Joao Felix အတွက် အေတီကိုရဲ့ ထုတ်ပြန်ချက်။

Joao Felix must return to Atletico Madrid after Barcelona loan WS
December 4, 2023

ပေါ် တူဂီ ကြယ်ပွင့် Joao Felix [ ယွာအို ဖဲလစ်ခ်စ် ] အတွက် အက်သလက်တီကို ရဲ့ ထုတ်ပြန်ချက်။

Joao Felix [ ယွာအို ဖဲလစ်ခ်စ် ] ကို ဘာစီလိုနာ အသင်းဆီ အငှား ချပြီး‌နောက် အက်သလက်တီကို မက်ဒရစ် အသင်း အနေနဲ့ သူ့ အတွက် အပြောင်းအရွှေ့ သတင်းတွေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ် အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး Joao Felix [ ယွာအို ဖဲလစ်ခ်စ် ] ကို ဘာစီလိုနာ အသင်းဆီ အငှားချပြီးနောက် သူတို့ဆီပဲ ပြန်လည် ရောက်ရှိလာနိုင်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာစီလိုနာက ယွာအို ဖဲလစ်ခ်စ် အတွက် အိပ်မက် အသင်းပါ။

အက် သလက်တီကို မက်ဒရစ် အသင်း ဥက္ကဋ္ဌ အင်းန်ရစ်ခ် စီရီဇိုက Joao Felix  ကို လာမယ့် နွေရာသီမှာ အမြဲတမ်း စာချုပ် နဲ့ ခေါ်ယူခြင်း မရှိဘူး ဆိုရင် အသင်းထံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ်ရှိ Joao Felix [ ယွာအို ဖဲလစ်ခ်စ် ] ဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့ မှာ တစ်နှစ်တာ သဘောတူညီမှု ရရှိခဲ့ပြီးနောက် လက်ရှိတွင် Barca အသင်းမှာ အငှား သွားရောက် ကစားနေခြင်း ဖြစ်ပါတယ်။

Joao Felix Barcelona is his dream team to play

ဘာစီလိုနာက ဖဲလစ်ခ်စ်အတွက် ကစားဖို့ အိပ်မက်အသင်းပါ။

နွေရာသီ အပြောင်းအရွှေ့ အစမှာ ပေါ်တူဂီ လက်ရွေးစင် ကစားသမားက တစ်နေ့မှာ ဘာစီလိုနာအတွက် ကစားဖို့က သူ့ ရဲ့ အိပ်မက်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အက်သလက်တီကို မက်ဒရစ် အသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ ပါတယ်။

ချဲလ်ဆီး အသင်းမှာ အငှား လာရောက်ကစားခဲ့တဲ့ Joao Felix [ ယွာအို ဖဲလစ်ခ်စ် ]။

ပြီးခဲ့တဲ့ ခြောက်လက ဖဲလစ်ခ်စ်  ဟာ ချဲလ်ဆီး အသင်းမှာ အငှား နဲ့ လာရောက် ကစားခဲ့ပေမယ့် ချဲလ်ဆီးအသင်း အတွက် ပွဲ ၂၀ မှာ ၄ ဂိုးသာ သွင်းယူပြီး ဂိုးဖန်တီးမှု လုံးဝ မလုပ်နိုင်ခဲ့ပါဘူး။

ဘာစီလိုနာ နဲ့ ပတ်သက်တဲ့ သူ့ ရဲ့ မှတ်ချက်များ နဲ့အတူ ကလပ်အသင်း ပရိသတ်များကို ဒေါသထွက်ပြီးနောက် အက်သလက်တီကို အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

Joao Felix at Atletico Madrid in 2019

ဖဲလစ်ခ်စ်ဟာ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာကနေ အက်သလက်တီကိုဆီ ရောက်ရှိလာခဲ့တာပါ။

အမြဲတမ်း ထွက်ခွာမှု အပြောင်းအရွှေ့ တစ်ခု ဖြစ်နိုင်တယ်လို့ ထင်နေကြပေမယ့် သူ့ ကို ခေါ် ယူဖို့ စိတ်ဝင်စားတဲ့  အသင်းများက သူ့ အတွက် သင့်လျော်တဲ့ ငွေကြေး ပမာဏ နဲ့ ကမ်းလှမ်းဖို့ ဆန္ဒ မရှိကြဘူး ဖြစ်နေပါတယ်။

ဒါကြောင့် ဘာစီလိုနာဆီ တစ်နှစ် အငှားစာချုပ် နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး Blaugrana အသင်းဟာ Joao Felix ကို ထိုက်တန်တဲ့ ခေါ် ယူမှုလို့ ယူဆမယ်ဆိုရင် လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။

အသင်း ဥက္ကဌ Cerezo က Joao Felix [ ယွာအို ဖဲလစ်ခ်စ် ] နဲ့ ပတ်သက်လို့ ဘာတွေ ပြောထားလဲ?။

FootballEspana ရဲ့ ဖော်ပြချက်အရ Cerezo က “ Joao Felix  ဟာ ဘာစီလိုနာ မှာ အငှားချထားတဲ့ အက်သလက်တီကို မက်ဒရစ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ”

‌“ နောက်ပြီး ကျွန်တော်တို့က သူ့ကို အကောင်းဆုံး ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။ သူဟာ ဥရောပရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘာစီလိုနာအတွက် ကစားနေပါတယ်။ ”

“တကယ်လို့ ဘာစီလိုနာက သူ့ကို လာမယ့် နှစ်မှာ လက်မှတ်မထိုးဘဲ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ပြန်ကစားချင်တယ်ဆိုရင်တော့ ဒါက  ရိုးရှင်းပါတယ်။ ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Joao Felix scored 5 goals for Barcelona

ဘာစီလိုနာအတွက် ၅ ဂိုးသွင်းယူထားတဲ့ ဖဲလစ်ခ်စ်။

ယွာအို ဖဲလ်စ်ခ်စ် ဟာ ဘင်ဖီကာ စီနီယာ ပထမ အသင်းမှာ အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ ပွဲထွက်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အက်သလက်တီကို ဆီ ပြောင်းရွှေ့ကြေး ယူရို ၁၂၇.၂ သန်း နဲ့ ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် အက်သလက်တီကို အသင်းမှာ သူ့ ရဲ့ ဘင်ဖီကာမှာတုန်းကလို အကောင်းဆုံး ပုံစံကို တသမတ်တည်း ပြသဖို့ ရုန်းကန်ခဲ့ရပြီး မကြာခဏ ဆိုသလို နည်းပြ Diego Simeone မျက်နှာသာပေးတာ မခံခဲ့ရပါဘူး။

ဘာစီလိုနာအသင်းဆီ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက သူ့ရဲ့ အသင်းသစ်အတွက် ၁၇ ပွဲကစား ၅ ဂိုးသွင်းကာ ၃ ဂိုးဖန်တီးမှု ပြုလုပ်ထား ပါတယ်။ ချန်ပီယံလိဂ် သွင်းဂိုး ၃ ဂိုး နဲ့ လာလီဂါသွင်းဂိုး ၂ ဂိုးတို့ပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment