Alessio Romagnoli ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အေစီမီလန် အသင်းခေါင်းဆောင် Alessio Romagnoli [ အလက်ဆီယိုရိုမာနိုလီ ] ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အေစီမီလန်အသင်းခေါင်းဆောင် Alessio Romagnoli [ အလက်ဆီယိုရိုမာနိုလီ ] ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဥ်နေပေမယ့် ဥရောပတစ်ဝှမ်းက တခြားသောကလပ်အသင်းကြီးကလည်း အလားတူ ပြင်ဆင်နေကြပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ၂၀၁၅ ခုနှစ်ကတည်းက မီလန်အသင်းမှာ ရှိနေခဲ့ပြီး အဲဒီကတည်းက ဗဟိုခံစစ်ကစားသမားအဖြစ် ပထမပွဲထွက် လူစာရင်းမှာ ပုံမှန် ကစားခွင့်ရခဲ့ပါတယ်။ အီတလီလက်ရွေးစင်ကစားသမားဟာ စီးရီးအေအမှတ်ပေးဇယားထိပ်မှာ အဆင့် ၂ နေရာက အင်တာမီလန်ကို