ဒီနေ့ညနော့ဝှစ်ချ်အသင်းကို ရော်နယ်ဒို ဂိုးသွင်းမှာလား???

Christiano Ronaldo vs Norwich
December 11, 2021

 

ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုသည် နေ့ာဝှစ်ချ်စီးတီးနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို  ယှဉ်ပြိုင်ကစားရန် ကာရိုးလမ်းသို့ သွားရောက်ပြီး မန်ယူအသင်း

အတွက် စတင်ဖွယ်ရှိသည်။

 

မန်ချက်စတာယူနိုက်တက်အသင်းသည် ရန့်ဂနစ်ခ် လက်ထက်မှာ သူတို့၏ ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲစဉ်ကို အနိုင်ရရန် ကြိုးစားသွားမည် ဖြစ်သည်။

လက်ထောက်နည်းပြ မိုက်ကယ်ကာရစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးသောပွဲ၌ သရဲနီများသည် ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

 

ခရစ္စတီယာနို ရော်နယ်ဒိုသည် ယနေ့ည နောဝှစ်ချ်စီးတီးနှင့်ပွဲစဥ်၌ တိုက်စစ်တွင် ဦးဆောင်ရန် မျှော်လင့်ထားသည်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးသည် ဆွစ်ဇာ

လန်ချန်ပီယံ BSC Young Boys နှင့် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အနားရခဲ့သည်။ ရန့်ဂနစ်ခ်သည် Young Boys နှင့် ကစားသည့်ပွဲအတ္ငင်း ရော်နယ်ဒိုကို ပရီး

မီးယားလိဂ်မှာ လန်းဆန်းနေစေဖို့ အနားယူစေခဲ့ခြင်း ဖြစ်သည်။

 

     ✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👇👇👇

How to register in 1XBET?

 

ပေါ်တူဂီသားသည် ဘရူနို ဖာနန်ဒက်စ်၊ မားကပ်စ်ရပ်ရှဖို့ဒ် နှင့် ‌ဂျေဒန်ဆန်ချို တို့ကို တွဲဖက်ထားဖွယ်ရှိသည်။ ရန့်ဂနစ်ခ်သည် ၄-၂-၂-၂ ပုံစံနဲ့ ကစားရသည်ကို နှစ်သက်

သည့်အတွက် ရော်နယ်ဒိုသည် ပွဲစစချင်းမှာ တစ်ဦးတည်းတိုက်စစ်မှူး ဖြစ်လာမည် မဟုတ်ပါ

 

ယူနိုက်တက် အသင်းသည် လက်ရှိ ပရီးမီးယားလိဂ် မှာ သုံးပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါ။ ၎င်းပွဲစဥ်‌တွေမှာ အာဆင်နယ်နှင့် ခရစ္စတယ်ကို နိုင်ပွဲနှစ်ပွဲနှင့် စတန်းဖို့ဒ်ဘ

ရစ်ချ်မှာ ချဲလ်ဆီးကို သရေတစ်ပွဲတို့ ပါဝင်ပါသည်။

 

လက်ရှိအချိန်မှာ အမှတ်ပေးဇယား၏ နောက်ဆုံးချန်ပီယံလိဂ်နေရာကို သိမ်းပိုက်ထားသည့် ဝက်စ်ဟမ်းအသင်းနောက် ၃ မှတ်အကွာမှာ ရပ်တည်နေသည်။

နောဝစ်ချ်စီးတီးကို အနိုင်ရရှိလိုက်ပါက နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိလာမည် ဖြစ်သည်။

 

 

ခရစ္စတီယာနို ရော်နယ်ဒိုသည် နောဝစ်ချ်စီးတီးနှင့် ကစားရန် မက်လုံးပိုရလိမ့်မည်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးသည် ယူနိုက်တက်ကစားသမားအဖြစ် ယခင်

က နော့ဝှစ်ချ်အသင်းကို နှစ်ကြိမ်သာ ရင်ဆိုင်ခဲ့ရသည်။ ရော်နယ်ဒိုသည် ထိုနှစ်ပွဲစလုံးတွင် ဂိုးမသွင်းနိုင်ခဲ့ပေ။

 

ခရစ္စတီယာနို ရော်နယ်ဒိုသည် ယခုရာသီတွင် မန်ယူအသင်း၏ ဂိုးသွင်းဦးဆောင်သူ ဖြစ်သည်။

 

ရော်နယ်ဒိုသည် ရန့်ဂနစ်ခ်၏ စီမံခန့်ခွဲမှုအောက်တွင် ယူနိုက်တက်၏ အဓိကဂိုးသွင်းစက်အဖြစ် ဆက်လက်ရှိနေရန် လိုအပ်မည်ဖြစ်သည်။ Ballon d’Or (၅)ကြိမ်

ဆွတ်ခူးထားသူသည် လက်ရှိအချိန်တွင် မန်ယူအသင်း၏ ဂိုးသွင်းဦးဆောင်သူ ဖြစ်သည်။

 

ရော်နယ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲကစားပြီး ၁၂ ဂိုး သွင်းယူထားသည်။ တိုက်စစ်မှူးသည် ပရီးမီးယားလိဂ်မှာ ၆ ဂိုး သွင်း

ယူထားသည်။

 

 

ခရစ်စတီယာနိုရော်နယ်ဒိုသည် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့သည်မှာ မှတ်သားစရာဖြစ်သည်။ သူနောက်ဆုံးသွင်းခဲ့သည့် ပရီးမီးယားလိဂ်ဂိုးမှာ အိုးထ

ရက်ဖို့ဒ်၌ အာဆင်နယ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲမှ တတိယမြောက် အနိုင်ဂိုး ဖြစ်သည်။

 

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးသည် ပရီးမီးယားလိဂ်မှာ မန်ယူအသင်းအတွက် တစ်သမတ်တည်း ဂိုးမသွင်းနိုင်သေးပါ။ သူပါဝင်ကစားခဲ့သည့် လိဂ်ပွဲစဉ် ၁၂ ပွဲမှာ

ရော်နယ်ဒိုသည် ၄ ပွဲတွင်သာ ဂိုးသွင်းနိုင်ခဲ့သည်။

 

Leave A Comment