ချယ်လ်ဆီးထက် ဂျာမနီမှာ ကစားရတာ ပိုအဆင်ပြေတယ်လို့ ဝန်ခံလိုက်တဲ့ တီမိုဝါနာ

ချဲလ်ဆီးအသင်းတိုက်စစ်မှူး တီမိုဝါနာက ‘ကစားပုံကွာခြားမှု’ ကြောင့် ချယ်လ်ဆီးအသင်းမှာ ကစားရတာထက် ဂျာမနီအသင်းမှာ ကိုယ်စားပြု ကစားရတာ ပိုအဆင်ပြေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူက ချဲလ်ဆီးအသင်းနဲ့ သူ့ရဲ့အခန်းကဏ္ဍကို ဆန့်ကျင်ပြီး ဂျာမနီအတွက် ဟန်စီ ဖလစ်ခ် ရဲ့ စနစ်မှာ ကစားရတာ ပိုအဆင်ပြေတယ်လို့ ဝန်ခံခဲ့ပါတယ်။ တီမိုဝါနာက ဂျာမနီအသင်း အစ္စရေးအသင်းကို ၂-၀ ဂိုး နဲ့အနိုင်ရတဲ့ နိုင်ငံတကာခြေစမ်းပွဲအပြီးမှာ ချဲလ်ဆီးအသင်းထက် ဂျာမနီရဲ့စနစ်မှာ ကစားရတာကို ပိုနှစ်သက် ကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အသက် 26 နှစ်အရွယ် ကစားသမားဟာ ၂၀၂၀ ခုနှစ် နွေရာသီမှာ ဂျာမနီ