Casemiro က ရှဝိုင်းစတိုက်ဂါလို ဖြစ်လာမှာမဟုတ်ပါဘူး။

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ရှဝိန်းစတိုက်ဂါလို ဖြစ်လာမှာ မဟုတ်တဲ့ [ Casemiro ] ကတ်စီမီရို။ Casemiro [ ကတ်စီမီရို ] ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ပြီးခဲ့တဲ့အပတ်က သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အပြီးသတ် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပြီးတာနဲ့ စနေနေ့ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းအတွက် ပထမဦးဆုံး ပွဲထွက်ခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကတ်စီမီရိုအတွက် ပြောင်းရွှေ့ကြေး ပေါင်းသန်း ၆၀ ပတ်ဝန်းကျင်နဲ့ အပိုပရိုဂရမ်ပေါင်း ၁၀ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ဒီနေ့ညကန်မယ့် လီဗာပူးလ်အသင်းနဲ့ပွဲစဥ် မတိုင်ခင် အိုးထရက်ဖို့ဒ် ပရိတ်သတ်တွေရှေ့မှာ မိတ်ဆက် ပြသသွားမှာ