Aubameyang9 ဟာ ချဲလ်ဆီကနေ ထွက်ခွာဖို့ နီးစပ်။

Aubameyang9 is close to move to LAFC
February 9, 2023

ချဲလ်ဆီးကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး Aubameyang9 [ ပီရယ် - အမ်မရစ် အူဘာမီယန်း ]။

Aubameyang9 [ ပီရယ် – အမ်မရစ် အူဘာမီယန်း ] ဟာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ချဲလ်ဆီးအသင်းအတွက် အကောင်းဆုံး ပုံစံ အနေတထားတွေ မတွေ့ခဲ့ရဘဲ အခုချိန်မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပါတယ်။

ဂါဘွန်လက်ရွေးစင်ဟာ LAFC [ လော့စ် အိန်ဂျယ်လိစ် ] အသင်း နဲ့ စာချုပ် ချုပ်ဆိုဖို့ နီးစပ်နေပြီး အခြား ကြယ်ပွင့်တစ်ဦးမှာလည်း စတန်းဖို့ဒ် ဘရစ်ခ်ျ ကနေ ထွက်ခွာသွားဖွယ် ရှိကြောင်း သိရှိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပီရယ် - အမ်မရစ် အူဘာမီယန်းဟာ ဒီရာသီ ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ မပါဝင်တော့ပါဘူး။

ပြင်သစ် သတင်း တစ်ပုဒ်အရ ချယ်လ်ဆီး အသင်းဟာ သူတို့ရဲ့ ဂါဘွန် တိုက်စစ်မှူး  Pierre-Emerick Aubameyang9 [ ပီရယ် – အမ်မရစ် အူဘာမီယန်း ] ကို အသင်းကနေ ဖယ်ရှားဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အူဘာမီယန်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလ နှောင်းပိုင်းတုန်းက ဘာစီလိုနာ ကနေ ချဲလ်ဆီးသို့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့နဲ့ ရောက်ရှိလာခဲ့ပြီး အဲ့မတိုင်ခင် လွန်ခဲ့တဲ့ လတချို့တုန်းကမှ နူးကမ့်ကလပ် [ ဘာစီလိုနာ ] ဆီ သို့ ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ်။

Aubameyang9 has been left from CL squad

ချန်ပီယံလိဂ်လူစာရင်းမှာ မပါဝင်တော့တဲ့ အူဘာမီယန်း။

သူဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ သူ့ကိုယ်သူ တွေ့ရှိခဲ့ပြီး ဂရေဟမ် ပေါ်တာက အခု ရာသီမှာ ပါဝင်ကစားဖို့ အခန်းကဏ္ဍ ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် ကလပ်ရဲ့ ချန်ပီယံလိဂ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ချယ်လ်ဆီး အသင်းဟာ အိမ်ကွင်းမှာတုန်းက ဖူလ်ဟမ် အသင်းကို ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် ဒုတိယမြောက် စိတ်ပျက်ဖွယ် ဂိုး မရှိ သရေကျခဲ့ပြီး ဒီသတင်းကို  မီလန်ကို သွားခဲ့တဲ့ အူဘာမီယန်းက တုံ့ပြန်ခဲ့ပါတယ်။

လော့စ် အိန်ဂျယ်လိစ်ကို ‌ပြောင်းခဲ့ရင် တစ်နှစ်လုပ်ခ ယူရို ၉ သန်း ရရှိမယ့် Aubameyang9 [ အူဘာမီယန်း ]။

အခု သူဟာ LAFC [ လော့စ် အိန်ဂျယ်လိစ် ] ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်သော်လည်း MLS [ အမေရိကန်လိဂ် ] ဘက်ကို  မပြောင်းရွှေ့မီ အသေးစိတ် ဖြေရှင်းဖို့ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း Le10Sport မှ သတင်းပေးပို့ခဲ့ပါတယ်။

စာချုပ်မှာ အငှားဖြစ်မည်ဟု ဖော်ပြထားသော်လည်း လော့စ် အိန်ဂျယ်လိစ်  အသင်းဟာ တစ်ရာသီလျှင် စုစုပေါင်း ယူရို ၉ သန်း ဝန်းကျင်ရှိသော ကစားသမား ရဲ့ လစာ တစ်ခုလုံးကို တွက်ချက်မှာ ဖြစ်ပါတယ်။

ဒီရာသီမှာ သူဟာ ကလပ်အသင်း နှစ်သင်းအတွက် ကစားပေးခဲ့ပြီး ရာသီအစမှာ ဘာစီလိုနာအသင်းကို ကျောခိုင်း ခဲ့ကာ ပီရယ် – အမ်းမ်ရစ် အူဘာမီယန်း အတွက် သင့်တော်တဲ့ အသင်း တစ်သင်းကို ရှာတွေ့ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

Aubameyang9 at Barcelona

ဒီရာသီ ဘာကာနဲ့ ချဲလ်ဆီး နှစ်သင်းမှာ ကစားထားတဲ့ အူဘာမီယန်း။

ကစားသမား တစ်ဦးကို ဘယ်ရာသီမှာမဆို ကလပ်အသင်း နှစ်သင်းမှာသာ ကစားခွင့် ရရှိနိုင်တယ်လို့ FIFA စည်းမျဉ်းများက ဖော်ပြထားပေမယ့် မေဂျာလိဂ် ပြိုင်ပွဲကတော့ ပြက္ခဒိန်နှစ် တစ်နှစ်မှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန် မေဂျာလိဂ်က ဥရောပရဲ့ ဘောလုံး ရာသီဖြစ်တဲ့ သြဂုတ်လမှ မေလ ကာလ အစဥ်အလာကို မလိုက်နာဘဲ သီးခြားကာလ ဖြစ်တာကြောင့် အူဘာမီယန်းအတွက် ဒီအပြောင်းအရွှေ့ က ဖြစ်လာနိုင်ပါတယ်။

တောင်ပံတိုက်စစ် ဇိယက်ရှ်ကရော ယူအေအီးကို ပြောင်းရွှေ့မှာလား?

တစ်ချိန်တည်းမှာပဲ ၂၀၂၀ ခုနှစ်မှာ အေဂျက်ကနေ ယူရိုသန်း ၄၀ နဲ့ ခေါ်ယူခဲ့တဲ့ ဟာကင် ဇိယက်ရှ် ကလည်း တိုက်စစ်မှူး  Aubameyang9 [ အူဘာမီယန်း ] လိုမျိုး တခြားအသင်းကို ပြောင်းရွှေ့ဖို့ အလားအလာ ရှိနေပါတယ်။

Le10Sport ရဲ့ ဖော်ပြချက်အရ ယူအေအီးရှိ ကလပ်အသင်းများသည် မော်ရိုကို လက်ရွေးစင် ဟာကင် ဇိယက်ရှ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

Aubameyang9 vs Ziyech

အသင်းမှာ ပွဲထွက်ခွင့်နည်းနေတဲ့ အူဘာမီယန်းနဲ့ ဇီယက်ရှ်။

ဇီယက်ချ်ဟာ ကမ်းလှမ်းမှုတစ်ခုသာ လက်ခံ ရရှိခဲ့မယ် ဆိုရင် သူ့ကို ဥရောပဆီ ပြန်လည် ပြောင်းရွှေ့ခွင့် ရစေမယ့် သူ့ရဲ့ စာချုပ်ပါ အချက် တစ်ခုကို တွန်းအားပေးနေတယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပထမဆုံး ထွက်ပေါ်ခဲ့ပေမယ့် ဆွေးနွေးပွဲတွေ ဆက်ဖြစ်နေတယ်လို့ ယူဆရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment