နောက်ခံလူ ရာမိုစ့်ရဲ့ PSG အသင်းအတွက် ပထမဦးဆုံးဂိုး

Sergio Ramos
January 24, 2022

 

တနင်္ဂနွေနေ့ညက Parc des Princes ကွင်းမှာ Reims အသင်းကို ၄ – ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဂူး 1 အမှတ်ပေးဇယားမှာ ဒုတိယနေရာမှ OGC Nice

အသင်းကို ၁၁ မှတ်အသာစီး ပြန်လည်ရရှိအောင် နောက်ခံလူ ဆာဂျီယို ရာမို့စ်ရဲ့ ဂိုးအပါအဝင် မာကိုဗာရတ်တီနဲ့ ဒန်နီလိုတို့ရဲ့ ဂိုးတွေက ကူညီပေးခဲ့ပါတယ်။

 

ကွင်းလယ်လူ မာကို ဗာရတ်တီ လိဂ်ပွဲစဥ်တွေမှာ ဂိုးမသွင်းခဲ့တာ ၂၀၁၇ ခုနှစ်ကတည်းပါ။ မနေ့ညက သွင်းယူခဲ့တဲ့တာက ပထမဆုံး ပြန်လည်း သွင်းယူခဲ့တဲ့ ဂိုးတွေပဲဖြစ်

ပါတယ်။ ဒါ့အပြင် စပိန်သားကြီး ဆာဂျီယို ရာမို့စ်ကလည်း PSG အသင်းအတွက် သူ့ရဲ့ ပထမဦးဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးဧရိယာထိပ်မှ ဒန်နီလိုရဲ့ ကန်ချက်က

ပြိုင်ဘက်အသင်း နောက်ခံလူကိုထိပြီး လမ်းကြောင်းလွဲသွားတာကြောင့် ဂိုးသမားလည်း ဘာမှမတတ်နိုင်ဘဲ ဂိုပေးလိုက်ရတာ ဖြစ်ပါတယ်။

 

 

     ✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👇

How to register in 1XBET?

 

 

ရီးရဲမက်ဒရစ်နောက်ခံလူဟောင်း ရာမို့စ်ဟာ PSG အသင်းမှာ ပွဲကစားခွင့် နည်းပါးသော်လည်း အသင်းအတွက် အားထားရတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ

သူ့ရဲ့ ပထမဦးဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

 

 

ဂိုးသမားရဲ့ အမှားအယွင်းကနေ ပြန်အံထွက်လာတဲ့ ဘောလုံးကို ခြေဖမိုးနဲ့ အသာအယာ သွင်းယူလိုက်တာပဲ ဖြစ်ပါတယ်။

 

 

ပွဲအပြီးမှာ ရာမို့စ်က “ကျွန်တော် အရမ်းပျော်ပါတယ်။ “နောက်ဆုံးတော့ အလုပ်နဲ့ ခွန်အားက အမြဲတမ်း ပြေပျောက်နေတာပါပဲ။ မိနစ် ၉၀ လုံး ကစားရတာ ဂိုးရသလိုပဲ

ကျေနပ်ပါတယ်။ သုံးမှတ်ယူတာကလည်း အရမ်းကောင်းပါတယ်။ ”

 

“ကျွန်တော် နောက်ထပ် ပွဲစဥ်တွေအတွက် သေချာအာရုံစိုက်နေပါတယ်။ အရေးကြီးဆုံးက အသင်းကို အောင်မြင်မှုတွေဆီ ပို့ဆောင်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို

ဆက်ထိန်းထားဖို့ပါပဲ။ ကျွန်တော်တို့မှာ Ligue 1Coupe de France နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိဖို့ အကောင်းဆုံးအချိန်ပါပဲ။ အရေးကြီးဆုံးအရာက ကစားနေတဲ့

မိနစ်တွေမှာ ယုံကြည်မှုတွေကို ရယူပြီး အကောင်းဆုံးပုံစံကို ပြန်ရဖို့ပါပဲ။” လို့ ပြောခဲ့ပါတယ်။

 

 

နည်းပြ ပိုချက်တီနိုက ” ပထမပိုင်းမှာ ကျွန်တော်တို့လိုချင်တဲ့ပုံစံရအောင် မကစားနိုင်ခဲ့ဘူး ” လို့ ဝန်ခံခဲ့ပါတယ်။

” ကျွန်တော်တို့အသင်း အကောင်းဆုံးစတင်ခဲ့ပေမယ့် အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်။ Reims အသင်းကလည်း ကျွန်တော်တို့အသင်းရဲ့အမှားကနေ အခွင့်အရေးတွေ

ဖန်တီးနိုင်ခဲ့ပေမယ့် အဲ့ဒါကို ကျွန်တော်တို့အသင်းက ဒုတိယပိုင်းမှာတော့ ကောင်းကောင်းမွန်မွန် ဖိကစားနိုင်ခဲ့ပါတယ်။ ”

 

“ဘာမဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့တွေ  အဆင့်ဆင့် ကစားပြီး တစ်ပွဲပြီးတစ်ပွဲ ရှေ့ဆက်လျှောက်သွားရပါမယ်။ ကျွန်တော်တို့မှာ အလုပ်လုပ်ဖို့ အချိန်

အများကြီး မရှိပါဘူး။ အခြေအနေတစ်ခုကို အခွင့်ကောင်းယူနိုင်တာနဲ့အမျှ ကျွန်တော်တို့က အသင်းအတွက် ကောင်းသွားမှာပါ။ ” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

 

 

 

Leave A Comment