Alphonso Davies ကို ပြောင်းရွှေ့ဖို့ တောင်းဆိုလိုက်တဲ့ ရီးယဲလ်။

Alphonso Davies is wanted by Real Madrid WS
January 9, 2024

ဘိုင်ယန် ဘယ် နောက်ခံလူ Alphonso Davies [ အယ်လ်ဖွန်ဆို ဒေဗီးစ် ] ကို ကမ်းလှမ်းလိုက်တဲ့ ရီးယဲလ်။

Alphonso Davies [ အယ်လ်ဖွန်ဆို ဒေဗီးစ် ] ဟာ မကြာခင် ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်းတို့ဖို့ ပြင်ဆင်နေပြီး အဲ့ဒီ မတိုင်ခင် သူ့ ကို ခေါ် ယူဖို့  ရီးယဲလ် မက်ဒရစ် အသင်းက ကြိုးပမ်းနေတယ် လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဘိုင်ယန်မြူးနစ် ဘယ်နောက်ခံလူ Alphonso Davies [  ဒေဗီးစ် ] ဟာ သူ့ရဲ့ အနေအထားမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦး ဖြစ်ပြီး မရေရာတဲ့ အနာဂတ် နဲ့ ရင်ဆိုင်နေရဆဲပါ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အယ်လ်ဖွန်ဆို ဒေဗီးစ်ကို အချိန် အကြာကြီး စောင့်ကြည့်နေခဲ့တဲ့ ရီးယဲလ် မက်ဒရစ်။

ဂျာမန်ကလပ် အသင်းဟာ Alphonso Davies [  ဒေဗီးစ် ] ကို စာချုပ်သစ် ချုပ်ဆိုဖို့ စိတ်အားထက်သန်နေပေမယ့် ဆွေးနွေးမှုတွေ နှစ်ဦးနှစ်ဖက် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။

ဒေးဗီးစ်ဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ် သက်တမ်း ရှိနေတာကြောင့် ဘိုင်ယန်မြူးနစ် အနေနဲ့ စည်းကမ်းချက် အသစ်များကို သဘောမတူပါက သူ့ ကို နွေရာသီမှာ ရောင်းချရမှာ ဖြစ်ပါတယ်။

Alphonso Davies vs Real Madrid

ရီးယဲလ်မက်ဒရစ်က ဒေဗီးစ်ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ဟာ အသင်း ရဲ့ ဂန္တဝင် ဘရာဇီးလ် ဘယ် နောက်ခံလူ မာဆယ်လို ထွက်ခွာသွားပြီး ကတည်းက သူ့ ကို ခေါ် ယူဖို့ အချိန် အတော်ကြာ အောင် စောင့်ကြည့်နေခဲ့ပါတယ်။

အောင်မြင်မှုလား ငွေကြေးလား ရွေးချယ်ရတော့မယ့် Alphonso Davies [  ဒေဗီးစ် ]။

ရီးယ်လ် မက်ဒရစ် အနေနဲ့ ကနေဒါသား ဒေးဗီးစ်ကို သူတို့ရဲ့ ဘယ်နောက်ခံလူနေရာ ပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းမှု တစ်ခုလို့ မှတ်ယူထားပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင်နဲ့ ခေါ် ယူနိုင်မှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ လုပ်ခ လစာကို တခြား အသင်းတွေမှာလည်း ပိုပြီး ရနိုင်တာကြောင့်  Alphonso Davies [  ဒေဗီးစ် ] အနေ နဲ့ ‌ငွေးကြေး နဲ့ အောင်မြင်မှု နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမှာပါ။

Alphonso Davies will be at Bayern until 2025

၂၀၂၅ ခုအထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒေဗီးစ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် လက်ရှိ မက်ဒရစ်မှာ တောက်ပနေတဲ့ ဂျူ့ဒ် ဘယ်လင်ဂမ် ရဲ့ အပြောင်းအ‌ရွှေ့ ဖြစ်ရပ်ပဲ ဖြစ်ပြီး သူ ‌အနေနဲ့ အောင်မြင်မှု ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ် မက်ဒရစ် ရဲ့ Alphonso Davies [  ဒေဗီးစ် ] အပေါ် တောင်းဆိုချက်။

Davies ရဲ့ ဆုံးဖြတ်ချက် အတည်မဖြစ်သေးပေမယ့် Sky Germany မှ Florian Plettenberg သည် Los Blancos အသင်း ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြသခဲ့သည်။

ထိပ်တန်း သတင်းသမားတွေရဲ့ အဆိုအရ ရီးယဲလ် မက်ဒရစ် အကြီးအကဲတွေဟာ ကနေဒါ လက်ရွေးစင် ကစားသမား ရဲ့ အေးဂျင့် နဲ့ ပုံမှန် အဆက်အသွယ် ရှိနေကြောင်း သိရပါတယ်။

“ရီးရဲလ်မက်ဒရစ်က သူ့ ကို သေချာပေါက် လိုချင်ပါတယ် သူက လာမယ့်နွေရာသီမှာ လိုချင်တဲ့ ဘယ် နောက်ခံလူ ပစ်မှတ်ပဲ၊ နွေရာသီမှာ ထွက်ခွာဖို့ ဖြစ်နိုင်တယ်။ “

Alphonso Davies is wanted by Real Madrid

ရီးယဲလ်က ဒေဗီးစ်ကို ခေါ် ယူဖို့ ပြင်ဆင်နေပါတယ်။

ယေဘုယျအားဖြင့်တော့ Alphonso Davies [  ဒေဗီးစ် ] က ဘိုင်ယန် မြူးနစ်မှာ သက်တောင့်သက်သာ ရှိပေမယ့် ရီးယဲလ် မက်ဒရစ်ကလည်း ခေါ် ယူဖို့ တွန်းအားပေးနေပါတယ်။ ” လို့ Plettenberg က တွစ်တာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

Plettenberg က စပိန် ကလပ် အသင်း အနေ နဲ့ ဒေးဗစ် ကို သူ့ ရဲ့ ဘိုင်ယန် မြူးနစ် အသင်း နဲ့ စာချုပ် သက်တမ်း မတိုးဖို့ အထူး တောင်းဆိုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ် အနေ နဲ့ Alphonso Davies [  ဒေဗီးစ် ] နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စီမံခဲ့မယ် ဆိုရင်တော့ ဒါဟာ ရီးယဲလ် မက်ဒရစ် တို့အတွက် မျှော်မှန်းမရနိုင်တဲ့ အနာဂတ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment