Moises Caicedo ကို စိတ်ဝင်စားလာတဲ့ ထိပ်တန်းအသင်းများ။

ကွင်းလယ်လူ Moises Caicedo [ မွိုက်ဇက်စ် ကိုက်ဆယ်ဒို ] ကို မျက်စိကျလာတဲ့ ဥရောပ ထိပ်တန်းအသင်းများ။
Moises Caicedo [ မွိုက်ဇက်စ် ကိုက်ဆယ်ဒို ] ဟာ လက်ရှိ ဘရိုက်တန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက သူ့ကို ခေါ် ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။
တချိန်တည်းမှာ ဥရောပ ထိပ်တန်းကလပ်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် အသင်းကလည်း ကွင်းလယ် ကစားသမားကို မျက်စိကျလာတာကြောင့် အစောပိုင်းက စောင့်ကြည့်နေကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့က သတိထားရတော့မှာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အင်္ဂလန် အသင်းတွေအတွက် ရုန်းကန်ရမယ့် မွိုက်ဇက်စ် ကိုက်ဆယ်ဒိုရဲ့ အပြောင်းအရွှေ့။
ဘရိုက်တန် ကွင်းလယ်ကစားသမား Moises Caicedo [ မွိုက်ဇက်စ် ကိုက်ဆယ်ဒို ] ဟာ ရာသီအစကတည်းက ကောင်းမွန်စွာ စတင်ခဲ့ပြီးနောက် အခု အချိန်အထိ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ ဥရောပ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာ ဖြစ်ပါတယ်။
မွိုက်ဇက်စ် ကိုက်ဆယ်ဒို ဟာ အခုရာသီ ဘရိုက်တန်အသင်းအတွက် အကျိုးသက်ရောက်မှုတွေ အများကြီး ပြုလုပ်ထားပြီး ဥရောပတစ်ဝှမ်းရှိ ကလပ်အသင်းများနဲ့ အင်္ဂလန်ရှိ တချို့သော ထိပ်တန်း ကလပ် အသင်းတွေရဲ့ ရေဒါ ပစ်မှတ်တွေမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

ကိုက်ဆယ်ဒိုကို ယူနိုက်တက်အပါအဝင် ဥရောပ ထိပ်တန်းအသင်းတွေက မျက်စိကျနေကြပါတယ်။
မနေ့ကမှ အသက် ၂၁ နှစ် ပြည့်သွားခဲ့တဲ့ အီကွေဒေါသားကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ကောင်းကောင်းသိထားပြီး သူတို့ဟာ ကွင်းလယ်လူအတွက် အပြောင်းအရွှေ့ ကိစ္စ စဉ်းစားနေတာ အတော်ကြာနေပါပြီ။
အခုအချိန်မှာတော့ ရီးယဲလ်မက်ဒရစ် အသင်းကလည်း လူငယ် ကစားသမားတွေကို ထိန်းကျောင်းနေပြီး ကွင်းလယ် အနာဂတ်အတွက် ရွေးချယ်စရာအဖြစ် မျက်စိကျနေတာကြောင့် အင်္ဂလန်အသင်းတွေ အနေနဲ့ ဆိုးရွားတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ Moises Caicedo [ မွိုက်ဇက်စ် ကိုက်ဆယ်ဒို ] ကို စောင့်ကြည့်နေပါတယ်။
ရီးယဲလ် မက်ဒရစ်အသင်းဟာ မကြာသေးခင် နှစ်တွေအတွင်း အော်ရီလီယန် ချူအာမန်နီ၊ အက်ဒွာဒို ကာမာဗင်ဂါ၊ ဗင်နီရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုနဲ့ ဖယ်ဒရီဂို ဗယ်လ်ဗာဒီ တို့ကို ခေါ်ယူခဲ့ပြီး လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်လျက် ရှိနေပါတယ်။
စပိန်အားကစား သတင်းဌာန Fichajes ရဲ့ အဆိုအရ ကိုက်ဆယ်ဒိုဟာ ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ နောက်ဆက်တွဲအဖြစ် ရှိနေနိုင်ပြီး လာမယ့်ရာသီတွေမှာ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာနိုင်တဲ့ ဂန္တဝင်ကြီး လူကာမိုဒရစ်ရဲ့နေရာကို ဆက်ခံသူအဖြစ် သူတို့မြင်နေကြပါတယ်။

အီကွေဒေါလက်ရွေးစင် လူငယ် ကစားသမား ကိုက်ဆယ်ဒို။
လက်ရှိစပိန်နနဲ့ ဥရောပချန်ပီယံအသင်းဟာ Moises Caicedo [ ကိုက်ဆယ်ဒို ] ရဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ အရည်အသွေးကြောင့် ကွင်းလယ်လူအား အထင်ကြီးခဲ့ပြီး အနာဂတ်မှာ ကလပ်အသင်း ရှေ့ဆက်သွားမယ့် အကောင်းဆုံးပုံစံအဖြစ် မြင်နေကြပါတယ်။
ကိုက်ဆယ်ဒိုကလွဲပြီး ဂျူး ဘယ်လင်ဂမ်၊ ဖလော်ရီယန် ဝါ့ဇ်၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဘရူနို ဂွီမာရက်စ် တို့လို တခြား အရည်အသွေးမြင့် ကစားသမားတွေကို ကလပ်အသင်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်မှုတွေအဖြစ် ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းနဲ့ ၃ နှစ်စာချုပ် ကျန်နေသေးတဲ့ Moises Caicedo [ ကိုက်ဆယ်ဒို ]။
အသက် ၂၁ နှစ်အရွယ် ကိုဆယ်ဒိုဟာ ၂၀၂၁ ခုနှစ်မှာ အီကွေဒေါနိုင်ငံ Independiente del Valle ကနေ ပြောင်းရွှေ့ကြေး ယူရို ၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ယခုရာသီ ဘရိုက်တန်အတွက် ခြေစွမ်းမပြခင်အထိ ဘီယာရှော့ထ်အသင်းမှာ အငှားနဲ့ အချိန်ကုန်သွားခဲ့ပါတယ်။
သူ့ရဲ့ပုံစံ၊ အသက်အရွယ်နဲ့ အလားအလာတွေကြောင့် အီကွေဒေါသားအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး စျေးနှုန်းသတ်မှတ်ထားပြီး သူ့ကို ယူရို ၈၅ သန်း ပတ်ဝန်းကျင် လိုချင်မယ်လို့ အကြံပြုချက် တချို့လည်း ရှိနေပါတယ်။

ကိုက်ဆယ်ဒိုက ဘရိုက်တ်မှာ ပျော်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလအတွင်းက ကိုက်ဆယ်ဒိုဟာ Amex အားကစားကွင်းကနေ ထွက်ခွာဖို့ အလျင်စလို မဖြစ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ဖူးပါတယ်။
” ကျွန်တော် ဒီ ဘရိုက်တန်မှာ အရမ်းပျော်ပါတယ်။ ကျွန်တော် ဘရိုက်တန်ကလွဲလို့ တခြား ဘယ်ကလပ်ကိုမှ မတွေးပါဘူး။ ဒါက ကျွန်တော် အခုရောက်နေတဲ့ ကလပ်ဖြစ်ပြီး ဒီကလပ်အတွက် အရာအားလုံးကို ပေးဆပ်ပြီးတော့ ဒီမှာ ကောင်းကောင်း အလုပ် ဆက်လုပ်နေမှာပါ။ ” လို့ ပြောခဲ့တာပါ။
ကလပ်အသင်းနဲ့ ကစားသမားကြား လက်ရှိစာချုပ်မှာ သုံးနှစ်ကျန်နေသေးပြီး ဘရိုက်တန်အား စေ့စပ်ညှိနှိုင်းတဲ့ အနေအထားမှာ ခိုင်မာစွာ ရှိနေပါတယ်။ သူတို့ဟာ ကစားသမားရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့အတွက် များပြားတဲ့ လုပ်ခလစာ တိုးပေးခြင်းဖြင့် မကြာခင် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။