Broja ရဲ့ အပြောင်းအရွှေ့ အက်ပ်ဒိတ် – ရိုမန်နို။

Broja Romano provided transfer updates WS
January 31, 2024

တိုက်စစ်မှူး Broja [ ဘရိုဂျာ ] အတွက် ရိုမန်နို ပြောတဲ့ အပြောင်းအရွှေ့ အက်ပ်ဒိတ်။

Broja [ အာမန်ဒို ဘရိုဂျာ ] ရဲ့ ချဲလ်ဆီး အသင်းနဲ့ အနာဂတ် အကြောင်း အထူးသဖြင့် အပြောင်းအရွှေ့ သတင်း အက်ပ်ဒိတ်ကို ဖာဘရီဇီယို ရိုမန်နိုက သဲလွန်စ ပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းသည် Deadline Day အတွက် ၎င်းတို့၏ အစီအစဉ်များကို အရိပ်အမြွက် ပြောကြားကာ ချဲလ်ဆီးအသင်းမှ တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ကြီးမားသော တောင်းဆိုမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း Fabrizio Romano က ဖော်ပြခဲ့သည်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် အသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတဲ့ အာမန်ဒို ဘရိုဂျာ။

အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် ဒီရာသီမှာ အသင်းနဲ့ အတူ ပြန်လည် ပါဝင် ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ Mauricio Pochettino ရဲ့ အသင်းမှာ အံဝင်ဂွင်ကျ ဖြစ်ဖို့နဲ့ ပုံမှန် ခြေစွမ်း ရရှိပြီး အထင်ကြီးလောက်စရာ ပြန်လည် ဖြစ်လာဖို့ကို အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

Broja is struggling at Chelsea

ပုံမှန် ခြေစွမ်းရရှိဖို့ ရုန်းကန်နေရတဲ့ ဘရိုဂျာ။

အယ်လ်ဘေးနီးယား တိုက်စစ်မှူး Broja [ ဘရိုဂျာ ] ဟာ ဖူလ်ဟမ် နဲ့ ပွဲမှာ သူ့ ရဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာပြီး နောက်ပိုင်း ပထမဆုံး ပွဲစဥ် မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သို့သော်လည်း သူဟာ ပရက်စတွန်နဲ့ အက်ဖ်အေဖလား ပွဲစဥ်မှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးဟာ အခု ပရီးမီးယားလိဂ် ရာသီ မှာ ၁ ဂိုး နဲ့ စုစုပေါင်း သွင်းဂိုး ၂ ဂိုးသာ ရှိခဲ့ပါတယ်။

အယ်လ်ဘေးနီးယား တိုက်စစ်မှူး Broja [ ဘရိုဂျာ ] ကို ကမ်းလှမ်းခဲ့တဲ့ ဝုဖ်။

ချဲလ်ဆီးအသင်းသည် ရာသီဒုတိယနှစ်ဝက်တွင် Broja ကို အငှားချရန် သို့မဟုတ် မှန်ကန်သော စျေးနှုန်းဖြင့် ရောင်းချရန် သတင်းပေးခဲ့ပေမယ့် ရိုမန်နိုက လန်ဒန် အသင်း အနေနဲ့  သူတို့ရဲ့ အဆင်မပြေတဲ့ ကမ်းလှမ်းမှုမျိုးကို လက်ခံရန် ဆန္ဒမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

အမှန်တကယ်တော့ ဝုဖ် အသင်းဟာ တိုက်စစ်မှူးအတွက် အပြောင်းအရွှေ့ အတွက် ပယ်ချခံခဲ့ရပြီး ဖာဘရီဇီယို ရိုမန်နို ရဲ့ အဆိုအရ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ချိန်အတွင်း ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို ပြုလုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Broja is wanted by Wolves

ဝုဖ်အသင်းက ဘရိုဂျာကို ကမ်းလှမ်းခဲ့ပါသေးတယ်။

Romano က သူ့ ရဲ့ YouTube ချန်နယ်မှာ “ ချဲလ်ဆီးက Armando Broja အတွက် ဝုဖ် ရဲ့ တရားဝင် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်။ ဝယ်ယူခွင့် မပါရှိ တဲ့ အငှား စာချုပ် ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ငြင်းဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။

နောက်ကျတဲ့ Broja [ ဘရိုဂျာ ] အပြောင်းအရွှေ့က ဖြစ်နိုင်ခြေ ရှိသလား။?

ဒီအပတ် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ဆီနီဂေါအသင်းရဲ့ တိုက်စစ်မှူး  Nicolas Jackson ရဲ့ ပြန်လည် ရောက်ရှိလာမှုကို ရင်ဆိုင်ရမယ့် Broja အတွက် အခု ဇန်နဝါရီမှာ စတန်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်လမ်း ရှိနိုင်ပါတယ်။

” ဖူလ်ဟမ် က သူ့ကို အပြောင်းအရွှေ့ ကာလ နောက်ဆုံး နာရီ မှာ ခေါ်ယူဖို့ ကြိုးစား မှာလား ၊ ဒါမှမဟုတ် တခြား ကလပ် တွေ က ပြိုင်ပွဲ မှာ ဝင်ပြိုင် မလား ၊ ဒါပေမယ့် ဒါက ဖြစ်မလာ ပါဘူး ” လို့ ဝုဖ် ကို ရည်ညွှန်းပြီး Romano က ပြောကြား ခဲ့ပါတယ်။

Broja scored against Fulham

ဖူဟမ်ဘက်ကို ဂိုးသွင်းယူခဲ့တဲ့ အာမန်ဒို ဘရိုဂျာ။

ဘရိုဂျာ အနေနဲ့ သူ့ ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ပရီးမီးယားလိဂ် သွင်းဂိုး ၈ ဂိုး သာ သွင်းယူနိုင်ခဲ့ပြီး အယ်လ်ဘေးနီးယား လက်ရွေးစင်ဟာ 2021/22 ဘောလုံးရာသီမှာ ဆောက်သမ်တန် အသင်းဆီ အငှားနဲ့ သွားရောက် ကစားစဉ်တွင် အထူးတောက်ပနေခဲ့ဖူးပါတယ်။

မည်သို့ပင် ဆိုစေကာမူ၊ ချယ်လ်ဆီး အသင်း အနေနဲ့ အငှား ကမ်းလှမ်းမှုကို နောက်ဆုတ်လိုက်ခြင်းကြောင့် ဒီ အပြောင်းအရွှေ့ ကာလမှာ ရှေ့တန်းအတွက် နောက်ကျ အပြောင်းအရွှေ့ များ မရှိကြောင်း ညွှန်ပြနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment