ဆာဒီယို မာနေးရဲ့ အကောင်းဆုံးနေ့

Sadio Mane AFCON
February 7, 2022

 

ဆီနီဂေါ AFCON ရဲ့ ဂုဏ်ကျက်သရေနောက်မှ ဆာဒီယိုမာနေး – “ဒါဟာ ကျွန်တော့် ဘဝရဲ့ အကောင်းဆုံးနေ့ပဲ “။

 

၂၀၂၂ ကင်မရွန်း AFCON ဖိုင်နယ်တွင် ဆီနီဂေါက အီဂျစ်ကို သမိုင်းဝင်အောင်ပွဲခံပြီးနောက် ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားအဖြစ် မာနေးက ရွေးချယ်

ခံခဲ့ရသည်။

 

ဆာဒီယိုမာနေသည် ဆီနီဂေါ၏ ပထမဆုံးသော အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ၎င်း၏ ကစားသမားဘဝ မီးမောင်းထိုးပြမှုအဖြစ် ဖော်ပြခဲ့သည်။

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

 

How to register in 1XBET?

 

လီဗာပူးတိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က အီဂျစ်ကို အနိုင်ရခဲ့တဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ နိုင်ငံအတွက် အနိုင်ရတဲ့ ပင်နယ်တီကို သွင်းယူနိုင်ခဲ့ပါတယ်။ မာနေးဟာ ပွဲ

ချိန်တွင်း ပင်နယ်တီကို လွဲချော်ခဲ့ပြီး  အချိန်ပို မိနစ် ၃၀ ကုန်ဆုံးသွားတဲ့အထိ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

 

 

“ကျွန်တော့် ဘဝရဲ့ အကောင်းဆုံးနေ့ပဲ”

 

Lions of Teranga တွေဟာ 2019 ခုနှစ်မှာ အယ်လ်ဂျီးရီးယားကို 1-0 ဂိုးနဲ့ ရှုံးနိမ့်ခြင်း အပါအဝင် စုစုပေါင်း AFCON ဖိုင်နယ်နှစ်ခုကို ရှုံးနိမ့်ခဲ့ပါတယ်။

 

 

ပွဲအပြီးမှာ မာနေးက

 

“ဒါဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနေ့ဖြစ်သလို ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးဆုဖလားလည်း ဖြစ်ပါတယ်။ “

 

“ကျွန်တော် ချန်ပီယံလိဂ်နဲ့ အခြားဆုဖလားအချို့ကို ဆွတ်ခူးခဲ့ပေမယ့် ဒါက ကျွန်တော့်အတွက် အထူးအခွင့်အရေးပါပဲ။ ဒါက ကျွန်တော့်အတွက် ပိုအရေးကြီးတယ်။ “

 

“ကိုယ့်အတွက်၊ ကျွန်တော့်လူတွေ၊ အသင်းဖော်တွေနဲ့ ကျွန်တော့်မိသားစုအားလုံးအတွက် ကျွန်တော်ပျော်ပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

 

 

ပင်နယ်တီ ထိုးနှက်ချက်

 

ပင်နယ်တီ လွဲချော်ခဲ့တာနဲ့ ပတ်သက်ပြီး မာနေးက

 

“ ပထမပင်နယ်တီကို လွဲချော်ခဲ့တုန်းက ကျွန်တော့်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ “

 

“ဒါပေမယ့် ကျွန်တော့်ရဲ့အသင်းဖော်တွေက ကျွန်တော့်ဆီလာပြီး ‘ ဆာဒီယို၊ ငါတို့တွေ ရှုံးလည်းအတူတူ၊ နိုင်လည်းအတူတူပါ။ ငါတို့မင်းကို နားလည်ပါတယ်။ မင်း

ငါတို့အတွက်အများကြီးလုပ်ခဲ့ပြီးပြီပဲ။ ဆက်ကြိုးစားလို့ ရပါသေးတယ်” လို့ပြောခဲ့ကြတယ်။ “

 

“အဲဒါက ကျွန်တော့်ကို ပိုသန်မာစေခဲ့ပြီး ဒုတိယမြောက် ပင်နယ်တီကို ကန်ခွင့်ရတဲ့အခါ ကွာခြားသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။”

 

“ကောင်လေးတွေအားလုံး ငါ့ဆီလာပြီး ‘ဆာဒီယို၊ ငါတို့မင်းကိုယုံတယ်’ လို့ပြောပြီး အဲဒါက ကျွန်တော့်ကို ပိုပြီးစိတ်အားတက်ကြွစေတယ်။ ဆုဖလားက ဆီနီဂေါ

အသင်းတစ်ခုလုံးပိုင်တယ်၊ လူတိုင်းက ထိုက်တန်ပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

 

အသင်းဖော်တွေရဲ့ အားပေးမှုကြောင့် မာနေးက ဒုတိယ ပင်နယ်တီကန်ဖို့ ယုံကြည်မှု ရသွားခဲ့ပြီး ဆီနီဂေါအသင်းကို အောင်ပွဲဆီ ခေါ်သွားနိုင်ခဲ့ပါတယ်။

 

 

ဆာဒီယို မာနေးရဲ့ ဆီနီဂေါအသင်းဟာ အီဂျစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ် ( ၄-၂ ) ဂိုးနဲ့ အနိုင်ယူပြီးနောက်မှာ မာနေးက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား

အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment