Zaire-Emery ရဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်။

Zaire-Emery confirms his status as the Champions League most exciting talent WS
December 14, 2023

ကွင်းလယ်လူ Zaire-Emery [ ဇာအဲ - အမ်မ်ရီ ] ရဲ့ ချန်ပီယံလိဂ် စွမ်း‌ဆောင်ရည်။

Zaire-Emery [ ဇာအဲ – အမ်မ်ရီ ] က သူ့အား ဒီနှစ် ချန်ပီယံလိဂ် ရာသီရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရည်အချင်း ရှိတဲ့ လူငယ် ကစားသမား တစ်ဦး အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။

Warren Zaire-Emery ဟာ အသက် ၁၇ နှစ်အရွယ် အံ့သြဖွယ် ခြေစွမ်း အလားအလာ အပေါ်  ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့် ဒေါ့မွန် နဲ့ပွဲမှာ PSG အတွက် အံ့အားသင့်ဖွယ် ကောင်းတဲ့ ခြေစွမ်း နဲ့အတူ သူ့ ရဲ့ အဆင့်အတန်းကို ပြသခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်းကို စိတ်သက်သာရာ ရစေခဲ့တဲ့ ဇာအဲ - အမ်မ်ရီ။

ဇန်နဝါရီအထိ အနားယူရဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့တဲ့ Zaire-Emery ဟာ ချန်ပီယံလိဂ်မှာ ဘွန်ဒက်စ်လီဂါ အသင်းနဲ့ ရင်ဆိုင်ဖို့ PSG အသင်းမှာ ပါဝင်လာခဲ့ပါတယ်။

လူငယ် ကွင်းလယ်လူ Zaire-Emery [ ဇာအဲ – အမ်မ်ရီ ] ဟာ နည်းပြ လူးဝစ် အင်နရစ် ရဲ့ PSG အသင်းအား ချန်ပီယံလိဂ် ရဲ့ နောက်ဆုံး ၁၆ သင်း ရှုံးထွက် အဆင့်ဆီ ပို့ဆောင်ပေးမယ့် အဓိက ဂိုး ကို သွင်းယူပေးခဲ့ပါတယ်။

Zaire-Emery scored 1 goal against Dortmund

PSG အတွက် အဓိက ဂိုးကို သွင်းယူပေးခဲ့တဲ့ ဇာအဲ – အမ်မ်ရီ။

ပဲရစ်စ် အသင်းဟာ လွန်ခဲ့တဲ့ နှစ်ပတ်က နယူးကာဆယ် နဲ့ ကစားခဲ့ တုန်းကလိုမျိုး ဒေါ့မွန်နဲ့ ပွဲမှာလည်း ဂိုး မရရှိနိုင်ဘဲ စိတ်ပျက်ဖွယ်ကောင်းတဲ့ ပုံစံကို ထပ်ခါတလဲလဲ ဖော်ဆောင်နေခဲ့ကြပါတယ်။

ဒေါ့မွန်နဲ့ ပွဲမှာ Zaire-Emery [ ဇာအဲ - အမ်မ်ရီ ] ရဲ့ စွမ်းဆောင်ရည်။

ဒါပေမယ့် Zaire-Emery [ ဇာအဲ – အမ်မ်ရီ ] ဟာ အိမ်ရှင် အသင်းကို လျင်မြန်စွာ တုံ့ပြန်မှုဖြင့် သူ့ ရဲ့ သွင်းဂိုးက နောက်ထပ် စီနီယာ ကစားသမား တွေကို စိတ်တည်ငြိမ်မှု ပေးစွမ်းခဲ့ပါတယ်။

Karim Adeyemi ရဲ့ ဦးဆောင်ဂိုးသွင်းယူပြီး ငါးမိနစ် အကြာမှာပဲ Kylian Mbappe ရဲ့ အသင်းက ၂၀၂၄ ခုနှစ် ယူရိုပါလိဂ် ပြိုင်ပွဲဝင် ဖြစ်သွား လုဆဲဆဲမှာပဲ  လူငယ် ကွင်းလယ် ကစားသမားက ဂိုးသွင်းယူခဲ့ပါတယ်။

Zaire-Emery won MOTM in CL 2023

ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အကောင်းဆုံး ကစားသမားဆု ၂ ကြိမ် ရခဲ့တဲ့ ဇာအဲ – အမ်မ်ရီ။

ဒါဟာ ဆက်ကျော်သက် လူငယ် ကွင်းလယ်လူ အတွက် နောက်ထပ် Golden Boy ဆုကို ရဖို့ အလားအလာ ရှိနေတဲ့ ဂုဏ်ယူဖွယ် အခိုက်အတန့် တစ်ခုလို့ ဆိုရမှာပါပဲ။

Zaire-Emery ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ် သွင်းဂိုးကို Mbappe ရဲ့ ဘယ်ဘက်ခြမ်း ဝင်ရောက်မှုကနေ  သူ့ရဲ့ ဖြတ်တင်ဘောဟာ ဂိုးဧရိယာ ထိပ်ကို ပြန်လျှံထွက်လာခဲ့ပြီး အဲ့ဒါကို ဇာအဲ – အမ်မ်ရီက ထပ်ပြီး သွင်းယူခဲ့ပါတယ်။

ပဲရစ်စ်အသင်း ကို Zaire-Emery [ ဇာအဲ - အမ်မ်ရီ ] က နောက်တစ်ဆင့် ကျော်ဖြတ်ပေးခဲ့ပါတယ်။

သူ့ ရဲ့ သွင်းဂိုးကြောင့် PSG အသင်းကို ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်း ရှုံးထွက် အဆင့်ဆီ တက်ရောက်စေခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည် ရင့်ကျက်မှုက တကယ်ကို အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။

“ ဒဏ်ရာကနေ ပြန်ရောက်လာပြီး ပထမပိုင်းအတွင်းမှာ သူ့ရဲ့ တိုက်စစ်နဲ့ ထိုးဖောက်မှုတွေက တောက်ပြောင်မှု မရှိခဲ့ပါဘူး။ ခြောက်မိနစ်အကြာမှာ သူဟာ ပွဲ ရဲ့ ပထမဆုံး အခွင့်အရေးကို ဖြုန်းတီးခဲ့ပါတယ်။ ”

“ ဒေါ့မွန် ရဲ့ သွင်းဂိုးအောက်မှာ ရှုံးနိမ့်နေခဲ့ပေမယ့် သွေးအေးအေးနဲ့ ပြန်ကစားခဲ့ပြီ အရာအားလုံးကို ချေမှုန်းပစ်ပြီးနောက် သူ့ရဲ့ တောက်ပတဲ့ ဒုတိယပိုင်းကို စတင်ခဲ့ပါတယ်။ ” လို့ L’Equipe က သူ့ ရဲ့ စွမ်းဆောင်ရည်အတွက် 7/10  ရမှတ်ကို ပေးဆောင်သွားခဲ့ပါတယ်။

Zaire-Emery will be at PSG until 2025

ဇာအဲ – အမ်မ်ရီ က ပီအက်စ်ဂျီ နဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။

ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ဇာအဲ – အမ်မ်ရီဟာ ၂ ဂိုး သွင်းယူထားပြီး Man of the Match ( ပွဲစဥ် ရဲ့ အကောင်းဆုံး ကစားသမား ဆု) ကို ၂ ကြိမ် ရရှိခဲ့ပါတယ်။

အပြောင်းအရွှေ့ ဈေးနှုန်း တွက်ချက်မှု အယ်လဂိုရီသမ်အရ အသက် ၁၇ နှစ်အရွယ် ကစားသမား ရဲ့ အခု လက်ရှိ ခန့်မှန်း ပြောင်းရွှေ့ကြေးက ယူရို ၃၂ သန်း ဝန်းကျင် ရှိနေပါတယ်။

ဒါက သူ့ကို အသက် ၁၈ နှစ်အောက် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမားဖြစ်လာစေခဲ့ပြီး ၂၀၂၅ မှာ ကုန်ဆုံးမယ့် စာချုပ်ကို PSG ဘက်က မကြာခင် သူ့အတွက် စာချုပ်သစ် ချုပ်ဆိုဖို့ မျှော်လင့်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment