Tonali နေရာအတွက် အစားထိုး အပြောင်းအရွှေ့ ။

Tonali could face a suspension of up to three years
October 20, 2023

ကွင်းလယ်လူ Sandro Tonali [ ဆန်ဒရို တိုနာလီ ] အတွက် အစားထိုး အပြောင်းအရွှေ့ ။

Tonali [ ဆန်ဒရို တိုနာလီ ] နေရာ အစားထိုးဖို့အတွက် အငြင်းပွားဖွယ်ရာ အပြောင်းအရွှေ့ တစ်ခုကို နယူးကာဆယ် အသင်းတို့ မကြာခင်မှာ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းသည် Tonali [ ဆန်ဒရို တိုနာလီ ] ရဲ့ မျှော်မှန်း ပိတ်ပင်မှုဒဏ်ကို လျှော့ချရန် ရည်ရွယ်ပြီး ဆော်ဒီအာရေဗျမှ ကွင်းလယ် ကစားသမားတစ်ဦးကို အငှားဖြင့် ခေါ်ယူမှုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လောင်းကစားမှုကြောင့် ပွဲကစားခွင့် ပိတ်ပင် ခံရနိုင်တဲ့ ဆန်ဒရို တိုနာလီ။

ကွင်းလယ်လူ Tonali သည် အီတလီတွင် တရားမ၀င် လောင်းကစား အရှုပ်တော်ပုံ တစ်ခုမှာ ပါဝင်ပတ်သက်ပြီးနောက် ၃ နှစ်အထိ ဆိုင်းငံ့ခြင်း ခံရနိုင်တယ်လို့ သိရပါတယ်။

ဒီ အဖြစ်အပျက်မှာ မှန်ကန်ကြောင်း အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ Tonali [ ဆန်ဒရို တိုနာလီ ] မှ ဝန်ခံ ထွက်ဆိုခဲ့ပြီးနောက် ပွဲကစားခွင့် တားမြစ်ကာလ ၇ လ ကနေ ၁၂ လ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာမြင့်နိုင်ပါတယ်။

Tonali admitted betting on his former club Milan to a pane

တိုနာလီက လောင်းကစားမှု ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

နယူးကာဆယ် အသင်းဟာ အခု နွေရာသီမှာ Tonali [ ဆန်ဒရို တိုနာလီ ] ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို 63 သန်းဖြင့် မီလန် အသင်းဆီကနေ ခေါ် ယူခဲ့တာ ဖြစ်ပါတယ်။

သို့ သော်လည်း မီလန် ကစားသမား‌ဟောင်း ဟာ သူ့ ရဲ့ အသင်းဟောင်း မီလန်အား အီတလီရှိ အသင်းအဖွဲ့တစ်ခုတွင် လောင်းကစား ပြုလုပ်ခဲ့ ကြောင်း ဝန်ခံခဲ့ပြီးနောက် နယူးကာဆယ် အနေနဲ့ သူ့ နေရာ အစားထိုးဖို့ ဖိအားပေးခံရဖွယ် ရှိနေပါတယ်။

ရူဘင်နီဗက်စ်က Tonali [ ဆန်ဒရို တိုနာလီ ] နေရာ အစားထိုး ဖြစ်လာနိုင်။

ဆန်ဒရို တိုနာလီ အနေနဲ့ အခု သီတင်းပတ်ကုန်  ခရစ္စတယ်ပဲလေ့စ် နဲ့ ပွဲမှာ အသင်းအတွက် ပါဝင်ကစားနိုင်ဆဲ ဖြစ်ပြီး ပိတ်ပင်မှုကို လာမည့် အပတ်အထိ အစောဆုံး တရားဝင် ဆုံးဖြတ်နိုင်ဖွယ် မရှိသေးပါဘူး။

မက်ပီများသည် ၎င်းတို့၏ လက်ကျန်ရာသီ တစ်ခုလုံးအတွက် ငွေကြေးများစွာဖြင့် ခေါ်ယူခဲ့မှုဟာ အလဟသ ပျောက်ကွယ်သွားနိုင်ကြောင်း လက်ခံယုံကြည်နေကြပါတယ်။

Tonali at Italy

အီတလီ လက်ရွေးစင် ကစားသမား တိုနာလီ။

နယူးကာဆယ်တို့ အနေနဲ့ ဇန်န၀ါရီလတွင် ဒီအတွက် ဖြေရှင်းချက် ရှာမည်ဖြစ်ကြောင်း နဲ့ Tonali [ ဆန်ဒရို တိုနာလီ ] မပါဝင်နိုင်မှုကို ကာမိစေရန် အငှား အပြောင်းအရွှေ့  တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း The Telegraph ကဖော်ပြခဲ့ပါတယ်။

အကြံပြုထားသော ကစားသမားတစ်ဦးမှာ ဆော်ဒီအသင်းနှင့် နယူးကာဆယ်တို့ပိုင် PIF ကြောင့် နွေရာသီတွင် Al-Hilal သို့ ယူရို 55 သန်းဖြင့် ရောက်ရှိလာခဲ့သော ဝုဖ်အသင်းခေါင်းဆောင်ဟောင်း ရူဘင်နီဗက်စ်ဖြစ်ပြီး  သဘောတူညီမှု ရနိုင်ခြေ ရှိနေပါတယ်။

ကွင်းလယ် ကစားသမား Tonali မရှိတော့ခြင်းက နယူးကာဆယ်ကို အားဖြည့်ဖို့ အခက်တွေ့စေတယ်။

တိုနာလီသည် ၎င်း၏ပွဲဦးထွက်တွင် ဂိုးသွင်းခဲ့သော်လည်း နယူးကာဆယ်တွင် ခက်ခဲသောအချိန်များကို ကြံ့ကြံ့ခံခဲ့ပြီး အီတလီ လက်ရွေးစင်က ကလပ်တွင် သူ့ ရဲ့ အစောပိုင်း ကာလမှာ အသင်းနဲ့ အံဝင်ဖို့ ရုန်းကန်ခဲ့ရတယ် လို့ ဆိုပါတယ်။

ကွင်းထဲတွင် ၎င်း၏ စွမ်းဆောင်ရည်များ မတည်ငြိမ်ပေမယ့် Tonali ကို ဆုံးရှုံးခြင်းသည် Joe Willock နှင့် Joelinton တို့ ၏ ဒဏ်ရာကြောင့် ကွင်းလယ်တွင် အာနည်းနေတဲ့ နယူးကာဆယ်အတွက် သိသာထင်ရှားသော ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်သည်။

သို့သော်လည်း အသက် 26 နှစ်အရွယ်ရှိ နီဗက်စ်သည် ဆော်ဒီပရိုလိဂ် Al-Hilal တွင် ကစားနေပေမယ့် သူသာ ပြောင်းရွှေ့ လာမယ် ဆိုရင် Tonali အတွက် သင့်လျော်သောနေရာတွင် အစားထိုးနိုင်မည်ဖြစ်သည်။

Tonali at AC Milan

မီလန် ကစားသမားဟောင်း တိုနာလီ။

Sandro Tonali နဲ့ ပတ်သက်ပြီး Eddie Howe က “သူဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အရမ်းကို ခက်ခဲခဲ့ပြီး အများကြီး ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။ “

” သူ့ကိုယ်သူ ကောင်းကောင်းကိုင်တွယ်ပြီး သူ့ရဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်တော်မြင်ရပေမယ့် ဖုန်းခေါ်ရပါလိမ့်မယ်။

Kalvin Phillips သည် နွေရာသီတွင် နယူးကာဆယ်၏ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး သူ့ကို အငှားခေါ် ယူဖို့ မဖြစ်နိုင်ပေမယ့် မန်စီးတီး ကနေ ထွက်ခွာရန် လိုအပ်ကြောင်း ဝန်ခံပြီးနောက် ဇန်နဝါရီတွင် ပြန်လည်သုံးသပ်ခံရနိုင်သည်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment