Romelu Lukaku ပြောလာတဲ့ ရိုးမားရဲ့ ပုံစံကောင်း။

Romelu Lukaku reveals key reason for brilliant Roma form FB
October 9, 2023

တိုက်စစ်မှူး Romelu Lukaku [ ရိုမလူ လူကာကူ ] ပြောပြလာတဲ့ ရိုးမား အသင်း ရဲ့ ပုံစံကောင်း။

Romelu Lukaku [ ရိုမလူ လူကာကူ ] ဟာ လက်ရှိ အီတလီ ကလပ် ရိုးမား အသင်းရဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး လက်ရှိ ရိုးမား အသင်း ပုံစံကောင်းတွေ နဲ့ တောက်ပလာရခြင်း အဓိက အကြောင်းအရင်းကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရိုမီလူ လူကာကူ ဟာ အခု နွေရာသီ မှာ ရိုးမားကို အငှားဖြင့် ရောက်ရှိလာကတည်းက ဟိုဆေး မော်ရင်ညို ရဲ့ ကစားကွက်အပေါ် အပြုသဘောဆောင် တဲ့ အကျိုးသက်ရောက်မှုများကို ဖော် ပြ ပြောဆိုခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ရိုးမားကို အငှားနဲ့ ရောက်ရှိလာတဲ့ ရိုမလူ လူကာကူ။

ဘယ်လ်ဂျီယံသား Romelu Lukaku [ ရိုမလူ လူကာကူ ] ဟာ မကြာသေးမီက အပြောင်းအရွှေ့ ကာလမှာ ချဲလ်ဆီးအသင်းကနေ အမြဲတမ်း စာချုပ် နဲ့ ထွက်ခွာဖို့ မျှော်လင့်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်တာမီလန် နဲ့ ဂျူဗင်တပ်စ် တို့ကို ဒေါသဖြစ်ခဲ့ပြီးနောက် Romelu Lukaku က စတန်းဖို့ဒ် ဘရစ်ချ်ကနေ ရိုးမားကို အငှားနဲ့ သာ ထွက်ခွာသွားခဲ့ပါတယ်။

Romelu Lukaku vs Mourinho

လူကာကူနဲ့ မော်ရင်ညိုတို့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။

စီးရီးအေကို ဒုတိယအကြိမ်အဖြစ် နှစ်နှစ်ဆက်တိုက် ပြန်ရောက်ကတည်းက ရိုးမားက မော်ရင်ညိုလက်အောက်မှာ သူတို့ရဲ့ ပုံမှန် ခြေစွမ်းကို ပြန်ရှာတွေ့လာတာကြောင့် Romelu Lukaku ကလည်း ခြေစွမ်း တောက်ပလာခဲ့ပါတယ်။

ရိုးမားအသင်းမှာ Romelu Lukaku [ ရိုမလူ လူကာကူ ] ရဲ့ စွမ်းဆောင်ရည်။

ချဲလ်ဆီး အငှား ကစားသမား Romelu Lukaku ဟာ ရိုးမားအသင်းအတွက် ရှစ်ပွဲ ကစားထားရာမှာ ခုနစ်ဂိုး သွင်းယူထားပြီး အီတလီ ထိပ်သီးလိဂ်မှာ ၅ ဂိုးနဲ့ ယူရိုပါလိဂ်မှာ ၂ ဂိုး သွင်းယူထားပါတယ်။

သူ့ရဲ့ သွင်းဂိုးတွေက ရိုးမား အသင်းအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ သုံးပွဲဆက်တိုက် အနိုင်ရစေပြီး ၅ ကြိမ် တိုင်တိုင် အောင်ပွဲခံနိုင်အောင် ကူညီပေးခဲ့ပါတယ်။

Romelu Lukaku scored 7 goals for Roma

ရိုးမားအတွက် ပြိုင်ပွဲစုံ ၇ ဂိုး သွင်းယူထားတဲ့ လူကာကူ။

အသက် ၃၀ နှစ်အရွယ် လူကာကူဟာ မန်ချက်စတာ ယူနိုက်တက်မှာ မော်ရင်ညို ရဲ့ သွန်သင်မှုတွေနဲ့ အချိန်တစ်ခု ရှိခဲ့ပြီး သူတို့နှစ်ဦး ပြန်လည် တွေ့ဆုံမှုဟာ ရိုးမားမှာ ဘယ်လ်ဂျီယံသား ခြေစွမ်းကောင်းလာဖို့ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

ရိုးမား တိုက်စစ်မှူး Romelu Lukaku [ ရိုမလူ လူကာကူ ] ရဲ့ ချဲလ်ဆီး နဲ့ အနာဂတ် ကုန်ဆုံးပြီလား။

တနင်္ဂနွေနေ့က Cagliari ကို ၄-၁ ဂိုး နဲ့ အနိုင်ရပြီးနောက် Lukaku က Tuttomercatoweb မှတဆင့် သတင်းစာ ရှင်းလင်းပွဲမှာ –  “အသင်းတစ်သင်းကို ငါပေးနိုင်တဲ့ အရာကို ကွင်းထဲမှာ ငါသက်သေပြခဲ့တယ်။ ”

“ ဒီနေ့တော့ အခြေအနေတွေ ကောင်းသွားတယ်။ အရင်တုန်းက ပြောခဲ့သလိုပဲ သူ (မော်ရင်ဟို) နဲ့ ကျွန်တော်တို့ အထူး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ သူက ကျွန်တော် နဲ့ ကျွန်တော့် ကလေးတွေအကြောင်းလည်း သိတယ်။ ”

“ သူက ကျွန်တော် ယုံကြည်လို့ရနိုင်တဲ့သူ တစ်ယောက်ဖြစ်ပြီး သူကလည်း ကျွန်တော့်အပေါ် ယုံကြည်တယ်။ သူကိုင်တွယ်ပုံက ခက်ထန်ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော် တိုးတက်လာနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ”

Romelu Lukaku at Chelsea

ချဲလ်ဆီးကနေ အပြီးသတ် ရောင်းချဖွယ် ရှိနေတဲ့ လူကာကူ။

လူကာကူအတွက် ဒါဟာ ချယ်လ်ဆီးကနေ အီတလီကို အငှားနဲ့ ထွက်ခွာလာတဲ့ ဒုတိယမြောက် ရာသီ ဖြစ်ပြီး ချဲလ်ဆီး အသင်း နဲ့ သူ့ ရဲ့ စာချုပ်က ၂၀၂၆ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ သူ့ ကို အပြီးသတ် ရောင်းချဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။

နည်းပြ ပိုချက်တီနို ရဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ဗီလာရီးယဲလ် ကနေ  နီကိုလပ်စ် ဂျက်ဆင်ကို ယူရို ၃၇ သန်း နဲ့ ခေါ် ယူခဲ့ပြီး အာမန်ဒို ဘရိုဂျာ က အခုအခါ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီ ဖြစ်ပါတယ်။

အာမန်ဒို ဘရိုဂျာ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖူလ်ဟမ်ကို ၂-၀ ဂိုး နဲ့ အနိုင်ရတဲ့ ပွဲမှာ ချဲလ်ဆီး အသင်းအတွက်  သူ့ ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment