဲကမှ တစ်သင်း အပါအဝင် ဖြစ်ပြီး သူတို့ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားကို ခေါ်ယူဖို့ အထူးခြားဆုံး လူကြိုက်အများဆုံး အသင်းလို့ ပြောနေကြပါတယ်။

ယူကရိန်းသား M Mudryk [ မီခါအိလာ မူဒရစ် ] ဟာ အာဆင်နယ်အသင်းဆီ သွားမယ့် အလားအလာမှာ ကစားသမားရဲ့ တောင်းဆိုမှုကို ရှက်ခ်တာမှ ပြောင်းရွှေ့ကြေး လျှော့ချပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း အားကစား မီဒီယာ The Mirror မှာ ဖော်ပြခဲ့ပါတယ်။

M Mudryk10 is in good form at Shakhtar Donetsk

ရှက်ခ်တာဒိုးနက်စ်မှာ ခြေစွမ်းကောင်းတွေ ပြနေတဲ့ မူဒရစ်။

ယူကရိန်းကလပ် အသင်းဟာ ကစားသမားအတွက် ယူရို သန်း ၁၀၀ ကျော် ရရှိဖို့ မျှော်လင့်ထားကြောင်း အရင်က ပြောကြားခဲ့ပေမယ့် မူဒရစ်ရဲ့ ထိပ်တန်းအဆင့် အရည်အချင်းကို ပြသဖို့ အခွင့်အရေးကို နိုင်ငံတွင်း နိုင်ငံရေးအခြေအနေ‌တွေက ကန့်သတ်ထားခဲ့ပါတယ်။

ဒါက စိတ်ကူးယဉ်ဆန်တဲ့ ပမာဏတစ်ခုလို့ အမြဲ ယူဆထားပေမယ့် အခုအခါမှာတော့ ကစားသမားက ယူရို ၄၆ သန်း ဝန်းကျင်နဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

အာဆင်နယ်အသင်းက Mykhaylo Mudryk [ မူဒရစ် ] ကို ခေါ်ယူသွားမလား။

ကလပ်အသင်းက သတ်မှတ်လိုက်တဲ့ အဆိုပါ ပြောင်းရွှေ့ကြေးနဲ့ပဲ အာဆင်နယ်အသင်းဟာ ကစားသမား ရဲ့ လုပ်ခ လ စာနဲ့ ပတ်သက်လို့ ညှိနှိုင်းဖို့ အရေးပါတဲ့ အခန်း လုပ်ငန်းစဥ်ကို ရောက်နေပြီလို့ သိရပါတယ်။

M Mudryk10 at interview

ပြောင်းရွှေ့ကြေး မြင့်မားစွာသတ်မှတ်ထားလို့ မူဒရစ်က စိတ်မကောင်းဖြစ်မိတယ်လို့ ပြောဖူးပါတယ်။

မီခါအိလာ မူဒရစ်ဟာ ရှက်ခ်တာ အတွက် မြင့်မားတဲ့ တောင်းဆိုမှု စျေးနှုန်းလို့ အမည်ပေးရာမှာ စိတ်ပျက်မိကြောင်း ပြောဆိုထားပြီ ဖြစ်ပြီး ဒါဟာ အပြောင်းအရွှေ့ဖြစ်မည့် အလားအလာအတွက် အလွန် ပွင့်လင်းကြောင်း အကြံပြုထားတာ ဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး မူဒရစ်က  “ကျွန်တော် အရမ်းစိတ်ဆိုးခဲ့တာကို ဖုံးကွယ်မထားပါဘူး။ ယူရို သန်း ၁၀၀ ပမာဏဟာ ကျွန်တော် အရမ်းမက်မောခဲ့ရတဲ့ ထိပ်တန်း ချန်ပီယံဆုအတွက် အတားအဆီးဖြစ်စေပါတယ်။ ”

“ငါ့အိပ်မက်က အသတ်ခံရတယ်လို့ မပြောနိုင်ပေမယ့် ဒဏ်ရာကတော့ သေချာပါတယ်။” လို့ အားကစား မီဒီယာ Sport Arena ကို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ M Mudryk10 [ မူဒရစ် ] အတွက် ပြောင်းရွှေ့ကြေး ဘတ်ဂျက်။

တစ်ချိန်တည်းမှာပဲ ဂန်းနားတို့ဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖလားကို အားကောင်းလာစေဖို့ အတွက် အနည်းဆုံး ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း ကျယ်ကျယ်ပြန့်ပြန့် အကြံပြု ပြောထားခဲ့ပါတယ်။

M Mudryk10 against Real Madrid

ရီးယဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့စဥ်က မူဒရစ်။

လန်ဒန် ကလပ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခေါ် ယူဖို့ အသင်းရဲ့ အပြောင်းအရွှေ့ အသုံးစရိတ် အတွက် ယူရို ၅၈ သန်း ( ပေါင်သန်း ၅၀ ) ရှိတယ်လို့ ယူဆထားကြပါတယ်။

လန်ဒန်ကလပ် အသင်း အနေနဲ့  M Mudryk [ မူဒရစ် ] အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ သုံးလိုက်မယ်ဆိုရင် သူတို့ရဲ့ ဘတ်ဂျက် အများစုကို ကုန်ဆုံးသွားမှာ ဖြစ်ပြီး ကွင်းလယ်လိုမျိုး တခြားနယ်ပယ်တွေမှာ အားကောင်းလာဖို့ လုပ်ဆောင်ရာမှာ အတားအဆီး ဖြစ်နေပါလိမ့်မယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment