Mykhailo Mudryk ရဲ့ ချဲလ်ဆီးအတွက် စွမ်းဆောင်ရည်။

Mykhailo Mudryk all goals and assists for Chelsea WS
December 20, 2023

ချဲလ်ဆီးအတွက် Mykhailo Mudryk [ မီခါအိလာ မူဒရစ် ] ရဲ့ စွမ်းဆောင်ရည်များ။

Mykhailo Mudryk [ မီခါအိလာ မူဒရစ် ] ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ Shakhtar Donetsk မှ ချယ်လ်ဆီးသို့ ကနဦး ယူရို သန်း ၇၀ နဲ့ ရောက်ရှိလာပြီးကတည်းက အသင်းသစ်မှာ ရုန်းကန်နေရပါတယ်။

ချဲလ်ဆီးအသင်းက ဂန်းနားတို့ရဲ့ စာချုပ်ကို ကြားဖြတ်ယူခဲ့ပြီး Ballon d’Or အလားအလာရှိတဲ့ ကစားသမားတစ်ဦးကို မခေါ်ယူခင်မှာ ယူကရိန်း လက်ရွေးစင် ကစားသမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ချဲလ်ဆီးအတွက်  မီခါအိလာ မူဒရစ် ရဲ့ စွမ်းဆောင်ရည်။

ယူကရိန်းကြယ်ပွင့် Mykhailo Mudryk ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယူရိုသန်း ၇၀ အကျိုးသက်ရောက်မှု မရှိသေးပေမယ့် သူ့ရဲ့ လက်ရှိချဲလ်ဆီး အသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိနေပါသေးတယ်။

အသင်းကို ပြောင်းလာကတည်းကနေ အခုထိ Mykhailo Mudryk [ မီခါအိလာ မူဒရစ် ] ဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄ ဂိုး သွင်းယူထားပါတယ်။

ချဲလ်ဆီးကို ယူရို သန်း ၇၀ နဲ ပြောင်းရွှေ့လာတဲ့ မူဒရစ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၂-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ ပထမဆုံးဂိုးကို Levi Colwill ရဲ့ ဖြတ်တင်ဘော ကနေတဆင့် Mudryk က ရင်ဘတ်နဲ့ထိန်းပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာပါ။

နောက်ထပ် Mykhailo Mudryk [ မီခါအိလာ မူဒရစ် ] ရဲ့ သွင်းဂိုးများ။

ဘန်လေနဲ့ ပွဲမှာ အရန်ခုံမှာ ထိုင်ခဲ့ရပြီးနောက် ကလပ်အသင်းအတွက် သူ့ ရဲ့ ဒုတိယမြောက်ဂိုးကို  အာဆင်နယ်ကို ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ တောင်ပံကနေတဆင့် ဂိုးရှေ့ ဖြတ်တင်သလိုလိုနဲ့ ဂိုးသမားနောက်ကို ‌ကျော်ကျပြီး ဂိုးဝင်သွားခဲ့ပါတယ်။

သူ့ရဲ့ တတိယမြောက် သွင်းဂိုးကတော့ နယူးကာဆယ် ယူနိုက်တက် နဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးအသင်းအတွက် မိနစ် ၉၀+ မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Mykhailo Mudryk scored against Fulham

ဖူလ်ဟမ်ဘက်ကို ဂိုးသွင်းယူခဲ့တဲ့ မူဒရစ်။

နယူးကာဆယ် နောက်ခံလူ Kieran Trippier ရဲ့ ‌ဂိုးသမားကို ခေါင်းတိုက်ချပေမှု အမှားကနေ တဆင့် မူဒရစ် ဟာ သရေရလဒ် ‌ဖြစ်စေမယ့် ချေပဂိုးကို ညာခြေနဲ့ ခပ်သွက်သွက်လေး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ‌နောက် ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို ပင်နယ်တီ အဆုံးဖြတ် ( ၄-၂ ဂိုး ) နဲ့ အနိုင်ရရှိခဲ့ပြီး ကာရာဘောင်းဖလား ပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ် အဆင့်မှာ နေရာယူထားပြီး ဖြစ်ပါတယ်။

ချယ်ဆီးအတွက် Mykhailo Mudryk [ မီခါအိလာ မူဒရစ် ] က ဂိုးဖန်တီးမှု ဘယ်လောက်ထိ ပေးထားလဲ။

ချဲလ်ဆီးအသင်းအတွက် Mykhailo Mudryk [ မီခါအိလာ မူဒရစ် ] ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပြီး သူ့ ရဲ့ ပထမဦးဆုံး ဂိုးဖန်တီးမှု ကတော့ လက်စတာ စီးတီး အသင်းနဲ့ပွဲမှာ ဖြစ်ပါတယ်။

မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ် လက်စတာစီးတီး အသင်းနဲ့ ပွဲမှာ Kai Havertz ရဲ့ ဖြတ်တင်ဘောကနေတဆင့် သူဟာ ဘောလုံးကို ဧရိယာထဲသို့ ပြန်သွင်းပြီး Kovacic က ကောင်းမွန်စွာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

မူဒရစ် ရဲ့ ဒုတိယမြောက် ဂိုးဖန်တီးမှုကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တုန်းက Brighton & Hove Albion အသင်းနဲ့ ပွဲမှာ Conor Gallagher ကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

Mykhailo Mudryk against Man United

ယူနိုက်တက်နဲ့ ပွဲမှာ မူဒရစ်ဟာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

မူဒရစ်ဟာ ကွင်းလယ် တစ်ဝက်ကနေ ဘောလုံး ဆွဲလာခဲ့ပြီး ဂိုးဧရိယာထိပ်နားမှာ အထိ အတူ လိုက်ပါလာတဲ့ Conor Gallagher ဆီ ချပေးလိုက်ပြီး Gallagher က ဂိုး အဖြစ်ပြောင်းလဲလိုက်ပါတယ်။

သူ့ ရဲ့ နောက်ဆုံးဖန်တီးမှုကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အိုးထရပ်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ Palmer ကို ဖန်တီးပေးခဲ့တဲ့ ဂိုး ဖြစ်ပါတယ်။

နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ ပေး‌ပို့မှုကနေတဆင့် မူဒရစ်ဟာ ဘောလုံးကို Palmer ရဲ့ ပြေလမ်းကြောင်းဆီ ချပေးလိုက်ပြီး Palmer က အိုနားနားရဲ့ ဘယ်ဘက် အောက်ထောင့်ကို အသာအယာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment