Hazard ရဲ့ အခုလက်ရှိ ဝေဖန်ခံနေရတဲ့ အဖြစ်အပျက်။

Eden Hazard has been accused of “making fun of fans” WS
February 8, 2024

ပွဲမစ,ခင် မူးနေခဲ့ဖူးတယ် ဆိုတဲ့ ရီယဲလ် မက်ဒရစ် ကစား‌သမားဟောင်း Hazard [ အီဒင် ဟာဇက်] ။

Hazard [ အီဒင် ဟာဇက်] ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြင်သစ်မှာ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သူပြောခဲ့တဲ့ ဖော်ထုတ်ချက်တွေ  ကြောင့် ပရိသတ်တွေကို လှောင်ပြောင်တယ် လို့ စွပ်စွဲခံခဲ့ရပါတယ်။
ရီးယဲလ် မက်ဒရစ် ကစားသမားဟောင်း Hazard [ အီဒင် ဟာဇက်] ဟာ အားကစား အနှစ်သာရ ကို ဂရုမစိုက်ကြောင်း နဲ့ ပွဲမစ,မီ တစ်ရက် အလိုမှာ အရက်သောက်ခဲ့ကြောင်း ပြင်သစ် ဘောလုံး အဖွဲ့ ချုပ်ကို ဝန်ခံခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသက် ငယ်သေးပေမယ့် ကစားသမားဘဝကနေ အနားယူလိုက်တဲ့ အီဒင် ဟာဇက်။

ဘယ်လ်ဂျီယံ လက်ရွေးစင်ဟောင်း ဟာ အသက် ၂၈ နှစ် အရွယ် တုန်းက နွေရာသီ ချဲလ်ဆီး ကစားသမား ဘဝမှာ သူ့ ကို ရီးယဲလ် မက်ဒရစ် အသင်းက 
ပြောင်းရွှေ့ ကြေး ယူရို သန်း ၁၀၀ ကျော် နဲ့ ခေါ် ယူခဲ့ပါတယ်။
စာချုပ်အရ ရီးယဲလ် မက်ဒရစ် ကစားသမား ဘဝ ၄ နှစ်တာ ကာလမှာ ခြေစွမ်းတွေ တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး သူ့ ရဲ့ အလားအလာအတွက် မပြည့်စုံနိုင်ဘူးလို့ ယူဆခဲ့ပါတယ်။
Eden Hazard had retired in the summer aged just 32

အသက် ၃၂ နှစ်မှာ အနားယူခဲ့တဲ့ ဟာဇက်။

ရီးယဲလ်မက်ဒရစ်ကလည်း စာချုပ်သစ် ထပ်မချုပ်တာကြောင့် အလွတ် အေးဂျင့် ဖြစ်သွားခဲ့ပြီး အသင်းသစ် ရှာခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ မှာ အသက် ၃၂ နှစ်သာ ရှိသေးပေမယ့် ကစားသမား ဘဝ ကနေ အနားယူသွားခဲ့ပါတယ်။

သောက်စားတာနဲ့ ပတ်သက်လို့ Hazard [ အီဒင် ဟာဇက်] ရဲ့ ဖွင့်ဟချက်။

ပရိသတ်တွေကို တုန်လှုပ်စေခဲ့တဲ့ ထုတ်ဖော်ပြသမှုတွေမှာ ဟာဇက်က “Diet  လုပ်တာက အမှိုက် ဖြစ်ပြီး အသုံးမဝင်ပါဘူး။ အင်း၊ မင်းအသက် ၄၀ လောက် အထိ ကစားချင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ “
” ဒါပေမယ့် ဒါက ငါ့အတွက် မဟုတ်ဘူးဆိုတာ ငါသိတယ်။ ရေခဲသေတ္တာထဲမှာ ရှန်ပိန် နည်းနည်း အမြဲ ရှိတယ်။ ပွဲမစ,ခင် တစ်ရက်မှာ အိမ်မှာ ကောင်းကောင်းစား၊ အရက် ပုလင်း သေးသေးလေး သောက်တယ်။ ဒီလိုပါပဲ။ ” လို့ ပြောခဲ့ပါတယ်။
Eden Hazard said about his time at Madrid in interview

ပွဲမတိုင်ခင် မူးနေတတ်ကြောင်း အင်တာဗျူးတစ်ခုမှာ ဟာဇက် ‌ဝန်ခံခဲ့ပါတယ်။

ဒီသဘောထား ကို ပြင်သစ်အသင်း နဲ့ အတူ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ မီလန် နဲ့ ဘာစီလိုနာ ကစားသမားဟောင်း ခရစ်စတိုဖီ ဒူဂါရီက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

ဒူဂါရီ က Hazard [ အီဒင် ဟာဇက်] အင်တာဗျူး နဲ့ ပတ်သက်လို့ ဘာပြန်ပြောသလဲ။

RMC နဲ့ စကားပြောရာမှာ ပြင်သစ် လက်‌ရွေးစင် ဟောင်း ခရစ်စတိုဖီ ဒူဂါရီ က “ဒါကို အခု ထုတ်ဝေရတာ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ဒါကို အရင်ကတည်း က ပြောခဲ့သင့်တယ်။ “
” မင်းရဲ့ ယူရို သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့တုန်းက ဥက္ကဌ ကို ညနေ အပြင်ထွက်မယ်ဆိုတာ။ နောက် အရက်မူးနေပြီး လေ့ကျင့်ရေးမှာ ပြေးရတာ မကြိုက်ဘူးလို့ မန်နေဂျာတွေ နဲ့ အသင်းဖော်တွေ ကို ပြောခဲ့သေးလား။ “
Eden Hazard Christophe Dugarry fumed him

ဟာဇက်ရဲ့ သဘောထားကို ဝေဖန်လိုက်တဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း ဒူဂါရီ။

” ဘောလုံးဆိုတာ အသင်းလိုက် နဲ့ ပရော်ဖက်ရှင်နယ် အားကစား တစ်ခုပါ။ မင်းမှာ တာဝန်တွေရှိတယ်။ သေချာတာက မင်းစာထဲမှာ အားလုံး ကို မလေးစားနိုင်ပေမယ့် အဓိပ္ပာယ် မရှိတဲ့ဟာ ကို ကြော်ငြာဖို့က ရှက်စရာကောင်းတယ်။ “
“ဟာဇက်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် မနေ့ညက မင်း အရက် မူးနေပြီး ဒီနေ့ ပွဲကစားတာကို လာကြည့်တဲ့ ပရိသတ်တွေအတွက်  ရှက်စရာ လို့ ပြောရမှာပါ။ “
“သူ့ရဲ့အင်တာဗျူးက ကမ္ဘာ နဲ့ ဘောလုံးလောကကို ဟာသ လုပ်နေတာပါ။ သတ္တိရှိတဲ့ ယောက်ျားလေးလို ပြုမူချင်ရင်တော့ အရင် ပြောရပါမယ်။ ရီးယဲလ် မက်ဒရစ် က ယူရိုသန်း ၁၀၀ နဲ့ မခေါ် ယူခင်မှာ ဇီဒန်း ကို ဒါတွေ ဘာကြောင့် မပြောခဲ့တာလဲ။ ” ဆိုပြီး ဝေဖန် ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment