Renan Lodi နဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ အသုံးစရိတ်။

Renan Lodi at Nottingham Forest
August 30, 2022

နောက်ခံလူ Renan Lodi [ ရီနန် လော်ဒီ ] ကို ခေါ်ယူပြီးနောက် အသုံးစရိတ် မြင့်မားနေတဲ့ နော်တင်ဟမ် ‌ဖောရက်စ်အသင်း။

Renan Lodi [ ရီနန် လော်ဒီ ] ကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူပြီးချိန်မှာ နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ်တွေကြားမှာ ဒုတိယ အမြင့်မားဆုံး အနေအထား ရှိနေခဲ့ပါတယ်။

Nottingham Forest [ နော်တင်ဟမ် ဖောရက်စ် ] အသင်းရဲ့ အံ့ဩဖွယ်ကောင်းတဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့ရဲ့ ကြေး အမြင့်ဆုံးအဖြစ် အေတီကို နောက်ခံလူ ရီနန်လော်ဒီကို ခေါ်ယူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီစာချုပ် အပါအဝင် အခုအချိန်မှာ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ ဥရောပတခွင်မှာ အသုံးစရိတ် ဒုတိယ အမြင့်ဆုံးအဖြစ် ရပ်တည်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လော်ဒီရဲ့ ပြောင်းရွှေ့ကြေး

နောက်တန်း ကစားသမား Renan Lodi [ လော်ဒီ ] ရဲ့ တန်ကြေးဟာ ယူရို ၃၅ သန်း တန်ကြေးရှိပြီး အပြောင်းအရွှေ့ ဈေးကွက် အနိမ့်အမြင့် မှတ်တမ်းအရ အဲ့ဒီတန်ကြေးဟာ သူတို့တစ်သင်းလုံးမှာ အမြင့်ဆုံး ပြောင်းရွှေ့ကြေး ဖြစ်နေပါတယ်။

ဒီရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ယူရို ၂၁၁ သန်းအထိ အသုံးပြုထားတဲ့ ချဲလ်ဆီးအသင်းဟာ လက်ရှိ အသုံးစရိတ် အမြင့်ဆုံး အသင်းတစ်သင်း ဖြစ်ပါတယ်။

သူတို့ရဲ့ နောက်မှာတော့ ယူရို ၁၆၄ သန်းအထိ အသုံးပြုထားတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းက အသုံးစရိတ် ဒုတိယ အမြင့်ဆုံး အသင်းတစ်သင်း ဖြစ်ပြီး ရီနန် လော်ဒီဟာ နော်တင်ဟမ် ကလပ်အသင်းရဲ့ ( ၁၈ ) ကြိမ်မြောက် ခေါ်ယူမှု ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ တစ်ရာသီစာ အငှား စာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး စာချုပ်မှာ ယူရို သန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူခွင့် ပါရှိပါတယ်။

Renan Lodi played 29 Laliga matches 2022-23

လော်ဒီဟာ စပိန်ကလပ်အသင်းမှာ လာလီဂါပွဲစဥ် ၂၉ ကိုးပွဲအထိ ကစားခွင့် ရရှိခဲ့ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ကစားသမားရဲ့  အငှားပြောင်းရွှေ့ကြေးအတွက် ယူရို ၅ သန်း ပေချေရမှာ ဖြစ်ပြီး နော်တင်ဟမ် အသင်းဟာ လာမယ့်နွေရာသီမှာ နောက်ခံလူကို ယူရို သန်း ၃၀ နဲ့  အပြီးသတ် ခေါ်ယူဖို့ ရွေးချယ်ခွင့်ကို ရရှိထားပြီး ဖြစ်ပါတယ်။

၂၄ နှစ်အရွယ် လော်ဒီဟာ လာမယ့် ကမ္ဘ့ာဖလား ပြိုင်ပွဲအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားဖို့ ရည်မှန်းချက်တွေ ရှိနေပြီး ပွဲထွက်ခွင့် ကစားချိန်မိနစ်တွေ ရရှိဖို့ ဖောရက်စ်အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက လောဒီဟာ လာလီဂါမှာ ၂၉ ပွဲအထိ ကစားခဲ့ပေမယ့် အမှန်တကယ် ကွင်းထဲမှာတော့ စုစုပေါင်း ၁၁၈၁ မိနစ်သာ ကစားခွင့် ရရှိခဲ့ပါတယ်။

ဘရာဇီးလ်သား [ ရီနန် လော်ဒီ ] Renan Lodi နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ စာချုပ်သစ်

ဖောရက်စ်အသင်းဟာ နောက်ခံလူ လော်ဒီကို အက်တီဟတ်ကွင်းမှာ ယှဥ်ပြိုင်မယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ်မှာ စ,တင် အသုံးပြုနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

Renan Lodi is happy at Nottingham Forest

နော်တင်ဟမ် အသင်းရဲ့ အမြင့်ဆုံးအဖြစ် လော်ဒီကို ခေါ်ယူခဲ့ပါတယ်။

နောက်ခံလူဟာ ဖောရက်စ်အသင်းနဲ့အတူ ရှိနေရတာကို ကျေနပ်နေပြီး စတေ့ဗ်ကော်ပါလက်ထက် ပထမဆုံး လေ့ကျင့်ရေးရက်အနည်းငယ်ကို ကျေကျေနပ်နပ် ခံစားခဲ့ရပါတယ်။ သူ့မျှော်လင့်ချက်ကတော့ ဘရာဇီးလ်နိုင်ငံရဲ့ အောင်မြင်မှုအအတွက် အတတ်နိုင်ဆုံး ထူးချွန်အောင် လုပ်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ သူ့ရဲ့ စာချုပ်သစ်ဟာ ပုံမှန်အတိုင်းဖြစ်ပြီး နောက်ပိုင်း နှစ်ဖက်စလုံးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖောရက်စ်အသင်းကို အမြဲတမ်း ပြောင်းရွှေ့ဖို့ သက်သက် လုပ်ဆောင်ခဲ့တာလို့ ယူဆရပါတယ်။

ဇာတိနိုင်ငံအတွက် သူ့ရဲ့ ဆန္ဒပြင်းပြမှုနဲ့ ပတ်သက်ပြီး Renan Lodi [ လော်ဒီ ]က ဖီဖာကို

“ ကျွန်တော်က အခြားတိုက်စစ်မှူးတစ်ယောက်ပါ။ Seleção  [ ဘရာဇီးလ် လက်ရွေးစင်အသင်း ] နဲ့ တိုက်စစ်ပိုင်း ပါဝင်ဖို့ ပေါ့ပေါ့ပါးပါးပါပဲ။ ကလပ်အသင်းမှာတော့ ဒီလို မဟုတ်ပါဘူး။  ”

Renan Lodi against Argentina in Copa America 2021

အာဂျင်တီးနားနဲ့ ‌ကိုပါအမေရိက ဖိုင်နယ်ပွဲစဥ်မှာ ရီနန်လော်ဒီ ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။

“ ဒါပေမယ့် လက်ရွေးစင်အသင်း နည်းပြ တိုက်ကတော့ ကျွန်တော့်ကို ရှေ့ဆက်တိုးဖို့ တောင်းဆိုထားတယ်။ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခံစစ်တာဝန်တွေကို အမြဲထိန်းသိမ်းဖို့လည်း ကျန်နေပါသေးတယ်။  ”

နောက်ပြီး သူက “ ကျွန်တော် အက်သလက်တီကို ပါရာနာနက်စ် အတွက် လူငယ် အဆင့်တိုင်း မှာ  ကစားခဲ့ပါတယ်။ ယူ – ၁၅၊ ယူ-၁၇၊ ယူ-၂၀ နဲ့ စီနီယာအဆင့် လက်ရွေးစင်အသင်းတွေမှာ ဆင့်ခေါ်ခံရဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့တာပါ။ ” လို့ ပြောဖူးခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment