Thiago Silva ရဲ့ ချဲလ်ဆီးနဲ့ စာချုပ်အခြေအနေ။

Thiago Silva wants to leave Chelsea
May 12, 2023

ချဲလ်ဆီးအသင်း နဲ့ စာချုပ် ဖျက်သိမ်းဖွယ် ရှိနေတဲ့ ဝါရင့် နောက်ခံလူ Thiago Silva [ သီယာဂို ဆေးလ်ဗား ]။

Thiago Silva [ သီယာဂို ဆေးလ်ဗား ] ဟာ ချဲလ်ဆီး အသင်း နဲ့အတူ အောင်မြင်မှုတွေ ရရှိခဲ့ပြီး တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပိုင်ဆိုင်ထားပေမယ့် အခုအခါ Todd Boehly ရဲ့ ဝေဖန်မှုတွေကြောင့်  အသင်း နဲ့ စာချုပ် ဖျက်သိမ်းဖို့ ဆန္ဒ ရှိနေပါတယ်။

ချဲလ်ဆီးကြယ်ပွင့် Thiago Silva [ သီယာဂို ဆေးလ်ဗား ] ဟာ ဘရာဇီးလ်ရှိ Fluminense အသင်းဆီ ပြန်သွားဖို့ ဆန္ဒ ရှိနေပြီး လန်ဒန်အသင်းနဲ့ စာချုပ် ဖျက်သိမ်းကာ စတန်းဖို့ဒ် ဘရစ်ချ်မှ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ရလဒ်ဆိုးတွေ ထွက်ပေါ်နေတဲ့ ချဲလ်ဆီးအသင်း။

အသက် 39 နှစ် အရွယ် ဝါရင့် ခံစစ် ကစားသမား ဟာ မကြာသေးမီက စတန်းဖို့ဒ် ဘရစ်ချ်မှာ  စာချုပ်သက်တမ်း တစ်နှစ် သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်း ပိုင်ရှင်သစ် Todd Boehly က ချယ်လ်ဆီးကို စီမံ အုပ်ချုပ်နေတဲ့ ပုံစံတွေ နဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်မချမ်းမသာ ဖြစ်နေရတဲ့ အကြောင်းတွေကို အရင်က ဖော်ပြခဲ့ဖူးပါတယ်။

Thiago Silva Chelsea are in bad results

ရလဒ်ဆိုးတွေ ထွက်ပေါ်နေတဲ့ ချဲလ်ဆီးအသင်း။

လန်ဒန်အသင်းမှာ ကစားနေတဲ့ ကစားသမား၊ ဝန်ထမ်းတွေအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပေမယ့် ဒါဟာ ကွင်းတွင်း ရလဒ်တွေမှာ ထင်ဟပ်ခြင်း မရှိဘူး ဖြစ်နေပါတယ်။

ရာသီကုန်ခါနီးအထိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့  ထက်ဝက် အလယ်‌လောက်မှာ ရပ်တည်နေတာက ချလ်ဆီးလို ထိပ်တန်း အသင်း တစ်သင်း အတွက် ရှက်စရာကောင်း နေပါတယ်။

ဗဟို ခံစစ်မှူး Thiago Silva [ သီယာဂို ဆေးလ်ဗား ]  ရဲ့ အသင်း ‌အခြေအနေ အပေါ် ရင်တွင်း စကား။

Globo က သီယာဂို ဆေးလ်ဗားဟာ သူ့ရဲ့ အသင်းဟောင်းဆီ ပြန်သွားဖို့ ချဲလ်ဆီးအသင်း နဲ့ သူ့ရဲ့ နောက်ဆုံး ရာသီကို စွန့်လွှတ်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း Fluminense အသင်း ဆီ ပြန်သွားဖို့က ချယ်လ်ဆီး အသင်း ရဲ့ ဘောလုံး ဒါရိုက်တာ Christopher Wyvell နဲ့ ချုပ်ဆိုထားသော သဘောတူညီ ချက်အပေါ်  မူတည် နေပါတယ်။

Thiago Silva is not happy at Chelsea

ချဲလ်ဆီးမှာ မပျော်တော့တဲ့ သီယာဂိုဆေးလ်ဗား။

PSG နဲ့ မီလန် ကစားသမားဟောင်း Thiago Silva [ သီယာဂို ဆေးလ်ဗား ] ဟာ ချဲလ်ဆီး အသင်း ရဲ့ အခြေအနေကို စိတ်ပျက် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ်။

“ ရီးယဲလ်မက်ဒရစ်အသင်း ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အပြီးမှာ ပထမခြေလှမ်းကို လှမ်းပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ မမှန်ကန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပေမယ့် ပြီးသွားပါပြီ။ ” လို့ ပြောထားပါတယ်။

ဆက်လက်ပြီး နောက်ခံလူ Thiago Silva [ သီယာဂို ဆေးလ်ဗား ] က

“ တာဝန်မကျေရင် မန်နေဂျာတွေကို အပြစ်တင်လို့ မရဘူး။ ဆုံးဖြတ်ချက်မချနိုင်တဲ့ ကလပ်အတွက် ခက်ခဲတဲ့ကာလပါ။ ပိုင်ရှင် အပြောင်းအလဲ၊ ကစားသမားသစ်တွေ ရောက်ရှိလာပါတယ်။ ”

“ – အသင်းရဲ့ အရွယ်အစားနဲ့ မကိုက်ညီတဲ့အတွက် အ၀တ်လဲခန်း ရဲ့ အရွယ်အစားကို တိုးမြှင့်ခဲ့ရပါတယ်။ အပြုသဘောဆောင်တဲ့အချက်ကတော့ အသင်းအတွက် အံ့ဩစရာ ကစားသမားတွေ ရှိနေတာပါ။ ”

Thiago Silva with Fluminense Jersey

အသင်းဟောင်း Fluminense ဆီ ပြန်သွားချင်နေတဲ့ သီယာဂိုဆေးလ်ဗား။

“ ဒါပေမယ့်လည်း တစ်ဖက်မှာလည်း မပျော်မရွှင် ဖြစ်နေမယ့် ကစားသမားတွေ အမြဲ ရှိနေပါတယ်။ လူတိုင်း ပွဲထွက် ကစားခွင့် မရနိုင်တာမို့လို့ စိတ် အဆင်မပြေ ဖြစ်နေကြတာမျိုးပါ။  ”

“ မန်နေဂျာ အနေနဲ့ကလည်း အးသင်း ဖွဲ့စည်းပုံ အယောက် ၃၀ လောက်ကနေ ၁၁ ယောက်ကိုသာ ရွေးချယ်နိုင်တာပါ – ဒါက ခက်ခဲပါတယ်။ တချို့က အသင်းအတွက် မစွမ်းဆောင်နိုင်ကြဘူး။ ”

ဇန်န၀ါရီလမှာ (၈) ယောက်ကို ခေါ်ယူခဲ့ပြီး၊ လက်ရှိ အခြေအနေကို ရပ်တန့်စေဖို့ နည်းဗျူဟာတစ်ခု ချမှတ်ထားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် နောက်ရာသီမှာလည်း အလားတူ အမှားမျိုး ထပ်လုပ်မိနိုင်ပါတယ်။ ” လို့ ရင်ဖွင့်ခဲ့ပါတယ်။

သီယာဂိုဆေးလ်ဗားဟာ အပြောင်းအရွှေ့ သဘောတူညီမှု ရပါက ရီးယဲလ် မက်ဒရစ် ဂန္တဝင် ဘယ်နောက်ခံလူ မာဆယ်လို ရှိရာ  Fluminense အသင်းဆီ ပြောင်းရွှေ့သွားဖို့ သေချာသလောက် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment