Oleksandr Zinchenko နဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်ဆုဖလား

Oleksandr Zinchenko Manchester City
May 23, 2022

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပြီး

ဇင်ချန်ကိုဟာ ဒီအောင်မြင်မှုကို မိခင်နိုင်ငံ ယူကရိန်းအတွက် မျက်ရည်တွေနဲ့ ရည်ညွှန်းခဲ့ပါတယ်။

Oleksandr Zinchenko [ ဇင်ချန်ကို ] ဟာ ပရီးမီးယားလိဂ် ချန်ပီယံအောင်ပွဲ အခမ်းအနားမှာ ဆုဖလားကို ယူကရိန်းအလံနဲ့ ရစ်ပတ်ကာ အောင်ပွဲခံခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ‌ယူကရိန်းသားဟာ ပထမပိုင်း ၄၅ မိနစ်အပြီးမှာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုအစား လူစားလဲ ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ 2021/2022 ရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဥ် ၃၈ ပွဲမြောက်မှာတော့ မန်ချက်စတာစီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို Etihad [ အိမ်ကွင်း ] မှာ လက်ခံကစားသွားခဲ့ပါတယ်။ ဒီပွဲစဥ်ကိုတော့ အိမ်ရှင်အသင်းက ၃ – ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ မန်းစီးတီးအသင်းဟာ ၉၂ မှတ်ရရှိထားတဲ့ ဒုတိယ နေရာက လီဗာပူးလ်အသင်းထက် ၁ မှတ်အကွာ ၉၃ မှတ်နဲ့  အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နောက်ဆုံး ၅ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံ ၄ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ မရခဲ့တဲ့ ၂၀၁၉/၂၀၂၀ ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်ခဲ့ပေမယ့် ၈၁ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒီဆုဖလားဟာ နောက်ခံလူ Oleksandr Zinchenko [ ဇင်ချန်ကို ] အတွက် မန်စီးတီးကစားသမားဘဝတလျှောက် ၄ ကြိမ်မြောက် ဆုဖလားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုဖလားဟာ ကစားသမားအတွက်ရော အသင်းအတွက်ပါ ဒီ ၂၀၂၁/၂၀၂၂ ရာသီအတွက် တစ်ခုတည်းသော ဆုဖလားလည်း ဖြစ်ပါတယ်။ ဆုပေးပွဲ အခမ်းအနားအတွင်း ဇင်ချန်ကိုဟာ ပရီးမီးယားလိဂ်ဖလားကို ယူကရိန်းအလံနဲ့ ရစ်ပတ်ခဲ့ပြီး များမကြာမီမှာ ဝမ်းနည်းလာကာ မျက်ရည်တွေ ထိန်းမရ ဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့ မျက်ရည်တွေကို မိခင် ယူကရိန်းအလံနဲ့ ဖုန်းကွယ်ပြီး သုတ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ဂျက်ဂရေးလစ်ရှ်၊ ရိုဒရီ၊ ရူဗန်ဒီယက်စ်နဲ့ တခြားကစားသမားတွေက လာရောက်နှစ်သိမ့် ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားအပေါ် ဇင်ချန်ကိုရဲ့ မှတ်ချက်

ယူကရိန်းလက်ရွေးစင် ကစားသမား ဇင်ချန်ကိုဟာ ကလပ်အသင်းနဲ့အတူ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီအောင်မြင်မှုအပေါ် မှတ်ချက်ပေးကာ ဆုဖလားကြီးကို မိခင် ယူကရိန်းနိုင်ငံကို ယူဆောင်သွားချင်ကြောင်း ‌ဖွင့်ဟ ကြေညာသွားခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သူက ကျွန်တော် ဒီပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ယူကရိန်းနိုင်ငံကို ယူဆောင်ချင်ပါတယ်။

ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံမှာ ရုရှားရဲ့ ရန်စမှုတွေကြောင့် လက်ရှိခံစားနေရတဲ့ ယူကရိန်းနိုင်ငံသားတွေ အားလုံးအတွက် မမေ့နိုင်တဲ့ ခံစားချက်တွေပါ။ ကျွန်တော် ယူကရိန်းနိုင်ငံသားဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ ယူကရိန်းနိုင်ငံသားတွေနဲ့ ထိုက်တန်တာကြောင့် ပရီးမီးယားလိဂ်ဖလားကို ယူကရိန်းကို ယူဆောင်လာချင်ပါတယ်။ လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

Oleksandr Zinchenko vs aston villa

အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်တွေ့ခဲ့စဥ်က ဇင်ချန်ကို။

ကလပ်အသင်းရဲ့ ထောက်ပံမှုနဲ့အပေါ်

အသင်းရဲ့ အထောက်အပံ့နဲ့ ပတ်သက်ရင်တော့ ဒါဟာ ကျွန်တော့်အတွက် အရာရာပါပဲ။ ကျွန်တော့်အတွက် ပေးခဲ့တဲ့ ထောက်ပံ့ပေးမှုတွေကြောင့် ဒီအသင်းအတွက် ကျွန်တော်သေရမယ်ဆိုရင်တောင် သေပေးဖို့ အဆင့်သင့်ပါပဲ။ ဒီအတောအတွင်း အသင်းက လုပ်ပေးခဲ့တာတွေကို အရမ်းတန်ဖိုးထားပါတယ်။ တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။  

ရိုးရိုးသားသားပြောရရင် စစ်ပွဲရဲ့ ပထမနေ့တွေမှာ ဘောလုံးအကြောင်း မတွေးခဲပါဘူး။ ဒါပေမယ့် ဒီကာလအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ ပံ့ပိုးကူညီမှုကြောင့် ကျွန်တော် ဘယ်လိုပြောင်းရမလဲဆိုတာ သင်ယူနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတစ်ခုလုံးကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ လာမယ့်ရာသီမှာ တူညီတဲ့ စိတ်ဓာတ်နဲ့ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ဒီအံ့ဖွယ်ကလပ်က အရာအားလုံးနဲ့ထိုက်တန်ပါတယ်” လို့ ဇင်ချန်ကို က Sky Sports ကို ပြောကြားခဲ့ပါတယ်။

Oleksandr Zinchenko Manchester City

ဇင်ချန်ကို ပရီးမီးယားလိဂ်ဖလားကို ယူကရိန်းအလံနဲ့ ရစ်ပတ်နေစဥ်။

အလက်ဇန်းဒါး ဇင်ချန်ကိုရဲ့ မန်စီးတီးအတွက် စွမ်းဆောင်ရည်များ

ဇင်ချန်ကိုဟာ အရင်က ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်အသင်းရဲ့ ငယ်မွေးခြံပေါက်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ရုရှားကလပ် Ufa [ အူဖာ ] အသင်းနဲ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၂ သန်းနဲ့  ရောက်ရှိလာခဲ့ပါတယ်။ ဒီကြားထဲမှာ အသင်းရဲ့ လိုအပ်ချက်အရ PSV [ ပီအက်ဗွီ ] အသင်းကို အငှားသွားရောက်ကစားခဲ့တာလည်း ရှိပါတယ်။

 

ဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ မန်ချက်စတာစီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၂၇ ပွဲကို ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူဟာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလား ၁၁ လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရရှိခဲ့တဲ့ ဆုဖလားများ

ပရီးမီးယားလိဂ် – ၄ ကြိမ်

အက်ဖ်အေ – ၁ ကြိမ်

ကွန်မြူနတီဒိုင်း – ၂ ကြိမ်

ကာရာဘောင်ဖလား – ၄ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Oleksandr Zinchenko Manchester City

ဇင်ချန်ကိုကို ဆုဖလားတွေနဲ့ တွေ့ရစဥ်။

အင်္ဂလန်ပရီးမီးယားလိဂ် ၂၀၂၁/၂၂ ရာသီ မှတ်တမ်းများ

ဒီ ၂၀၂၁/၂၀၂၂ ပရီးမီးယားလိဂ်ရာသီအပြီးမှာ ဂိုးသွင်းအများဆုံးအတွက် ရွှေဖိနပ်ဆုတွေကို ဆွန်ဟောင်မင်နဲ့ မိုဆာလာတို့က ၂၃ ဂိုးစီနဲ့ ပူးတွဲရရှိခဲ့ပြီး Clean Sheet ပေးဂိုးမရှိပွဲစဥ် အများဆုံးအတွက် ရွှေလက်အိတ်တွေကို အယ်လီဆင်နဲ့ အီဒါဆင်တို့က ၂၀ ပွဲစီနဲ့ ပူးတွဲ ရရှိသွားခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ၁ မှတ်အလျော့နဲ့ ဒုတိယနေရာမှာပဲ ကျေနပ်ခဲ့ရပါတယ်။

မန်စီးတီ၊ လီဗာပူးလ်အပြင် လန်ဒန်မြို့က ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟန်ဟော့စပါးအသင်းတို့ကလည်း ချန်ပီယံဆုအတွက် ထိပ်ဆုံးလေးသင်းစာရင်းကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီလေးသင်းဟာ နောက်ရာသီ ချန်ပီယံစ်လိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ကဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားရမှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါ ကွန့်ဖရန့်စ်လိဂ်မှာ ပါဝင်ကစားရမှာ ဖြစ်ပါတယ်။ ဘန်လေ၊ ဝက်တ်ဖို့ဒ်နဲ့ နော့ဝှစ်ရှ်အသင်းတို့ကတော့ စိတ်မကောင်းစွာနဲ့ ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment