Giroud [ ဂျီရူး ] ကို ရောင်းလိုက်တာ စောလွန်းသွားလား။

ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှူး Giroud [ အိုလီဗီးယား ဂျီရူး ] ကို ရောင်းထုတ်တာ စောလွန်းသွားလား။ Giroud [ အိုလီဗီးယား ဂျီရူး ] ဟာ စနေနေ့က စပယ်ဇီယားကို ၂-၁ ဂိုးနဲ့ အံ့မခန်း သွင်းဂိုး အပါအဝင် ဒီရာသီ အေစီမီလန်အတွက် ကိုးဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ရာဟင် စတာလင်ဟာ ပြိုင်ပွဲအရပ်ရပ်မှာ ၅ ဂိုးသာ သွင်းထားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီအစတွင် 35 နှစ် အရွယ် ရှိတဲ့ ဂျီရူးအား ပြောင်းရွှေ့ကြေး ယူရို ၁ သန်းနဲ့သာ လက်လွှတ် ခဲ့ရပါတယ်။။