Odsonne Edouard ကို ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း။

ခရစ္စတယ် ပဲလေ့စ် တိုက်စစ်မှူး Odsonne Edouard [ အဲဒ်ဝေါ့ ] ကို ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း။
Odsonne Edouard [ အော့ဒ်ဆွန် အဲဒ်ဝေါ့ ] ကို တစ်ဖက်မှာ အသင်းရဲ့ တိုက်စစ်မှူး Fornals ထွက်ခွာဖို့ နီးစပ်နေတာကြောင့် ကာဗာအဖြစ် သူ့ ကို ခေါ် ယူဖို့ ဝက်စ်ဟမ်း ယူနိုက်တက် တို့ ပစ်မှတ်ထားနေကြပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ခရစ္စတယ် ပဲလေ့စ် တိုက်စစ်မှူး Odsonne Edouard အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ ဖြစ်နိုင်ခြေကို ရှာဖွေနေပြီး Pablo Fornals ကလည်း အသင်ကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေ များနေတယ်လို့ သိရပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဝက်စ်ဟမ်းအတွက် Odsonne Edouard [ အဲဒ်ဝေါ့ ] က ဖြစ်နိုင်ခြေရှိတဲ့ ခေါ် ယူမှုပါ။
Hammers အသင်းဟာ တိုက်စစ်မှူး Michail Antonio နှင့် ပတ်သက်၍ ဒဏ်ရာ ပြဿနာများ ရှိနေကာ မန်နေဂျာ မိုယက်စ် က အသက် 33 နှစ် အရွယ် ကစားသမား အတွက် ခရစ္စမတ် မတိုင်မီ ပြန်လာနိုင်ကြောင်း အကြံပြုထားပါတယ်။
ဒါပေမယ့် တိုက်စစ်မှူး ရဲ့ ပုံစံဟာ ဘယ် အခြေအနေမျိုးမှာ မဆို လန်ဒန် အသင်း ကနေ အပြောင်းအရွှေ့ ဈေးကွက်ထဲကို ရောက်ရှိလာမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။

အသင်ကနေ ထွက်ခွာဖို့ လမ်းဖွင့် ထားတဲ့ အော့ဒ်ဆွန် အက်ဒ်ဝေါ့။
Odsonne Edouard [ အော့ဒ်ဆွန် အဲဒ်ဝေါ့ ] ဟာ သူတို့အတွက် အလေးအနက် ရှာဖွေနေတဲ့ ဖြစ်နိုင်ခြေ ကစားသမား တစ်ဦး ဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ် ကလည်း တိုက်စစ်မှူး အတွက် ထွက်ခွာဖို့ လမ်းဖွင့်ထားပါတယ်။
ဝက်စ် ဟမ်း ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူးအတွက် ငွေး ကြေး ဘယ်လောက် သုံးစွဲမယ် ဆိုတာကို အရိပ်အယောင် မပြသေးပေမယ့် အငှား သို့မဟုတ် အမြဲတမ်း အပြောင်းအရွှေ့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
တိုက် စစ် မှူး Odsonne Edouard [ အော့ဒ်ဆွန် အဲဒ်ဝေါ့ ] အတွက် ခန့် မှန်းခြေ ပြောင်းရွှေ့ကြေး။
၂၀၂၁ ခုနှစ်တုန်းက Odsonne Edouard ဟာ ဆဲလ်တစ်မှ ပဲလေ့စ်သို့ ယူရို ၁၆.၃ သန်း နဲ့ ရောက်ရှိလာခဲ့ပြီး အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး ရဲ့ အသင်း နဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ် အထိ သက်တမ်း ရှိနေပါတယ်။
နွေရာသီ အပြောင်းအရွှေ့ မတိုင်မီ စာချုပ်သစ် မချုပ်ဆိုပါက Roy Hodgson ရဲ့ ခရစ္စတယ် ပဲလေ့စ် အသင်း ဟာ တိုက်စစ်မှူး ကို ဆုံးရှုံးရမယ့် အလားအလာ နဲ့ ရင်ဆိုင်နေရပါတယ်။

အက်ဒ်ဝေါ့က ပဲလေ့စ် အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားပါတယ်။
အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး Edouard [ အော့ဒ်ဆွန် အဲဒ်ဝေါ့ ] ရဲ့ လက်ရှိ မျှော်လင့်ထားတဲ့ ပြောင်းရွှေ့ကြေးက ယူရို ၁၄.၉ သန်း ဖြစ်ပြီး အရင်က အမြင့်ဆုံး အနေနဲ့ ယူရို ၂၁.၇ သန်း အထိ ရှိခဲ့ပါတယ်။
ပဲလေ့စ် ရဲ့ ရှေ့တန်း တိုက်စစ်မှူး အနေ နဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၅)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး စက်တင်ဘာ လလယ်ကတည်းက အခုထိ ၁ ကြိမ်သာ သွင်းယူနိုင်ခဲ့ပါတယ်။
ပါဘလို ဖော်နယ်လ်စ် အပြောင်းအရွှေ့ အတွက် လမ်းဖွင့်ထားတဲ့ ဝက်စ်ဟမ်း။
အော့ဒ်ဆွန် အဲဒ်ဝေါ့ ဟာ PSG ရဲ့ Hugo Ekitike၊ ဘိုင်ယန်မြူးနစ် မှ Joshua Zirkzee တို့ အပါအဝင် အပြောင်းအရွှေ့ ဆန်ကာတင် စာရင်း မှာ ပါဝင်ခဲ့ပါတယ်။
အားလုံးက ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှု အားလုံး တံခါးပိတ်ထားချိန်မှာ နွေရာသီ ကတည်းက စိတ်မငြိမ်ဖြစ်နေတဲ့ အန်တိုနီယို အတွက် တိုက်ရိုက် အစားထိုးဖို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေခဲ့ကြပါတယ်။
ဝက်စ် ဟမ်း ယူနိုက်တက် အသင်းဟာ စွယ်စုံရ ကွင်းလယ် ကစားသမား Pablo Fornals ကို အခု ဇန်နဝါရီလမှာ အသင်းကနေ ရောင်းချသွားဖို့ ကြိုတင် စီစဥ်လျက် ရှိနေပါတယ်။

အသင်းကနေ ထွက်ခွာတော့မယ့် ပါဘလို ဖော်နယ်စ်။
အသက် ၂၇ နှစ် အရွယ်ရှိ Pablo Fornals ဟာ စပိန် လက်ရွေးစင် အသင်းမှာ ၆ ကြိမ် ကစားဖူးသူ ဖြစ်ပြီး အခု ရာသီ ဒေးဗစ် မိုယက်စ် ရဲ့ အသင်း မှာ အရေးပါတဲ့ ကစားသမား ဖြစ်နေပါတယ်။
ဖော်နယ်လ်စ် ဟာ ပရီးမီးယားလိဂ် မှာ ၁၆၇ မိနစ်သာ ကစားထားပြီး ပွဲကစားချိန် တစ်ဝက်ကျော်ဟာ ဘုန်းမောက် နဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ရာသီ အဖွင့်ပွဲမှာ ဖြစ်ပါတယ်။
သူ့ကို ကလပ် ရဲ့ ယူရိုပါလိဂ် စိန်ခေါ်မှုမှာ ပုံမှန် အသုံးပြုခဲ့ပေမယ့် ဗီလာရီးယဲလ် နဲ့ မာလာဂါ ကစားသမားဟောင်း အနေနဲ့ကတော့ အသင်းကနေ ထွက်ခွာဖို့ လမ်းကြောင်းက ရှင်းပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။