ယာဂင်ကလောပ်နဲ့ ဆာလာတို့ရဲ့ စာချုပ်သစ် ဆွေးနွေးမှု

December 7, 2021

 

လီဗာပူးမန်နေဂျာ ကလော့ပ်က  ဆာလာ နဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေက ကျွန်တော်တို့ နှစ်ယောက်ကြား

ဆွေးနွေးမှုသက်သက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

 

လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က ကလပ်အသင်းနှင့် တိုက်စစ်မှူး မိုဟာမက်ဆာလာကြား

လက်ရှိစာချုပ်အခြေအနေဟာ လုံးဝပုံမှန်မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

 

အသက် ၂၉ နှစ်အရွယ် အီဂျစ်လက်ရွေးစင်ဟာ ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးအသင်းအတွက်

ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားထားပြီး ၁၉ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👇👇👇

 

 

 

ပရီးမီးယားလိဂ် ရှေ့တန်းမှာ ဆာလာဟာ လက်ရှိအချိန်မှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး

ဒုတိယနေရာက ၉ ဂိုး သွင်းယူထားတဲ့ လက်စတာစီးတီးက ဂျေမီဗာဒီထက် လေးဂိုးပိုသာနေပါတယ်။

ဒါ့အပြင် ၈ ဂိုးနဲ့ တတိယနေရာမှာ ရှိနေတဲ့လီဗာပူးက  ဒီယိုဂိုဂျိုတာထက် ၅ ဂိုး သာနေတာဖြစ်ပါတယ်။

 

 

ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာ Anfield ကိုပြောင်းရွှေ့လာခဲ့တဲ့ ဆာဟာ  သူ့ရဲ့စာချုပ်သက်တမ်း ၁၈ လ

ကျန်ရှိနေသေးပြီး အသင်းမှာ သက်တမ်းတိုးမယ်ဆိုတဲ့ အကြောင်းကို  ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 

 

ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အေစီမီလန်နဲ့  ရင်ဆိုင်ရမယ့် လီဗာပူးခရီးစဉ်မတိုင်ခင် ဆာလာရဲ့

စာချုပ်အခြေအနေကို မေးမြန်းရာ ကလော့ပ်က ကလပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ကိုးကားပြီး

“ကျွန်တော်တို့ စကားပြောနေပါတယ်။ ဆာလာ လို ကစားသမားတစ်ယောက်နဲ့ စာချုပ်သက်တမ်းတိုးတာဟာ

ခင်ဗျားတို့လုပ်သလို နေ့ခင်းဘက် လက်ဖက်ရည်တစ်ခွက်သောက်ပြီး သဘောတူညီချက်တစ်ခုရှာဖို့ လုပ်တဲ့အရာမဟုတ်ပါဘူး။”

 

 

“ဒါက လုံးဝပုံမှန်ပါပဲ။ [အဲဒါ] နဲ့ ပတ်သက်ပြီး တခြားပြောပြစရာမရှိပါဘူး။ တချို့အရာတွေပဲ ပြောပြနိုင်ပါတယ်။

ကျန်တာအားလုံးက အများသူငှာရှေ့ ချပြဖို့ မဟုတ်သေးပါဘူး။”

 

 

“ဆာလာ နေကောင်းပါတယ်၊ ကျွန်တော်လည်းပုံမှန်ပါပဲ။ ကျွန်တော်တို့အားလုံး လိုချင်တဲ့အရာက ရှင်းရှင်းလင်းလင်းရှိပြီး

ဒီလိုအရာမျိုးက အချိန်လိုတယ် ထင်ပါတယ်။”

 

 

မကြာသေးခင်က တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဆာလာက ဘာစီလိုနာက သူ့ကို ခေါ်ယူလိုကြောင်း ကြားသိရတဲ့အတွက်

ပျော်ရွှင်မိ‌ပေမယ့် လီဗာပူးလ်မှာ ဆက်နေလိုကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

 

 

“ကျွန်တော့်ကို လက်မှတ်ထိုးဖို့ ဇာဗီ ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး ပြောထားတာကို ဖတ်ခဲ့ရပါတယ်” လို့

ဆာလာက အီဂျစ်ရုပ်သံလွှင့်ဌာန MBC ကို ပြောကြားခဲ့ပါတယ်။

 

 

“ဘာစီလိုနာလိုအသင်းမျိုးက ကျွန်တော့်ကို စိတ်ဝင်စားတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။

ဒါပေမယ့် လီဗာပူးမှာ ကျွန်တော်ပျော်နေပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို မြင်တွေ့ရမှာပါ။

 

 

“လက်ရှိအချိန်မှာတော့ ဒါဟာ ကမ္ဘာ့အသန်မာဆုံးလိဂ်ဖြစ်လို့ ပရီးမီးယားလိဂ်မှာပဲ ဆက်နေချင်ပါတယ်။”

 

 

ဆာလာက အင်္ဂလန်မှာ ဆက်နေဖို့ ဆန္ဒရှိနေပေမယ့် ကလပ်နဲ့ သူ့ရဲ့ အေးဂျင့်တို့ သဘောတူညီမှုရရှိဖို့

စောင့်ဆိုင်းနေရတာကြောင့် ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ထိန်းချုပ်မှု မရှိတော့ကြောင်း ဝန်ခံခဲ့ပါတယ်။

 

 

“ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ၊ ဆုံးဖြတ်ချက်က ကျွန်တော့်အပေါ် မူတည်ရင် ကျွန်တော်

လီဗာပူးမှာပဲ ဆက်နေချင်ပါတယ်” လို့ ဆာလာက ပြောကြားခဲ့ပါတယ်။

 

 

“ဒါပေမယ့် ဆုံးဖြတ်ချက်က စီမံခန့်ခွဲသူရဲ့ လက်ထဲမှာရှိပြီး ဒီကိစ္စကို သူတို့ ဖြေရှင်းရပါလိမ့်မယ်။

“ပြဿနာမရှိပါဘူး။ ဒါပေမယ့် စာချုပ်အတွက် ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရမှာပါ။

သူတို့အပေါ်မှာပဲ မူတည်ပါတယ်။”

 

 

“ အသင်းနဲ့ နည်းပြ ရဲ့ ရည်မှန်းချက်တွေ၊ အသင်းနဲ့ သူတို့လိုချင်တဲ့ ကစားသမားတွေနဲ့

သူတို့လုပ်ချင်တာတွေ ရှိပါတယ်။

ဒါတွေအားလုံးဟာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အရေးကြီးတဲ့အချက်တွေပါ။” လို့ပြောကြားသွားခဲ့ပါတယ်။

 

 

Leave A Comment