Neymar JR က PSG ကနေ ထွက်ခွာဖို့မဖြစ်နိုင်တာ သိပါတယ်။

NeymarJR PSG
June 8, 2022

PSG တောင်ပံတိုက်စစ် Neymar JR က အသင်းကနေ ထွက်ခွာဖို့ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။

Neymar JR [ နေမာ ] ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေပေမယ့် ဘရာဇီးသားက ပီအက်စ်ဂျီမှာ ဆက်နေဖို့ ရည်ရွယ်ထားကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း PSG အသင်းက ကလပ် ကစားသမားရဲ့ ကာတာပိုင်ဆိုင်ခွင့်ကို စိတ်ပျက်လက်ပျက် ဖြစ်နေတာကြောင့် နေမာကို ရောင်းချဖို့ လမ်းဖွင့်ထားတယ်လို့  သတင်း‌တွေ ထွက်ပေါ်နေပါတယ်။ ကလပ်အသင်းကလည်း မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်တော့  ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

မကြာသေးမီက ရီးယဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ကီလီယန် အမ်ပါပေက ပဲရစ်မှာပဲ ဆက်နေဖို့ အသင်းနဲ့  သက်တမ်းတိုး စာချုပ်ထပ်ချုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့ နေမာရဲ့  အနာဂတ်နဲ့  ပတ်သက်ပြီး မသေချာမရေရာမှုတွေ ရှိနေတယ်လို့ ယုံကြည်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘရာဇီးလ် လက်ရွေးစင် ကစားသမား နေမာဟာ ၂၀၁၇ ခုနှစ်မှာ ပြင်သစ် ကလပ်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဟာ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်စာချုပ်ရှိပြီး အသင်းမှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိပါတယ်။ မကြာသေးခင် နှစ်တွေအတွင်းက ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် ကလပ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ကတ်တလန်ကလပ်ကို ပြန်လည်ရောက်ရှိလာဖို့နဲ့ ပတ်သက်ပြီး အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

PSG အနာဂတ်နဲ့ပတ်သက်ပြီး Neymar JR က ဘာပြောခဲ့လဲ?

အခုအချိန်မှာတော့ နေမာက လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကလပ်မှာ ဆက်နေဖို့နဲ့ ကောင်းကောင်းခြေစွမ်းပြနိုင်ဖို့ အခိုင်အမာ ယုံကြည်နေပါတယ်။ – “ကျွန်တော့်ရဲ့ ရည်မှန်းချက်က အမြဲတမ်းအတူတူပါပဲ၊ ဖြစ်နိုင်သမျှ ဆုဖလားတိုင်းကို ရယူနိုင်မှာပါ။ ” လို့ နေမာက ပြောကြားခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ နေမာက “ကောင်းကောင်းကစားပြီး ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူမှာပါ။

ဒါတွေက လာမယ့်ရာသီအတွက် ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေပါပဲ။ ပဲရစ်မှာ ရှိနေဖို့ လိုပါတယ်။ ကျွန်တော့်မှာ PSG နဲ့ စာချုပ်ရှိနေတာကြောင့် ရွေးချယ်စရာမရှိပါဘူး။ PSG နဲ့ပဲ ဆက်လက် လက်တွဲဖြစ်မှာပါ။” လို့ ကြုံးဝါးသွားခဲ့ပါတယ်။

NeymarJR 2025 contract

ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ နေမာ။

ပီအက်စ်ဂျီအသင်းကနေ နေမာ ထွက်ခွာဖို့ ဘာကြောင့် မဖြစ်နိုင်ရတာလဲ?

ပြင်သစ်ကလပ်ဖြစ်တဲ့ PSG အသင်းက နေမာကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘရာဇီးလ်သားရဲ့ ပြောင်းရွှေ့ကြေးကြောင့် ဝယ်သူရှာဖို့ ခက်ခဲပါလိမ့်မယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ပြင်သစ်ချန်ပီယံအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်နဲ့ ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး စံချိန်တင်ထားဆဲဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ နောက်ထပ်သုံးရာသီစာချုပ် ချုပ်ဆိုထားတာကြောင့် PSG အသင်းဟာ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုအချို့ကို ပြန်လည်ရယူလိုမှာ ဖြစ်ပါတယ်။

လက်ရှိ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကတော့ ယူရို သန်း ၇၀ ပတ်ဝန်းကျင် ရှိနေပါသေးတယ်။ နေမာဂျူနီယာဟာ အမ်ဘတ်ပေရဲ့ သက်တမ်းတိုးခြင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အသင်းမှာ ပျော်ရွှင်မှု အခြေအနေကိုလည်း ဆွေးနွေးနေပါတယ်။  ပြင်သစ်သား အမ်ဘတ်ပေနဲ့ ဆက်ဆံရေးတွေ ကောင်းမွန်နေဖို့ မျှော်လင့်နေပြီး ဘာစီလိုနာမှာတုန်းက အတူတွဲကစားခဲ့တဲ့ လီယွန်နယ်မက်ဆီနဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးကို ဆက်လက်ထားရှိဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

Neymar JR attacking teammates psg

ဘာစီလိုနာအသင်းမှာ ကစားခဲ့စဥ်က မက်ဆီနဲ့ နေမာ။

ပြောင်းရွှေ့ကြေးက စျေးအရမ်းကြီး မမြင်ပေမယ့် ကစားသမားကို ပေးဆောင်ရတဲ့ တစ်နှစ်လစာ ယူရို သန်း ၃၀ ကိုတော့ တခြား ထိပ်တန်း ဘယ်အသင်းကမှ ပေးချေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ နေမာဟာ ပဲရစ်မှာပဲ ခဏပဲဖြစ်ဖြစ် နေချင်နေနိုင်ပါသေးတယ်။

ဘာကာကစားသမားဟောင်း နေမာရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး

၂၀၁၇ ခုနှစ်မှာ နေမာဟာ ဘာစီလိုနာကနေ PSG အသင်းကို ပြောင်းရွှေ့လာပြီးနောက် သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဘရာဇီးလ်သားဟာ နူးကမ့်ကနေ PSG ကို ယူရို ၂၂၂ သန်း (ပေါင် သန်း ၂၀၀ ) နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ဘာကာမှာ လေးနှစ်ကြာ နေထိုင်မှုကို အဆုံးသတ်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် နေမာရဲ့ PSG ကို ပြောင်းရွှေ့လာခြင်းဟာ ပြင်သစ်ကလပ်ရဲ့ ဘောလုံးအပြောင်းအရွှေ့အတွက် ကမ္ဘာ့စံချိန်တင်တဲ့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

Neymar JR attacking teammates psg

အမ်ဘတ်ပေ၊ မက်ဆီနဲ့ နေမာတို့ ဂိုးသွင်းအပြီး အောင်ပွဲခံနေကြစဥ်။

အဲ့အချိန်ကနေစပြီး အခုထိ ရှိခဲ့တဲ့ အကြီးမားဆုံး အပြောင်းအရွှေ့တွေဟာ နေမာရဲ့ ပြောင်းရွှေ့ကြေးစံချိန်ကို လိုက်မီဖို့ မနီးစပ်သေးပါ။ နေမာရဲ့ ပြောင်းရွှေ့မှုနဲ့ အတူတူ နွေရာသီမှာ ကီလီယန် အမ်ဘတ်ပေဟာ မိုနာကိုကနေ PSG ကို ပြောင်းရွှေ့ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်အထိ အပြီးသတ်ဝယ်ယူ စာချုပ်ချုပ်ဆိုခဲ့တာ မဟုတ်သေးပါဘူး။ အမ်ဘတ်ပေရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၈၀ တန်ကြေးရှိပြီး ကာလတစ်လျှောက် ဒုတိယအမြင့်ဆုံး ပြောင်းရွှေ့ကြေး ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment