Pellistri ရဲ့ အပြောင်းအရွှေ့ နောက်ဆက်တွဲ။

Pellistri Edgardo Lasalvia has hit out at Ten Hag WS
February 1, 2024

ယူနိုက်တက် ကြယ်ပွင့် Pellistri [ ဖယ်ကွန်ဒို ပယ်လစ္စထရီ ] ရဲ့ အပြောင်းအရွှေ့ နောက်ဆက်တွဲ။

Pellistri [ ဖယ်ကွန်ဒို ပယ်လစ္စထရီ ] ဟာ မကြာသေးခင်က မန်ချက်စတာ ယူနိုက်တက် အသင်းကနေ စပိန်ကလပ် ဂရန်နာဒါ အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ ရဲ့ အေးဂျင့်ကတော့ မန် ယူနိုက်တက် အသင်း ရဲ့ နည်းပြ အဲရစ် တန်ဟက် ကို ကစားသမားအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်လို့ ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် နည်းခဲ့တဲ့ Pellistri [ ဖယ်ကွန်ဒို ပယ်လစ္စထရီ ]။

ဥရုဂွေး လက်ရွေးစင် Pellistri [ ဖယ်ကွန်ဒို ပယ်လစ္စထရီ ] ဟာ အခုနှစ် ရာသီ အဲရစ် တန်ဟက်ဂ် ရဲ့ လက်အောက် ပွဲထွက်ခွင့် အရမ်း နည်းပါးခဲ့ပြီး ကလပ်အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ အတွင်း ၃၆၆ မိနစ် သာ ကစားခွင့် ရရှိခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ယူနိုက်တက် ကြယ်ပွင့် Pellistri [ ဖယ်ကွန်ဒို ပယ်လစ္စထရီ ] ဟာ ဒီပို့တီပို အလာဗက်စ် အသင်းနဲ့ အတူ လာလီဂါ မှာ အငှား ၂ ကြိမ် သွားရောက် ကစားခဲ့ပြီး ဖြစ်ပါတယ်။

Pellistri had a few minutes under Ten Hag

ပယ်လစ္စထရီဟာ ယူနိုက်တက် မှာ ပွဲထွက်ခွင့် အရမ်းနည်းခဲ့ပါတယ်။

အခု ၃ ကြိမ်မြောက် အဖြစ် ဂရန်နာဒါ အသင်းဆီ အငှား စာချုပ် နဲ့ ယူနိုက်တက် အသင်းကနေ ထွက်ခွာရချိန်မှာတော့ ပယ်လစ္စထရီ ရော သူ့ ရဲ့ အေးဂျင့် ကပါ အားလုံး အံ့အား သင့်ခဲ့ရပါတယ်။

အဲရစ် တန်ဟက်ဂ်ကို ဝေဖန် ပြောဆိုလိုက်တဲ့ Pellistri ရဲ့ အေးဂျင့် အက်ဒ်ဂါဒို လာဆာလ်ဗီယာ။

မကြာခဏ ဆိုသလို သူ့ ကစားသမား ကို အငှားချတာ ကြောင့်ရော၊ အသင်းမှာ ကောင်းကောင်း မွန်မွန် အသုံးမချတာတွေကြောင့် Pellistri ရဲ့ အေးဂျင့် Edgardo Lasalvia က မန်နေဂျာ တန်ဟက်ဂ် ကို ဝေဖန်ခဲ့ပါတယ်။

လာဆာလ်ဗီယာက “သူဟာ ဒီနှစ် အလယ်မှာ မန်ချက်စတာကို ပြန်လာမလား ဆိုတာ သူပြသတဲ့ စွမ်းဆောင်ရည် အပေါ်  မူတည်ပါတယ်။ တန်ဟက်ဂ် နဲ့ သာ ဆက်သွားရင် ခက်ခဲလိမ့်မယ်။ “

Pellistri was as a loan at Alaves for two times

အလာဗက်စ်မှာ အငှား ၂ ကြိမ်အထိ သွားရောက် ကစားခဲ့ရတဲ့ ပယ်လစ္စထရီ။

” နောက်ပြီး တန်ဟက်ဂ် က သူ့ ကို အသင်းမှာ အသုံးမချဘူး၊ သူ့ ကို တန်ဖိုးမထားဘူး။ ဒါမှမဟုတ် သူ့ ကို ပရော်ဖက်ရှင်နယ် တစ်ယောက်လို မဆက်ဆံ ခဲ့ဘူး။ ” လို့ Sport 890 ကို ပြောကြားခဲ့ပါတယ်။

နောက်ထပ် အဲရစ် တန်ဟက်ဂ် ရဲ့ ပြောစရာများ။

မကြာသေးခင်က မားကပ်စ် ရက်ရှ်ဖို့ဒ် ရဲ့  နိုက်ကလပ်ဆီ သွားရောက် လည်ပတ်ခဲ့တဲ့ အပြုအမူ များ အပါအဝင် လွန်ခဲ့တဲ့ ၁၈ လ သူရောက်လာကတည်း က ယူနိုက်တက် ရဲ့ အဓိက ကစားသမားတွေ နဲ့ ဆက်ဆံရေး ခက်ခဲ စေခဲ့ပါတယ်။

ခရစ်စတီယာနို ရော်နယ်ဒို ဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ အေဂျက်စ် နည်းပြဟောင်း ရဲ့ ထုတ်ပယ်တာ ခံခဲ့ရပြီး ဂျေဒန် ဆန်ချိုကလည်း ဇန်နဝါရီမှာ ဒေါ့မွန်ဆီ အငှား နဲ့ မပြောင်းခင် အသင်း ကနေ ၄ လကြာ ဖယ်ရှားခံခဲ့ရပါတယ်။

တန်ဟက်ဂ် ရဲ့ လုပ်ဆောင်ချက်ကတော့  Pellistri ကို စိတ်ပျက်စေဖို့ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားနေပြီး ရက်ရှ်ဖို့ဒ် ကတော့ လိမ်မာ ပါးနပ်စွာနဲ့ ဒီ ဆိုးရွားတဲ့ ကံကြမ္မာ ကို ရှောင်ရှားထားပုံ ရပါတယ်။

Pellistri and his agent Edgardo Lasalvia at Granada FC

ပယ်လစ္စထရီ နဲ့ သူ့ရဲ့ အေးဂျင့် လာဆာလ်ဗီယာ။

ပယ်လစ္စထရီ အနေနဲ့ သူ့ ရဲ့ ပြိုင်ဘက် တောင်ပံ နေရာတွေအတွက် လိုက်လျောညီထွေမှုရှိအောင် ကြိုးစားဖို့ ဒါမှမဟုတ် အရည်အသွေးကို ပြသဖို့ ရန် ရုန်းကန်နေရပြီး အခွင့်အလမ်း တွေကလည်း  အရမ်းကို နည်းပါးခဲ့ပါတယ်။

အခုတော့ ဖယ်ကွန်ဒို ပယ်လစ္စထရီ ရဲ့ မန်ချက်စတာ ယူနိုက်တက် အပေါ် အောင်ပွဲခံဖို့ မျှော်လင့်ချက် က လာလီဂါ ရဲ့ အောက်ဆုံး ဒုတိယ နေရာမှာ ရပ်တည်နေတဲ့ Granada အသင်းမှာ အကောင်းဆုံး အရည်အသွေး တွေနဲ့ ခြေစွမ်းပြလိုက်ရုံပါပဲ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment