M Caicedo နဲ့ အာဆင်နယ် အပြောင်းအရွှေ့ နီးစပ်။

M Caicedo to Arsenal
May 31, 2023

ဘရိုက်တန် ကွင်းလယ်လူ M Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] နဲ့ အာဆင်နယ် အပြောင်းအရွှေ့ နီးစပ်။

M Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] အတွက် ဘရိုက်တန် အသင်း ရဲ့ မေးမြန်း တန်ကြေးကို သိရပြီးနောက် အာဆင်နယ် အသင်း နဲ့ ကွင်းလယ်လူ ရဲ့ အပြောင်းအရွှေ့က အတော်လေးကို နီးစပ်ခဲ့ပါတယ်။

အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ M Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] အတွက် အမ်းမရိတ်စ်ကွင်းဆီ ရောက်လာစေမယ့် ပြောင်းရွှေ့ကြေး ကို အာဆင်နယ်က ပေးချေမယ်လို့ ဘရိုက်တန်က ယုံကြည်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အီကွေဒေါကွင်းလယ် ကစားသမား M Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] အတွက် ပြောင်းရွှေ့ကြေး။

ဇန်န၀ါရီလတုန်းက အာဆင်နယ် အသင်း နဲ့ Moises Caicedo တို့ သဘောတူညီခဲ့တဲ့ ကိုယ်ရေးကိုယ်တာ စည်းကမ်းချက်တွေက ဆက်လက် တည်ရှိနေသေး ကြောင်း အပြောင်း‌အရွှေ့ သတင်းတွေ အရ သိရှိရပါတယ်။

အာဆင်နယ် အသင်းဘက်က ဘရိုက်တန် ကွင်းလယ် ကစားသမား ရဲ့  ကိုယ်စားလှယ်တွေ နဲ့ အပြောင်းအရွှေ့ ကိစ္စ အကြိမ်ကြိမ် စကားပြောဆိုမှုများ ပြုလုပ် ထားကြောင်းလည်း သိရှိရပါတယ်။

M Caicedo at Ecuador

အီကွေဒေါ ကွင်းလယ်လူ ကိုက်ဆယ်ဒို။

ဒါ့အပြင် Arsenal အသင်းက Seagulls အသင်း ရဲ့ တောင်းဆိုမှု စျေးနှုန်းကို သိထားပြီး ၂၁ နှစ်အရွယ် ကွင်းလယ်လူ  အတွက် ပေါင် ၇၅ သန်း တောင်းဆိုထားပြီး Mikel Arteta ရဲ့ အသင်းက ပေးချေမယ်လို့ Brighton က ယုံကြည်နေပါတယ်။

ကွင်း လယ် ကစားသမား M Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] ကို ခေါ် ယူဖို့ လုပ်ဆောင်နေပြီ။

ချဲလ်ဆီး နည်းပြသစ် Mauricio Pochettino နဲ့ လီဗာပူး နည်းပြ Jurgen Klopp တို့ နှစ်ဦးစလုံးက အထင်ကြီး လေးစားတဲ့ ကစားသမားက ဂန်းနားတွေ အတွက် သင့်တော်တဲ့ ‌ရွေးချယ်မှု ဖြစ်နိုင်ချေ ရှိပါတယ်။

ဒါပေမယ့် Caicedo ရဲ့ ရည်ရွယ်ချက်က လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ ကစားဖို့ ဖြစ်ပြီး စာချုပ် ချုပ်ဖို့ အာဆင်နယ်ကို အခိုင်အမာ နေရာယူထားဖို့ မကြာသေးခင်က သတင်းတွေ အရ သိရပါတယ်။

M Caicedo at Brighton

ဘရိုက်တန် ကွင်းလယ်လူ ကိုက်ဆယ်ဒို။

အာတီတာသည် ဇန်နဝါရီတွင် သီသီလေး လွဲချော်ပြီးနောက် Caicedo အတွက် ပြန်လည်  ပါဝင်လာခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့သည် သဘောတူညီချက် ကို နိဂုံးချုပ် လုနီးပါး ဖြစ်ခဲ့ပါတယ်။

အခု အခါမှာတော့ အဲ့ဒီ အပြောင်းအရွှေ့ ကိစ္စရပ် ကို ပြန်လည် အသက်သွင်း ဖို့ အာဆင်နယ် အသင်းက စ,တင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Declan Rice အပြောင်း‌အရွှေ့ကို M Caicedo [  ကိုက်ဆယ်ဒို ] က ဘယ်လို အကျိုးသက်ရောက်မလဲ။

အာ ဆင်နယ် အသင်း အနေ နဲ့ ယခု နွေရာသီတွင် ကွင်းလယ် ကစားသမား နှစ်ဦးကို အလိုရှိ သောကြောင့် Moises Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] ကို ခေါ်ယူခြင်းသည် ဝက်စ်ဟမ်း အသင်း မှ ဒီကလန် ရိုက်စ် ကို ခေါ် ယူမယ် လို့ မဆိုလိုပါ။

အ ပြောင်းအရွှေ့ ဈေးကွက် မှာ ရိုက်စ် ဟာ အာဆင်နယ် အသင်းကို ထိပ်တန်း ဦးစားပေးအဖြစ် ပြောင်းရွှေ့မယ်လို့ ယုံကြည်ရပြီး အာဆင်နယ် အသင်းကလည်း ဒီစာချုပ် အတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုးတက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

M Caicedo vs Declan Rice

အာဆင်နယ်က ဒီကလန်ရိုက်စ်ကိုလည်း လိုချင်နေပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမား အတွက် ပြိုင်ဆိုင်မှု က ပြင်းထန်နေပြီး ဒီ အ ပြောင်းအရွှေ့ ကိစ္စ မှာ ထိပ်တန်း ခြိမ်းခြောက်မှုတွေ ထဲမှာ မန်ချက်စတာ ယူနိုက်တက် နဲ့  ဘိုင်ယန်မြူးနစ် အသင်း တို့လည်း ပါဝင်ပါတယ်။

ချယ်လ်ဆီး ကွင်းလယ်လူ မေဆင်မောင့် ကို ဂန်းနား အသင်းထံ ပြောင်းရွှေ့ ဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် အင်္ဂလန်သားကတော့ သူတို့ရဲ့ ဦးစားပေး နှစ်ခုထဲက တစ်ခုခုကို အကြောင်း တစ်ခုခု ကြောင့် လွဲချော်နေပါက အခြား ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment