Arda Guler ရဲ့ ရီးယဲလ် မက်ဒရစ် နဲ့ အနာဂတ်။

တူရကီ ကြယ်ပွင့် Arda Guler [ အာဒါ ဂူလာ ] ရဲ့ ရီးယဲလ် မက်ဒရစ် နဲ့ အနာဂတ်။
Arda Guler [ အာဒါ ဂူလာ ] ဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်ပိုင်း အလားအလာ ရှိတဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် ကျော်ကြားလာခဲ့ပါတယ်။
အသက် 18 နှစ်အရွယ်တွင် Fenerbahce အတွက် ပွဲ ၅၀ ကျော်ကစားခဲ့ပြီး Arda Guler ဟာ တူရကီ ရဲ့ မျှော်လင့်ချက်ကြီး တစ်ခု ဖြစ်ခဲ့ကာ ဘာနေဗျူးဆီ သူ့ ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ မျှော်လင့်ချက်များ ကြီးမားခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ရီးယဲလ်မှာ ပွဲထွက်ခွင့် အရမ်းနည်းနေတဲ့ အာဒါ ဂူလာ။
ဒါပေမယ့် ဘာစီလိုနာကို ကျော်ပြီး ရီးရဲလ် မက်ဒရစ် အသင်းကို ပြောင်းရွှေ့ ဖို့ ရွေးချယ်ခဲ့တဲ့ Arda Guler [ အာဒါ ဂူလာ ] အတွက်တော့ အစီအစဉ် တကျ မဖြစ်သေးပါဘူး။
ကွင်းလယ် တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက စုတ်ပြဲနေတဲ့ meniscus ကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ဆောင်းဦးရာသီမှာ လုံးဝထွက်ခွာ သွားခဲ့ရပြီး နှစ်သစ်ရောက်တဲ့အထိ ပါဝင်ခွင့် မရခဲ့ပါဘူး။
အခုအပတ်မှာ အသက် ၁၉ နှစ် ပြည့်ခဲ့တဲ့ Arda Guler [ အာဒါ ဂူလာ ] ဟာ အခုရာသီမှာ ရီးရဲလ်အတွက် စုစုပေါင်း ၉၂ မိနစ်အထိ ၅ ပွဲသာ ကစားထားပြီး ၆၀ ဝန်းကျင် သည် ကိုပါဒယ်ရေးပြိုင်ပွဲမှာပါ။
လူငယ် ကစားသမား Arda Guler ရဲ့ စိတ်ပျက်စရာများ ဆူပွက်လာနေ။
လာလီဂါမှာ Arda Guler [ အာဒါ ဂူလာ ] ရဲ့ ကစားချိန် စုစုပေါင်း မိနစ် ၂၀ မျှသာ ရှိပြီး ၃ ပွဲသာ ကစားခွင့် ရရှိထားတာကြောင့် ကစားသမား ရဲ့ စိတ်ပျက်စရာ များစွာရှိနေပါတယ်။
ဆီဗီလာနဲ့ ကစားခဲ့တဲ့ လက်ကျန်ပွဲမှာ နည်းပြ အန်ဆယ်လော့တီက လူငယ် ကြယ်ပွင့် Arda Guler ကို ပွဲကစားဖို့ အခွင့်အရေး ပေးဖို့ အသင့် ဖြစ်နေပေမယ့် လူကာ မိုဒရစ် ရဲ့ နောက်ကျသွင်းဂိုး နဲ့အတူ နည်ပြက သူ့ကို နေရာမှာ ပြန်ထိုင်စေခဲ့ပါတယ်။
“မိုဒရစ် ဂိုးမသွင်းခင်နဲ့ ဂိုးအပြီးမှာ ကျွန်တော် အတွေးတစ်ခုရှိခဲ့ပါတယ်။ အဲဒါက သိပ်မရှုပ်ထွေးပါဘူး၊ ဒါကို ရှင်းပြဖို့ မလိုပါဘူး” လို့ အန်ဆယ် လော့တီက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြာခဲ့ပါတယ်။
ရီးယဲလ် မက်ဒရစ်မှာ အနာဂတ် မသေချာ ဖြစ်နေတဲ့ Arda Guler [ အာဒါ ဂူလာ ]။
အန်ဆယ် လော့တီက ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် Arda Guler [ အာဒါ ဂူလာ ] ရဲ့ အလားအလာ တွေဟာ မကြာမီ အချိန်အတွင်း ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။
ဒါကြောင့် အရင် ဖီနာဘာချီ ကြယ်ပွင့်ဟောင်း ဟာ အခု နွေရာသီမှာ အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ ရည်ရွယ်ထားကြောင်း စပိန် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်၊ အင်တာမီလန် နဲ့ ဒေါ့မွန် အသင်းတို့က အာဒါ ဂူလာကို အငှား နဲ့ ခေါ် ယူဖို့ စိတ်အားထက်သန်နေကြပြီး အဲ့အထဲမှာ ပြည်တွင်းရှိ ရီးယဲလ်ဆိုစီဒက် နဲ့ ဂီတာဖေး အသင်းတို့လည်း ပါဝင်နေပါတယ်။
အခင်က မက်ဒရစ်သည် ဒန်နီ ဆီဘာလော့စ် နဲ့ ဘရာဟင်ဒီယက်ဇ်တို့လို ကစားသမားတွေကို အာဆင်နယ် နဲ့ အေစီမီလန်တို့ဆီ အငှားနဲ့ စေလွှတ်ခဲ့ပြီး သူတို့ နှစ်ဦးဟာ မက်ဒရစ် ပထမအသင်းမှာ ပါဝင် ကစားရန် ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။
အပြန်အလှန်အားဖြင့် Take Kubo နဲ့ Martin Odegaard တို့လို တခြား လူငယ်တွေကတော့ သူတို့ရဲ့ အငှားကာလပြီးဆုံပြီးနောက် စပိန်မြို့တော်ကနေ ထွက်ခွာပြီး အမြဲတမ်း ပြောင်းရွှေ့ ဖို့ ရွေးချယ်ခဲ့ကြပါတယ်။
အခြားတစ်ဖက်မှာတော့ Endrick နဲ့ Kylian Mbappe တို့က အခု နွေရာသီမှာ ရောက်ရှိလာကြမှာ ဖြစ်ပြီး ရာသီသစ် အတွက် အန်ဆယ် လော့တီ ရဲ့ တိုက်စစ် ရွေးချယ်မှုများကို ပေါင်းထည့်မှာ ဖြစ်ပါတယ်။
ဆိုတော့ လက်ရှိ ရီးယဲလ် မက်ဒရစ်မှာ ပွဲထွက်ခွင့် အရမ်းနည်းနေလို့ စိတ်ပျက်နေတဲ့ Guler ရဲ့ အနာဂတ်က ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။