Harry Maguire အသင်းက ထွက်ခွာနိုင်ပြီ။

နောက်ခံလူ Harry Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] အနေ နဲ့ အသင်းကနေ ထွက်ခွာနိုင်ပြီ။
Harry Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] အတွက် အခု နွေရာသီမှာ အဲရစ် တန်ဟက်ဂ် အနေနဲ့ လမ်းဖွင့်ထားပြီး အသင်းသစ် ရှာလိုပါက နောက်ခံလူ အပေါ် မူတည်နေကြောင်း ဝန်ခံခဲ့ပါတယ်။
တကယ်တော့ ဗဟို ခံစစ်မှူး Harry Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] ဟာ ယူရို 2020 ကနေ စ, ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဆိုးရွားတဲ့ ရာသီ နှစ်ခု ကို ကြံ့ကြံ့ ခံခဲ့ရတာပါ။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
နောက်ပိုင်း ရာသီတွေမှာ ရုန်းကန်ခဲ့ရတဲ့ ဟယ်ရီ မက်ဂွိုင်းယား။
အမှားအယွင်း များတတ်တဲ့ 2021-22 ရာသီ အပြီးမှာတော့ နည်းပြ Ten Hag ဟာ သူ့ရဲ့ ဗဟို နောက်တန်း တွဲဖက်အဖြစ် Raphael Varane နဲ့ Lisandro Martinez ကို ဦးစားပေး ပွဲထုတ်ခဲ့ပါတယ်။
ဒါကြောင့် မို့လို့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ဗျူဟာ အရ နောက်ခံလူ Harry Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] ဟာ လက်ရှိ ဘောလုံးရာသီမှာ သူ့ ရဲ့ ပထမ အသင်း နေရာကို ဆုံးရှုံးခဲ့ရပါတယ်။

ခံစစ်ပိုင်း အသုံးများခဲ့တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းအတွဲ။
အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယား အနေ နဲ့ သူ ကစားခဲ့တုန်းက ဆီဗီလာ ကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် မှာ အမှား နှစ်ခု အပါအဝင် မကြာခဏ ဆိုသလို ရုန်းကန်ခဲ့ရပါတယ်။
နည်းပြ အဲရစ် တန်ဟက်ဂ်က Harry Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] နဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲ။
အဲရစ် တန်ဟဂ်က “ သူ့မှာ ထူးချွန်တဲ့ Raphael Varane နဲ့ ပြိုင်ဆိုင်မှု မြင့်မားပါတယ်။ ဒီအခြေနေ ကို ဘယ်သူမှ မကစားဘဲ ပျော်နေမှာ မဟုတ်ပါဘူး။ သူလည်း ပျော်မှာ မဟုတ်ဘူး။ “
“ သူ့ အနေ နဲ့ ၁၀၀ ရာခိုင်နှုန်း ကြိုးစားမှု နဲ့ အကောင်းဆုံး အဆင့်မှာ အမြဲ လေ့ကျင့်နေပါတယ်။ ဒါကြောင့်ပဲ သူက အဲဒီ အခြေအနေကို အကောင်းဆုံး ကိုင်တွယ် အသုံးချမှာပါ။ “

ပထမအသင်းနေရာ ဆုံးရှုံးခဲ့ရတဲ့ မက်ဂွိုင်းယား။
“ သူဒီလို ပုံစံ နဲ့ သူ့ရဲ့ အသင်းခေါင်းဆောင် နေရာမှာ သူက အသင်းအတွက် အရေးပါပါတယ်။ သူဒီမှာ ရှိနေလို့ သူ့ကို လိုအပ်တဲ့အခါ သူပျော်တယ်ပဲ ဆိုပါစို့။ “
“ ဒါပေမယ့် သူ ထွက်သွားမှာလား ဆိုတာလည်း သူ့ အနေ နဲ့ ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက် တစ်ခုပါပဲ။” လို့ The Times ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ကနေ ထွက်ခွာတော့မယ့် နောက်ခံလူ Harry Maguire [ မက်ဂွိုင်းယား ]။
မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ ဗဟို ခံစစ် ကစားသမား ရွေးချယ်မှု အတွက် ပဉ္စမမြောက် ရွေးချယ်မှု အထိ ကျဆင်းသွားခဲ့ပြီး ဘယ်နောက်ခံလူ လုရှောကို ပိုပြီး ဦးစားပေး အသုံးပြုခဲ့တာပါ။
မကြာသေးမီက အသင်း ရဲ့ ခံစစ်ပိုင်းမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ မာတီနက်ဇ် နဲ့ ဗာရန်းတို့ မရှိတော့သည့်တိုင် လုခ်ရှောကို ပိုမို အသုံးပြုခဲ့တာကြောင့် မက်ဂွိုင်း ယား အနေနဲ့ စနေနေ့ မန်စီးတီး နဲ့ FA ဖလား ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ မမျှော်လင့်ထားပါဘူး။

လက်ရွေးစင်အသင်းမှာ နေရာရရှိဖို့ အသင်းပြောင်းတော့မယ့် မက်ဂွိုင်းယား။
အသက် ၃၀ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗဟို ခံစစ် ကစားသမားဟာ ယူရို ၂၀၂၄ မတိုင်ခင် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် သူ့ရဲ့ နေရာကို ပြန်လည် ရရှိဖို့ အတွက် နွေရာသီမှာ ထွက်ခွာဖွယ် ရှိနေပါတယ်။
2019 ခုနှစ် မှာ Harry Maguire [ မက်ဂွိုင်းယား ] ဟာ နောက်ခံလူ တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် စာချုပ် နဲ့ လက်စတာ ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
မန် ချက်စတာ ယူနိုက်တက် အသင်း အတွက် ဟယ်ရီ မက်ဂွိုင်းယားဟာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၇၅ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။