Pedro Neto က အရမ်း‌ဟော့ဖြစ်နေတဲ့ အပြောင်းအရွှေ့။

Pedro Neto is set to be January's hottest transfer property
September 19, 2023

ဘာကြောင့် Pedro Neto [ ပက်ဒရို နတ်တို ] က ဇန်နဝါရီရဲ့ ဟော့ အဖြစ်ဆုံး အပြောင်းအရွှေ့ ဖြစ်နေရတာလဲ။?

Pedro Neto [ ပက်ဒရို နတ်တို ] က ငွေအမြောက်အမြားဖြင့် ပြောင်းရွှေ့ရန် အလားအလာရှိနေသည်။ အသက် 23 နှစ်အရွယ် ကစားသမားသည် ခက်ခဲပြီး ဒဏ်ရာပြဿနာများ ကြုံနေရသည့် သုံးရာသီကြာပြီးနောက် ပုံမှန် ခြေစွမ်း ပြန်ကစားနေပါပြီ။

စနေနေ့က လီဗာပူးနဲ့ ကစားခဲ့တဲ့ အဖွင့် ၄၅ မိနစ်မှာ Pedro Neto [ ပက်ဒရို နတ်တို ] က အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ သူဟာ ဂိုးဖန်တီးမှု ရရှိနိုင်တဲ့  အခွင့်အရေး လေးခုကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးဖန်တီးရှင်အဖြစ် ရပ်တည်နေတဲ့ ပက်ဒရို နတ်တို။

လာဇီယိုကစားသမားဟောင်း Pedro Neto [ ပက်ဒရို နတ်တို ] သည် ယခုရာသီတွင် လေးဂိုးဖန်တီးထားကာ ပရီးမီးယားလိပ် ထိပ်တန်း ဖန်တီးရှင် ဖြစ်လာခဲ့ပြီး သူနဲ့ ပူးတွဲအဖြစ်  မိုဟာမက်ဆာလက်နဲ့ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။

တိုက်စစ်မှူ Pedro Neto [ ပက်ဒရို နတ်တို ] ဟာ သူ့ ရဲ့ နောက်ဆုံးပရီးမီးယားလိဂ်သုံးပွဲစီတွင် တစ်ဂိုး သို့မဟုတ် တစ်ခုထက်ပိုသော ဂိုးဖန်တီးမှု ပြုလုပ်ထားပြီး ရုန်းကန်နေရသော ဝုဖ်အသင်းအတွက် အကောင်းဆုံးကစားသမား ဖြစ်ခဲ့သည်။

Pedro Neto at Portugal

ပေါ်တူဂီ လက်ရွေးစင် နတ်တို။

မန်နေဂျာ Gary O’Neil မှ Pedro Neto [ ပက်ဒရို နတ်တို ] ကို တောင်ပံထွက် ကစားစေပြီး အဆင့်အတန်း မြင့်မားစွား ကစားနိုင်စွမ်းရှိကြောင်း ပြသနေပြီး အရင် ပုံစံဟောင်း တောင်ပံကစားသမား ပုံစံဖြစ်ကြောင်း ပြသနေပါတယ်။

ဂန်းနားတို့ ခေါ် ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ Pedro Neto [ ပက်ဒရို နတ်တို ]။

ဥရောပရဲ့ ထိပ်တန်း အသင်း အများအပြားဟာ ဒီနွေရာသီမှာ ဘယ်ခြေ  တိုက်စစ်ကစားသမား Pedro Neto [ ပက်ဒရို နတ်တို ] အတွက် စျေးကွက်ထဲ ရောက်ရှိလာဖို့ ရှိနေပြီး ဇန်နဝါရီမှာတောင် ဖြစ်နိုင်ပါတယ်။

အာဆင်နယ် အသင်းဘက် ပေါ်တူဂီလက်ရွေးစင်ကို ကာလရှည်ကြာ အထင်ကြီးလေးစားခဲ့ကြပြီး ဂန်းနားများက Pedro Neto ကို ခေါ် ယူဖို့ ကြိုးစားခဲ့ကြောင်း  The Telegraph မှ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

သို့ပေမယ့် နှစ်ဖက်အသင်း ကလပ်များကြားတွင် သဘောတူညီမှုတစ်ခု ရှာမတွေ့နိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီး သတင်းတွေအရ ချန်ပီယံဆုအတွက် ပြိုင်ဖက်တွေက သူ့ကို 2022 ခုနှစ်မှာ ခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။

Pedro Neto is top assists player

နက်တိုက ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးဖန်တီးရှင်အဖြစ် ရပ်တည်နေပါတယ်။

ဒါပေမယ့်လည်း ယူရို ၅၈ သန်းတန်ကြေးက အဲဒီတုန်းက နည်းနည်းလေး မြင့်မားနေပုံရပြီး အထူးသဖြင့် ကာလရှည် ဒဏ်ရာကနေ ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ အဆင့်အတန်း ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ဇန်န၀ါရီလက Pedro Neto [ ပက်ဒရို နတ်တို ] အတွက် အလှည့်‌အပြောင်းတစ်ခု ဖြစ်လာမလား။?

မကြာသေးမီက BirminghamLive မှ အစီရင်ခံစာတစ်ခုအရ ဝုဖ်ဖ်သည် ၎င်းတို့၏အသင်းအား အားကောင်းစေရန်နှင့် တန်းမဆင်းရဖို့ မျှော်လင့်ချက်ဖြင့် ဇန်နဝါရီတွင် သဘောတူညီချက်တစ်ခုရရှိမည်ဟု အကြံပြုထားသည်။

ပေါ် တူဂီ တိုက်စစ်မှူး Pedro Neto [ ပက်ဒရို နတ်တို ] အသင်း နဲ့ 2027 ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း အသင်းရဲ့ စီးပွားရေး အခြေအနေ လိုအပ်ချက်အရ စတေးခံရနိုင်ပါတယ်။

အာဆင်နယ်သည် ပြီးခဲ့သည့် ဆောင်းရာသီတုန်းကသာ ကစားသမားရှာဖွေခဲ့ပြီး တကယ်လို့ သူတို့လက်ရှိလူစာရင်းနဲ့  တောင့်တင်းတဲ့ အနေအထားမှာ ရှိနေမယ်ဆိုရင်တော့ အခုတစ်ကြိမ်မှာ ခေါ် ယူဖို့ ထပ်ပြီး မဖြစ်နိုင်တော့ပါဘူး။

Pedro Neto vs Manchester United

ပက်ဒရို Vs မန်ချက်စတာ ယူနိုက်တက်။

ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်း အားဖြည့်မှုတွေအတွက် ဈေးကွက်ထဲ ဝင်ရောက်လာနိုင်ပါတယ်။ Erik Ten Hag ရဲ့ အသင်းဟာ ဂိုးရဖို့ ရုန်းကန်နေရပြီး Jadon Sancho နဲ့ Antony တို့ရဲ့ အနာဂတ်အတွက် မရေရာမှုတွေ ရှိနေပါတယ်။

တိုက်စစ်ပိုင်း အားပြု ကစားစေတတ်တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အသင်းအတွက် အသက် ၂၃ နှစ်အရွယ် Pedro Neto [ ပက်ဒရို နတ်တို ] ရဲ့ကစားပုံ သဘောသဘာဝက  ကောင်းကောင်း လိုက်ဖက်နိုင်ပါတယ်။

မန်ယူ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် က သူ့ ရဲ့ အနာဂတ် အိုးထရက်ဖို့ဒ် တွင် ရှိနေနိုင်ကြောင်း ဝုဖ် တောင်ပံ တိုက်စစ်သမား ကို ဆွဲဆောင် နိုင်စေရန် အတွက် တစ်စိတ်တစ်ပိုင်း ပါဝင် နိုင်ပါတယ်။

တစ်ဖက်မှာ မိုဆာလက်ဟာ လာမယ့်နွေရာသီမှာ အန်ဖီးလ်ကနေ ထွက်ခွာဖွယ်ရှိနေပြီး ဆော်ဒီပရိုလိဂ်ကို သွားဖို့ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ ပက်ဒရို နတ်တိုက ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment