Raphinha ရဲ့ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့
ဘာစီလိုနာကို ပြောင်းရွှေ့လိုတာကြောင့် Raphinha က လီဗာပူးအပြောင်းအရွှေ့ကို ပယ်ချလိုက်ပါတယ်။
Raphinha [ ရာဖင်ညာ ] ဟာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေတာကြောင့် လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ လိဒ်အသင်းအတွက် ၁၁ ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး စျေးနှုန်းအနေနဲ့ ယူရို ၆၅ သန်းဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။ လီဗာပူးလ်အသင်းဟာ အခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို ထွက်ခွာဖွယ်ရှိနေတဲ့ ဆာဒီယိုမာနေးရဲ့ နေရာမှာ အစားထိုးဖို့ ရာဖင်ညာကို သတ်မှတ်ထားပြီးတာကူမီ မီနာမီနိုကို လဲလှယ်ကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ လိဒ်ရဲ့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်ခြေပိုများနေပေမယ့် တောင်ပံကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှုရရှိထားပြီးဖြစ်ကာ ပြောင်းရွှေ့မှုအတွက် အလျင်လိုနေပြီဖြစ်ကြောင်း သိရပါတယ်။
နောက်ရာသီ ဘရာဇီးလ်လက်ရွေးစင် Raphinha က ဘယ်အသင်းမှာ ကစားမလဲ?
လိဒ်စ်ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုံနေရာတွေနဲ့ ပိုမိုနီးကပ်လာတာကြောင့် တခြားအသင်းတွေက ရာသီအစောပိုင်းမှာ ရာဖင်ညာကို ခေါ်ယူဖို့ စ,တင်စိတ်ဝင်စားလာကြပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမားဟာ လိဒ်အသင်းကနေ နုတ်ထွက်ပါက သူ့ရဲ့ စာချုပ်မှာ အလွတ်သဘောပါရှိမယ်လို့ ယုံကြည်ခဲ့ပြီး ရာသီရဲ့ နောက်ဆုံးနေ့မှာ အဖြူရောင်အသင်းကို တန်းဆင်းဇုံကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောာင့် ဘာစီလိုနာ အပါအဝင် တချို့အသင်းတွေဟာ Raphinha ကို ပြောင်းရွှေ့ကြေးဈေးနှုန်းအရ လက်လျှော့လိုက်ကြပါတယ်။ ဒါပေမယ့် စပိန်ကလပ် ဘာစီလိုနာအသင်းကတော့ သူ့ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်နေဆဲ ဖြစ်ပါတယ်။ စပိန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တောင်ပံကစားသမား အူစမန် ဒမ်ဘီလီဟာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဘာကာအသင်းဟာ အဆင်ပြေနိုင်ခြေရှိတဲ့ စားသမားတစ်ဦးကိုရှာဖွေနေပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အိန်ဂျယ်ဒီမာရီယာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆက်သွယ်နေပြီ ဖြစ်ပါတယ်။ အင်္ဂလန်ကလပ်အသင်းက သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး တောင်းဆိုမှုကို လျှော့ချပေးဖို့ အစီအစဥ် မရှိပါဘူး။
အဲ့ဒါတောင် ဘာစီလိုနာအားကစားဒါရိုက်တာ မတ်တေယူ အလမ်မီနီ ဟာ အခုအပတ်အတွင်း လိဒ်သို့သွားရောက်ကာ သဘောတူညီမှုရရှိဖို့ မျှော်လင့်ထားကြောင်း သတင်းများထွက်ပေါ်လျက် ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ ဘာစီလိုနာနဲ့ လိဒ်တို့ဟာ ပြောင်းရွှေ့ကြေး ပမာဏ သတ်မှတ်ချက်တွေကို သဘောမတူပါက တခြားပစ်မှတ်များကို ထည့်သွင်းစဉ်းစားဖွယ်ရှိနေပါတယ်။ သိုပေမယ့် ရာဖင်ညာကို လီဗာပူးလ်အသင်းက ကိုယ်တိုင် လေလံဆွဲခေါ်ယူဖို့ ရှိနေဦးမှာပါ။ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ရာဖင်ညာကို မျက်စိကျနေတဲ့ တခြားအသင်းတွေကြားထဲက ဖြစ်ပေမယ့် အဆိုပါတောင်ပံကစားသမားဟာ လိဒ်အသင်းမှာ နောက်ထပ်တစ်ရာသီဆက်နေဖို့ အဆုံးသတ်သွားနိုင်ပါတယ်။
ရာဖင်ညာအတွက် အနည်းဆုံး ပေါင် ၅၅ သန်း လိုချင်တယ်ဆိုတဲ့ လိဒ်
လိဒ်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တောင်ပံကစားသမား Raphinha အတွက် ပြောင်းရွှေ့ကြေးအနေနဲ့ အနည်းဆုံး ပေါင် ၅၅ သန်း လိုချင်တယ်လို့ ဘာစီလိုနာကို ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးနေ့မှာ ဘရန့်ဖို့ဒ်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရရှိပြီးနောက် လိဒ်အသင်းဟာ ကတ်တလန်ကလပ်ဆီကနေ တောင်ပံကစားသမားအတွက် မက်မောလောက်ဖွယ် ငွေကြေးတစ်ခုကို လိုချင်နေခဲ့တယ်လို့လည်း ဆိုပါတယ်။
လိဒ်အသင်းကနေ ထွက်ခွာသွားပါက ဘာစီလိုနာအသင်းအနေနဲ့ အဆိုပါကစားသမားကို ပေါင် ၂၁ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ ဒါပေမယ့်လည်း စပိန် ကတ်တလန်အသင်းဟာ ဘရာဇီးလ် ကစားသမားအတွက် အလိုရှိသင့်တာထက် ပမာဏပိုပြီး ပေးချေရဖွယ် ရှိနေပါတယ်။
ဘာစီလိုနာရဲ့ ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေးငွေ
လိဒ်မှာ ဖြည့်ဆည်းရမယ့် အခြေအနေနှစ်ခု ရှိနေပါတယ်။ – ပထမအချက်က ကစားသမားအတွက် သူတို့ရဲ့ စျေးနှုန်းသတ်မှတ်မှု အောင်မြင်စေဖို့နဲ့ ဒုတိယအချက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးငွေကို အရစ်ကျပေးချေခြင်းမဟုတ်ကြောင်း သိရှိရပါတယ်။
ရှင်းပါတယ်။ ဘာစီလိုနာလို ငွေကြေးအခက်အခဲရှိတဲ့ အသင်းတစ်သင်းအတွက် ဒီအခြေအနေတွေကို လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲနေတယ်ဆိုတာတော့ ထင်ရှားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကနေ ရောဘတ်လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ရုန်းကန်နေရပြီး ကလပ်အသင်းရဲ့ အခြေအနေမှာ ကစားသမားခေါ်ယူဖို့ သိသာထင်ရှားတဲ့ ရည်မှန်းချက်တွေနဲ့ မကိုက်ညီနိုင်လို့ ယူဆရပါတယ်။ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေပြီး ဘာစီလိုနာအသင်းက ခေါ်ယူချင်ပေမယ့် ဂျာမန်ကလပ် လိုချင်သည့် ပြောင်းရွှေ့ကြေးငွေကို ပေးချေနိုင်ခြင်း မရှိတာကြောင့် လက်ရှိမှာ အပြောင်းအရွှေ့ မအောင်မြင် ဖြစ်နေပါတယ်။
တောင်ပံတိုက်စစ် Raphinha ရဲ့ အေးဂျင့်
ဘရာဇီးလ်လက်ရွေးစင်ကစားသမား ရာဖင်ညာရဲ့ အေးဂျင့် ဒီကိုဟာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ လအတော်ကြာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ကိုယ်ရေးကိုယ်တာ အခြေအနေ စည်းကမ်းတွေဟာ အသင်းနှစ်သင်းကြား အတားအဆီးတစ်ခု မဖြစ်သင့်ကြောင်း ယုံကြည်နေပါတယ်။
လိဒ်အသင်းမန်နေဂျာ ဂျက်ဆီ မားရှ်က ဘရာဇီးသားဟာ ကလပ်မှာ ကတိကဝတ်တွေ ဆက်လက်ရှိနေခဲ့ကြောင်းနဲ့ နောက်ထပ်ရာသီတစ်ခုအထိ ရပ်တည်နိုင်စေရေးမှာ ကစားသမားရဲ့ အရေးကြီးတဲ့ စွမ်းဆောင်မှုတွေဟာ သူ့အတွက် သင်္ကေတဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။